
မနက်ဖန် အာဇာနည်နေ့မှာ ရန်ကုန်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို သက်ကြီးရွယ်အိုတွေ လာခွင့်မပြုဘူးလို့ စကစက ထုတ်ပြန်လိုက်ပါတယ်။ လာရောက်သူများအားလုံး နှာခေါင်းစည်း (Mask)များ
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
မပျက်မကွက် တပ်ဆင်ရမယ်လို့ဆိုပြီး ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊
ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/ သံပိုက်များယူဆောင်၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အတွင်းသို့ ဝင်ရောက်ခွင့်မပြုဘူးလို့
ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြတိုက်ကို လာရောက်သူများ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းနှင့် ဗိုလ်ချိုလမ်းဆုံတွင် ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့်
အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန်(နိုင်ငံသား စိစစ်ရေးကတ် (သို့မဟုတ်)ဝန်ထမ်း ကတ်
(သို့မဟုတ်) ကျောင်းသားကတ်(သို့မဟုတ်) ကိုယ်ရေးအချက်အလက်စိစစ်နိုင်သည့် အသိအမှတ်ပြုကတ်ပြား ယူဆောင်လာပါရမယ်လို့လည်း ဆိုပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ျဖင့္ ဖတ္ရန္
မနက္ဖန္ အာဇာနည္ေန႔မွာ ရန္ကုန္ရွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္ကို သက္ႀကီးရြယ္အိုေတြ လာခြင့္မျပဳဘူးလို့ စကစက ထုတ္ျပန္လိုက္ပါတယ္။ လာေရာက္သူမ်ားအားလုံး ႏွာေခါင္းစည္း (Mask)မ်ား
မပ်က္မကြက္ တပ္ဆင္ရမယ္လို့ဆိုၿပီး ေဘာလ္ပင္အမ်ိဳးမ်ိဳး၊ လက္ကိုင္ဖုန္းအမ်ိဳးမ်ိဳး၊ အလံအမ်ိဳးမ်ိဳး၊ လက္ကိုင္အိတ္အမ်ိဳးမ်ိဳး၊ ကင္မရာအမ်ိဳးမ်ိဳး၊ မီးျခစ္အမ်ိဳးမ်ိဳး၊ ပန္းေခြ/ပန္းစည္း/ ပန္းျခင္းအမ်ိဳးမ်ိဳး၊
ဗီနိုင္းစအမ်ိဳးမ်ိဳး၊ ပုလင္း/ဘူးအမ်ိဳးမ်ိဳး၊ အလံကိုင္ေဆာင္ရာတြင္ အသုံးျပဳသည့္ တုတ္ႏွင့္ေကာ္ပိုက္/ သံပိုက္မ်ားယူေဆာင္၍ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္အတြင္းသို့ ဝင္ေရာက္ခြင့္မျပဳဘူးလို့
ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ျပတိုက္ကို လာေရာက္သူမ်ား ဗဟန္းၿမိဳ့နယ္၊ နတ္ေမာက္လမ္းႏွင့္ ဗိုလ္ခ်ိဳလမ္းဆုံတြင္ ကိုယ္အပူခ်ိန္တိုင္းတာျခင္းအပါအဝင္ က်န္းမာေရးဆိုင္ရာ စစ္ေဆးမွုမ်ားႏွင့္
အမည္၊ နိုင္ငံသားစိစစ္ေရးကတ္ျပားအမွတ္၊ ေနရပ္လိပ္စာ၊ တယ္လီဖုန္းနံပါတ္စသည္တို့ကို ျပည့္စုံမွန္ကန္စြာ စာရင္းေပးသြင္းရန္(နိုင္ငံသား စိစစ္ေရးကတ္ (သို့မဟုတ္)ဝန္ထမ္း ကတ္
(သို့မဟုတ္) ေက်ာင္းသားကတ္(သို့မဟုတ္) ကိုယ္ေရးအခ်က္အလက္စိစစ္နိုင္သည့္ အသိအမွတ္ျပဳကတ္ျပား ယူေဆာင္လာပါရမယ္လို့လည္း ဆိုပါတယ္။ ေလးစားစြာျဖင့္ ခရက္ဒစ္
Leave a Reply