သူ့ရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ မေးခွန်းလေးတစ်ခုနဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ ကောင်းမြတ်စံ
မိတ်ဆွေတို့ရေ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ မင်းသားတစ်လက်ဖြစ်တဲ့ ကောင်းမြတ်စံကတော့ ပါးချိုင့်လေးတွေ အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်လွန်းသူပါ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ကိုရီးယားမင်းသားတစ်ယောက်လို အသားအရည်ဖြူဖြူဖွေးဖွေးနဲ့ ချောမောသန့်ရှင်းတဲ့ မင်းသားချော ကောင်းမြတ်စံကတော့ ရုပ်ရည်ပိုင်းမှာလဲ အပြစ်ပြောစရာမရှိသလို သရုပ်ဆောင်ပိုင်းမှာလည်း
ကောင်းမွန်တဲ့စွမ်းရည်ရှိတဲ့အတွက်ကြောင့် ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ထားရပြီး ပရိတ်သတ်အားပေးမှုကို အပြည့်အဝရရှိထားသူလည်းဖြစ်ပါတယ်နော်။ ဒီကနေ့မှာဆိုရင်တော့
ကောင်းမြတ်စံက ချစ်တဲ့ပရိတ်သတ်တွေကို တစ်ခါမှမပြောဖူးတဲ့ သူ့ရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ အကြံဉာဏ်တောင်းလာခဲ့ပါတယ်။ ဒါကတော့ ကောင်းမြတ်စံက “ကျွန်တော် မိန်းမယူရမယ့် အရွယ်ရောက်ပြီလား” ဆိုပြီး
သူ့ရဲ့ ပရိသတ်တွေကို မေးခွန်းလေးထုတ်ခဲ့တာပဲဖြစ်ပါတယ်။ ချစ်သူရည်စားရှိနေပြီလို့ အသံမကြားရသေးတဲ့ကောင်းမြတ်စံက ခုလိုမေးခွန်းမျိုးမေးလာတဲ့အတွက် ပရိတ်သတ်တွေအံ့သြနေခဲ့ရတာလည်းဖြစ်ပါတယ်နော်။
အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အကြံဉာဏ်တောင်းလာတဲ့ ကောင်းမြတ်စံရဲ့ဘယ်တော့ကျင်းပမယ်မှန်းမသိရသေးတဲ့ မင်္ဂလာသတင်းလေးကို စောင့်မျှော်ပေးကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*