
AI နည်းပညာစနစ်ထည့်သွင်းထားတဲ့ စက်ရုပ်မော်ဒယ်မလေး ရိုဇီဟာ အခုဆိုရင် ကြော်ငြာစီးပွားရေးနယ်ပယ်ဘက်ကိုခြေဆန့်နေပြီဖြစ်ပါတယ်။ Rozyဟာ အမြဲတမ်းနုပျိုတဲ့အသက်(၂၂)အရွယ်က ဘယ်တော့မှ မတက်တော့တဲ့ စက်ရုပ်မလေးဖြစ်ပြီး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
လူသားတစ်ယောက်ပုံစံနီးနီး ဖန်တီးထားတာပါ။သူမဟာ အခုဆိုရင် ဖက်ရှင်မော်ဒယ်အပိုင်းနဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာအပိုင်းကို စတင်လှုပ်ရှားနေပါပြီ။ သူမဟာ ကိုရီးယားဆိုရှယ်မီဒီယာထက်မှာ စိတ်ဝင်စားမှု ခံနေရပြီဖြစ်ပါတယ်။
သူမကို ဖန်တီးခဲ့တဲ့ ကုမ္ပဏီကတော့ Sidus Studio X ဖြစ်ပါတယ်။ (၂၀၂၀)ခုနှစ် ဒီဇင်ဘာမှာ သူမကို စက်ရုပ်လူသားအဖြစ် စတင်ဖန်တီးခဲ့တာပါ။Studio X ရဲ့ CEO ဖြစ်တဲ့ Baek Seung Yeop က ” အခုဆို တစ်ပတ်ကို နှစ်ခါလောက် ကြော်ငြာတွေ ရိုက်နေရပါပြီ
အခုဆိုရင် လုပ်ငန်းဆိုင်ရာ စာချုပ် (၈)ခုကို ချုပ်ဆိုထားနိုင်ပြီးပါပြီ နောက်ပြီး စပွန်ဆာက (၁၀၀)ကျော် ရရှိထားပါတယ် အခုထက်ထိတော့ အကောင်အထည် မပေါ်တာတွေ ရှိနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အခုဆို ရည်မှန်းထားတဲ့အတိုင်း
အကျိုးအမြတ် စပြနေပါပြီ”လို့ ပြောပါတယ်။ သူက ဆက်လက်ပြီး ” `ရိုဇီဟာ အခုနှစ်အပြီးမှာ ကိုရီးယားဝမ် တစ်ဘီလီယံအထိ ရှာဖွေနိုင်ဖို့ သေချာနေပါတယ် “လို့ ဖြည့်စွက်ပြောပါတယ်။အဲဒီပမာဏဟာ အမေရိကန်ဒေါ်လာ (၈၅၀၀၀၀)နဲ့ ညီမျှပါတယ်။
သိရသလောက်ကတော့ Rozy ကို မျက်နှာအမူယာပေါင်း (၈၀၀)အထိ ဖော်ပြနိုင်တဲ့ အရုပ်မလေးအဖြစ် အသက်သွင်းထားပါသတဲ့။ သူမရဲ့ အင်စတာဂရမ်ပေ့ စဖွင့်တဲ့အချိန်ကဆို ဘယ်သူကမှ သူမကို သက်မဲ့စက်ရုပ်ကလေးလို့ မတွေးကြဘဲ၊ ကုမ္ပဏီက
ဒါဟာ စက်ရုပ်မလေးဖြစ်ကြောင်း ကြေညာချိန်မှာတောင် လူတွေက သို့လောသို့လောနဲ့ သံသယပွားခဲ့ကြတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ လူသားသရုပ်ဆောင်တွေ၊ သတင်းကြေညာသူတွေအစား AI စက်ရုပ်တွေ အစားထိုးလာမှုဟာ တဖြည်းဖြည်း တွင်ကျယ်နေပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
AI နည္းပညာစနစ္ထည့္သြင္းထားတဲ့ စက္႐ုပ္ေမာ္ဒယ္မေလး ရိုဇီဟာ အခုဆိုရင္ ေၾကာ္ျငာစီးပြားေရးနယ္ပယ္ဘက္ကိုေျခဆန႔္ေနၿပီျဖစ္ပါတယ္။ Rozyဟာ အၿမဲတမ္းႏုပ်ိဳတဲ့အသက္(၂၂)အ႐ြယ္က ဘယ္ေတာ့မွ မတက္ေတာ့တဲ့ စက္႐ုပ္မေလးျဖစ္ၿပီး
လူသားတစ္ေယာက္ပုံစံနီးနီး ဖန္တီးထားတာပါ။သူမဟာ အခုဆိုရင္ ဖက္ရွင္ေမာ္ဒယ္အပိုင္းနဲ႕ စီးပြားေရးလုပ္ငန္းေၾကာ္ျငာအပိုင္းကို စတင္လႈပ္ရွားေနပါၿပီ။ သူမဟာ ကိုရီးယားဆိုရွယ္မီဒီယာထက္မွာ စိတ္ဝင္စားမႈ ခံေနရၿပီျဖစ္ပါတယ္။
သူမကို ဖန္တီးခဲ့တဲ့ ကုမၸဏီကေတာ့ Sidus Studio X ျဖစ္ပါတယ္။ (၂၀၂၀)ခုႏွစ္ ဒီဇင္ဘာမွာ သူမကို စက္႐ုပ္လူသားအျဖစ္ စတင္ဖန္တီးခဲ့တာပါ။Studio X ရဲ႕ CEO ျဖစ္တဲ့ Baek Seung Yeop က ” အခုဆို တစ္ပတ္ကို ႏွစ္ခါေလာက္ ေၾကာ္ျငာေတြ ရိုက္ေနရပါၿပီ
အခုဆိုရင္ လုပ္ငန္းဆိုင္ရာ စာခ်ဳပ္ (၈)ခုကို ခ်ဳပ္ဆိုထားနိုင္ၿပီးပါၿပီ ေနာက္ၿပီး စပြန္ဆာက (၁၀၀)ေက်ာ္ ရရွိထားပါတယ္ အခုထက္ထိေတာ့ အေကာင္အထည္ မေပၚတာေတြ ရွိေနပါေသးတယ္။ ဘာပဲျဖစ္ျဖစ္ အခုဆို ရည္မွန္းထားတဲ့အတိုင္း
အက်ိဳးအျမတ္ စျပေနပါၿပီ”လို႔ ေျပာပါတယ္။ သူက ဆက္လက္ၿပီး ” `ရိုဇီဟာ အခုႏွစ္အၿပီးမွာ ကိုရီးယားဝမ္ တစ္ဘီလီယံအထိ ရွာေဖြနိုင္ဖို႔ ေသခ်ာေနပါတယ္ “လို႔ ျဖည့္စြက္ေျပာပါတယ္။အဲဒီပမာဏဟာ အေမရိကန္ေဒၚလာ (၈၅၀၀၀၀)နဲ႕ ညီမွ်ပါတယ္။
သိရသေလာက္ကေတာ့ Rozy ကို မ်က္ႏွာအမူယာေပါင္း (၈၀၀)အထိ ေဖာ္ျပနိုင္တဲ့ အ႐ုပ္မေလးအျဖစ္ အသက္သြင္းထားပါသတဲ့။ သူမရဲ႕ အင္စတာဂရမ္ေပ့ စဖြင့္တဲ့အခ်ိန္ကဆို ဘယ္သူကမွ သူမကို သက္မဲ့စက္႐ုပ္ကေလးလို႔ မေတြးၾကဘဲ၊ ကုမၸဏီက
ဒါဟာ စက္႐ုပ္မေလးျဖစ္ေၾကာင္း ေၾကညာခ်ိန္မွာေတာင္ လူေတြက သို႔ေလာသို႔ေလာနဲ႕ သံသယပြားခဲ့ၾကတယ္လို႔ ဆိုပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ လူသားသ႐ုပ္ေဆာင္ေတြ၊ သတင္းေၾကညာသူေတြအစား AI စက္႐ုပ္ေတြ အစားထိုးလာမႈဟာ တျဖည္းျဖည္း တြင္က်ယ္ေနပါတယ္။ ခရက္ဒစ္
Leave a Reply