အစ်မတော်ရဲ့ မွေးနေ့အထိမ်းအမှတ်အလှူကုသိုလ်ပွဲသို့ ကြွရောက်ခဲ့တဲ့ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

ရဟန်းရှင်လူ ပြည်သူအကုန်လုံးက လေးစားကြည်ညိုရတဲ့ နိုင်ငံတော် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသရဲ့ အစ်မအရင်းဖြစ်တဲ့ သီလရှင်ဆရာကြီး ဒေါ်ကဉ္စနာဟာဆိုရင်

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

သက်တော်အားဖြင့် (၉၅)နှစ်ရှိနေပြီဖြစ်ပါတယ်။ သံဃာတော်တွေအားလုံးကို လိုလေသေးမရှိအောင် ဂရုစိုက်တတ်တဲ့ ဒေါ်ကဉ္စနာကို သံဃာတော်တွေအားလုံးက

လေးစားကြည်ညိုကြပြီး အရီးလို့ ခေါ်ဆိုကြပါတယ်။ အရီးလို့ ခေါ်ဆိုခံရတဲ့ ဆရာကြီး အဖွား ဒေါ်ကဉ္စနာဟာ ဇူလိုင်(၁၇)ရက်နေ့ကတင်ပဲ သက်တော် (၉၅)နှစ်ပြည့်သွားခဲ့တာဖြစ်ပါတယ်။

ဇူလိုင် (၁၇)ရက်နေ့ တနင်္ဂနွေနေ့တွင် ကျရောက်ခဲ့တဲ့ အစ်မတော်ဖြစ်သူ ကဉ္စာနာရာမချောင်ဆရာကြီး (အရီး) အဖွားဒေါ် ကဉ္စာနာရဲ့ သက်တော်(၉၅)နှစ်ပြည့်

မွေးနေ့အထိမ်းအမှတ် ကုသိုလ်ပွဲသို့ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒာမာလာဘိဝံသ ကြွရောက်ခဲ့ပါတယ်။ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒာမာလာဘိဝံသနဲ့

ကဉ္စာနာရာမချောင်သီလရှင်ဆရာကြီး ဒေါ်ကဉ္စနာတို့ရဲ့ ကြည်ညိုဖွယ်ပုံရိပ်တွေကို မိတ်ဆွေတို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ျဖင့္ ဖတ္ရန္

ရဟန္းရွင္လူ ျပည္သူအကုန္လုံးက ေလးစားၾကည္ညိဳရတဲ့ နိုင္ငံေတာ္ ပါေမာကၡခ်ဳပ္ဆရာေတာ္​ ေဒါက္တာ အရွင္နႏၵမာလာဘိဝံသရဲ႕ အစ္မအရင္းျဖစ္တဲ့ သီလရွင္ဆရာႀကီး ​ေဒၚကၪၥနာဟာဆိုရင္

သက္ေတာ္အားျဖင့္ (၉၅)ႏွစ္ရွိေနၿပီျဖစ္ပါတယ္။ သံဃာေတာ္ေတြအားလုံးကို လိုေလေသးမရွိေအာင္ ဂ႐ုစိုက္တတ္တဲ့ ​ေဒၚကၪၥနာကို သံဃာေတာ္ေတြအားလုံးက

​ေလးစားၾကည္ညိုၾကၿပီး အရီးလို႔ ေခၚဆိုၾကပါတယ္။ အရီးလို႔ ေခၚဆိုခံရတဲ့ ဆရာႀကီး အဖြား ေဒၚကၪၥနာဟာ ဇူလိုင္(၁၇)ရက္ေန႕ကတင္ပဲ သက္ေတာ္ (၉၅)ႏွစ္ျပည့္သြားခဲ့တာျဖစ္ပါတယ္။

ဇူလိုင္ (၁၇)ရက္ေန႔ တနဂၤေႏြေန႔တြင္ က်ေရာက္ခဲ့တဲ့ အစ္မေတာ္ျဖစ္သူ ကၪၥာနာရာမေခ်ာင္ဆရာႀကီး (အရီး) အဖြားေဒၚ ကၪၥာနာရဲ႕ သက္ေတာ္(၉၅)ႏွစ္ျပည့္

​ေမြးေန႔အထိမ္းအမွတ္ ကုသိုလ္ပြဲသို႔ ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး ​​ေဒါက္တာနႏၵာမာလာဘိဝံသ ႂကြေရာက္ခဲ့ပါတယ္။ ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး ​​ေဒါက္တာနႏၵာမာလာဘိဝံသနဲ႔

ကၪၥာနာရာမေခ်ာင္သီလရွင္ဆရာႀကီး ေဒၚကၪၥနာတို႔ရဲ႕ ၾကည္ညိဳဖြယ္ပံုရိပ္​ေတြကို မိတ္​ေဆြတို႔အတြက္ ျပန္လည္မ်ွ​ေဝ​ေပးလိုက္ပါတယ္။ ​​ေလးစားစြာျဖင့္ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*