
သြချလောက်စရာ ကြင်စိုးတို့ လုပ်ပုံများအကယ်၍ သင်က ပဲရောင်းချင်တယ်ဆိုပါတော့။ ဟိုဘက်က ဝယ်လက် ကုပ္ပဏီကို offer တင်။ တဘက်က စျေးနှုန်းကြိုက်ရင် ပဲဘယ်နှစ်တန်ယူမယ်။ တစ်တန်စျေး ဘယ်လောက်ထားဆို စျေးဆစ်မယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပြီးရင် အရောင်းအဝယ် စာချုပ်ပါ အချက်အလက်တွေ (Contract T&C) တွေ ဆွေးနွေးကြမှာပေါ့။အဲ့ဒီမှာ Payment Term လဲရောက်လာရော ဒီဘက်က ရောင်းမယ့်သူက ပို့ဖို့ ပဲကဖြင့် ဘယ်နေမှန်း မသိသေးဘူး။ ကြင်စိုးတို့က Advance Payment 100% တောင်းခိုင်းလေရော။
အဲ့ဒီငွေဝင်လာမှ ကုန်ပစ္စည်းပို့ဖို့ လိုင်စင်ချပေးမတဲ့။ ကြည့်ဦးလုပ်ပုံက။ တဘက်က ဝယ်သူဘက်က စဉ်းစားကြည့်ဦး။ ကိုယ်ဝယ်မဲ့ ပဲက ဖြူသလား ညိုသလား ကောင်းသလား ပျက်သလား မသိသေးခင် ပဲဖိုးငွေ ၁၀၀ ရာခိုင်နှုန်းကို TT နဲ့ အရင်လွှဲခိုင်းသတဲ့။
ယုတ္တိဗေဒ အရပဲ စဉ်းစားကြည့်။ နိုင်ငံတကာနဲ့ချီပြီး စီးပွားရေးလုပ်နေတဲ့သူတွေက ကိုယ့်ရဲ့ Risk ကို အဆုံးအရှုံးခံပြီး ကြင်စိုးကို Advance TT လွှဲပေးမတဲ့လား။ ဒီဗဟိုဘဏ်က လူတွေရော ကြင်စိုးတို့တသိုက်ဟာ International Trade ကို
နကန်းတစ်လုံးမှ မသိ နားမလည် အတွေ့အကြုံမရှိပါပဲနဲ့ ပေါက်တတ်ကရ အမိန့်တွေကို တစ်ခုပြီး တစ်ခု ထုတ်နေလေရော့။ International Trade မှာ ရှိတဲ့ Transfer of Title and Risk ကိုရော နကန်းတစ်လုံးတောင် ကြားဖူးကြရဲ့လား မသိဘူး။
Buyer Market လား Seller Market လားလဲ နားမလည်။ International Market ဆိုတာလဲ နားမလည်။ ဒီမိုးဒီရေ ဒီကြင်စိုးတို့အဖွဲ့ကို ရှိတာအကုန် မနေတဲ့ သူရူး တသိုက်နဲ့တော့။ နောက်တခုကဘောလုံးပွဲ အုပ်စုပွဲစဉ်တွေမှာ ရှုံးလဲထွက် နိုင်လဲထွက်ရမယ့်အသင်းက
ရှုံးရင်ထွက်ရမယ် နိုင်ရင် တစ်ဆင့်တက်ရမယ့်အသင်းကို အနိုင်ကန်ပြီး နှစ်သင်းစလုံး ပြိုင်ပွဲက ထွက်သွားကြတာမျိုး ကြည့်ဖူးကြမှာပါ။ အဲ့တာမျိုးကို ဖျာနှစ်ချပ် ပူးလိပ်သွားပြီလို့ တင်စားကြတာပေါ့။ အခု လုပ်ငန်းရှင်တွေကို ပြည်ပအကြွေးတွေ မဆပ်ကြဖို့
ညွှန်ကြားချက်ထုတ်တာ အဲ့တာနဲ့သွားတူတယ်။ကျနော်တို့ပြည်တွင်းက လုပ်ငန်းရှင်ဆိုတာက လုပ်အားတွေကိုသာ ပြည်တွင်းက ယူတာပါ။ ကုန်ကြမ်း ကုန်ချော အားလုံး ပြည်ပကချည်းသွင်းရတာ။ ဥပမာ ကော်ဖီမစ်ထုတ်တယ်ဆိုပါစို့။ ကော်ဖီ၊ အနံ့၊ နို့မှုန့်၊ သကြား၊
အခြားဓာတုပစ္စည်း အကုန်လုံး ပြည်ပက သွင်းရပါတယ်။ ယုစွအဆုံး ပါကင်ပိတ်ရတဲ့ တံဆိပ်ရိုက်ပြီး ပလပ်စတစ်ကစလို့ အကုန် import ချည်းပါ။ အဲ့သည်တော့ ပြည်ပကုမ္ပဏီတွေကို ပေးစရာ ရှိတာမှ အချို့ အကုန်ရောင်းဆပ်တောင် မကျေဘူး။
ပြည်တွင်းမှာ လုပ်သားတွေ အလုပ်ရှိပါစေဆိုတဲ့ စေတနာနဲ့လုပ်နေတာ။ အဲ့တာ ရှေ့အကြွေးဆပ်လိုက် နောက်ထပ်ပစ္စည်းထပ်မှာလိုက် အကြွေးထပ်တင်လိုက်နဲ့ လုံးလည်ချာလပတ်လိုက်နေတာကို အကြွေးတွေ မဆပ်စေနဲ့ ဆိုတော့ကား လုပ်ငန်းရှင်အားလုံး နားကားပြီပေါ့။ အကြွေးမဆပ်ရင် ဟိုက
ဘယ်ပစ္စည်းထပ်ပို့တော့မလဲ။ ကုန်ကြမ်းပစ္စည်းမရရင် လုပ်ငန်းတွေ ရပ်ပြီလေ။ အဲ့တာ ကျိန်းသေ ထွက်ရတော့မယ့်အသင်းက ကျန်တဲ့သူတွေပါ ငါနဲ့တစ်ခါထဲ လိုက်ခဲ့ဟေ့ဆိုပြီး အပါခေါ်တာပဲ။ ဖျာနှစ်ချပ် ပူးလိပ်ဖို့လုပ်ပြီပေါ့ဗျာ။ အနိုင်ကန်ကြမလား။ ဖျာလိပ်ကြမလား စဉ်းစားပေါ့ (NLO) ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ၾသခ်ေလာက္စရာ ၾကင္စိုးတို႔ လုပ္ပုံမ်ားအကယ္၍ သင္က ပဲေရာင္းခ်င္တယ္ဆိုပါေတာ့။ ဟိုဘက္က ဝယ္လက္ ကုပၸဏီကို offer တင္။ တဘက္က ေစ်းႏႈန္းႀကိဳက္ရင္ ပဲဘယ္ႏွစ္တန္ယူမယ္။ တစ္တန္ေစ်း ဘယ္ေလာက္ထားဆို ေစ်းဆစ္မယ္။
ၿပီးရင္ အေရာင္းအဝယ္ စာခ်ဳပ္ပါ အခ်က္အလက္ေတြ (Contract T&C) ေတြ ေဆြးေႏြးၾကမွာေပါ့။အဲ့ဒီမွာ Payment Term လဲေရာက္လာေရာ ဒီဘက္က ေရာင္းမယ့္သူက ပို႔ဖို႔ ပဲကျဖင့္ ဘယ္ေနမွန္း မသိေသးဘူး။ ၾကင္စိုးတို႔က Advance Payment 100% ေတာင္းခိုင္းေလေရာ။
အဲ့ဒီေငြဝင္လာမွ ကုန္ပစၥည္းပို႔ဖို႔ လိုင္စင္ခ်ေပးမတဲ့။ ၾကည့္ဦးလုပ္ပုံက။ တဘက္က ဝယ္သူဘက္က စဥ္းစားၾကည့္ဦး။ ကိုယ္ဝယ္မဲ့ ပဲက ျဖဴသလား ညိုသလား ေကာင္းသလား ပ်က္သလား မသိေသးခင္ ပဲဖိုးေငြ ၁၀၀ ရာခိုင္ႏႈန္းကို TT နဲ႕ အရင္လႊဲခိုင္းသတဲ့။
ယုတၱိေဗဒ အရပဲ စဥ္းစားၾကည့္။ နိုင္ငံတကာနဲ႕ခ်ီၿပီး စီးပြားေရးလုပ္ေနတဲ့သူေတြက ကိုယ့္ရဲ႕ Risk ကို အဆုံးအရႈံးခံၿပီး ၾကင္စိုးကို Advance TT လႊဲေပးမတဲ့လား။ ဒီဗဟိုဘဏ္က လူေတြေရာ ၾကင္စိုးတို႔တသိုက္ဟာ International Trade ကို
နကန္းတစ္လုံးမွ မသိ နားမလည္ အေတြ႕အႀကဳံမရွိပါပဲနဲ႕ ေပါက္တတ္ကရ အမိန႔္ေတြကို တစ္ခုၿပီး တစ္ခု ထုတ္ေနေလေရာ့။ International Trade မွာ ရွိတဲ့ Transfer of Title and Risk ကိုေရာ နကန္းတစ္လုံးေတာင္ ၾကားဖူးၾကရဲ႕လား မသိဘူး။
Buyer Market လား Seller Market လားလဲ နားမလည္။ International Market ဆိုတာလဲ နားမလည္။ ဒီမိုးဒီေရ ဒီၾကင္စိုးတို႔အဖြဲ႕ကို ရွိတာအကုန္ မေနတဲ့ သူ႐ူး တသိုက္နဲ႕ေတာ့။ ေနာက္တခုကေဘာလုံးပြဲ အုပ္စုပြဲစဥ္ေတြမွာ ရႈံးလဲထြက္ နိုင္လဲထြက္ရမယ့္အသင္းက
ရႈံးရင္ထြက္ရမယ္ နိုင္ရင္ တစ္ဆင့္တက္ရမယ့္အသင္းကို အနိုင္ကန္ၿပီး ႏွစ္သင္းစလုံး ၿပိဳင္ပြဲက ထြက္သြားၾကတာမ်ိဳး ၾကည့္ဖူးၾကမွာပါ။ အဲ့တာမ်ိဳးကို ဖ်ာႏွစ္ခ်ပ္ ပူးလိပ္သြားၿပီလို႔ တင္စားၾကတာေပါ့။ အခု လုပ္ငန္းရွင္ေတြကို ျပည္ပအေႂကြးေတြ မဆပ္ၾကဖို႔
ၫႊန္ၾကားခ်က္ထုတ္တာ အဲ့တာနဲ႕သြားတူတယ္။က်ေနာ္တို႔ျပည္တြင္းက လုပ္ငန္းရွင္ဆိုတာက လုပ္အားေတြကိုသာ ျပည္တြင္းက ယူတာပါ။ ကုန္ၾကမ္း ကုန္ေခ်ာ အားလုံး ျပည္ပကခ်ည္းသြင္းရတာ။ ဥပမာ ေကာ္ဖီမစ္ထုတ္တယ္ဆိုပါစို႔။ ေကာ္ဖီ၊ အနံ႕၊ နို႔မႈန့္၊ သၾကား၊
အျခားဓာတုပစၥည္း အကုန္လုံး ျပည္ပက သြင္းရပါတယ္။ ယုစြအဆုံး ပါကင္ပိတ္ရတဲ့ တံဆိပ္ရိုက္ၿပီး ပလပ္စတစ္ကစလို႔ အကုန္ import ခ်ည္းပါ။ အဲ့သည္ေတာ့ ျပည္ပကုမၸဏီေတြကို ေပးစရာ ရွိတာမွ အခ်ိဳ႕ အကုန္ေရာင္းဆပ္ေတာင္ မေက်ဘဴး။
ျပည္တြင္းမွာ လုပ္သားေတြ အလုပ္ရွိပါေစဆိုတဲ့ ေစတနာနဲ႕လုပ္ေနတာ။ အဲ့တာ ေရွ႕အေႂကြးဆပ္လိုက္ ေနာက္ထပ္ပစၥည္းထပ္မွာလိုက္ အေႂကြးထပ္တင္လိုက္နဲ႕ လုံးလည္ခ်ာလပတ္လိုက္ေနတာကို အေႂကြးေတြ မဆပ္ေစနဲ႕ ဆိုေတာ့ကား လုပ္ငန္းရွင္အားလုံး နားကားၿပီေပါ့။ အေႂကြးမဆပ္ရင္ ဟိုက
ဘယ္ပစၥည္းထပ္ပို႔ေတာ့မလဲ။ ကုန္ၾကမ္းပစၥည္းမရရင္ လုပ္ငန္းေတြ ရပ္ၿပီေလ။ အဲ့တာ က်ိန္းေသ ထြက္ရေတာ့မယ့္အသင္းက က်န္တဲ့သူေတြပါ ငါနဲ႕တစ္ခါထဲ လိုက္ခဲ့ေဟ့ဆိုၿပီး အပါေခၚတာပဲ။ ဖ်ာႏွစ္ခ်ပ္ ပူးလိပ္ဖို႔လုပ္ၿပီေပါ့ဗ်ာ။ အနိုင္ကန္ၾကမလား။ ဖ်ာလိပ္ၾကမလား စဥ္းစားေပါ့ (NLO) ခရက္ဒစ္
Leave a Reply