
မိတ်ဆွေတို့ရေ နိုင်ငံကျော်မိတ်ကပ်ပညာရှင် ညီညီမောင် (စမ်းချောင်း)ဟာ မိတ်ကပ်လောကမှာ ပြိုငစံရှား နာမည်ကြီးသူတစ်ဦးဖြစ်ပါတယ်။ နိုင်ငံကျော် မင်းသားမင်းသမီးတွေရဲ့ ပင်တိုင် မိတ်ကပ်ဆရာတစ်ဦးဖြစ်တဲ့
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
ညီညီမောင်(စမ်းချောင်း)ရဲ့ လက်ရာတွေက လှပလွန်းတဲ့အပြင် စေတနာပါပါနဲ့ ပြင်ဆင်ခြယ်သပေးမှုတွေကြောင့် အမျိုးသမီးထုကြားမှာ နာမည်အလွန်ကြီးပြီး ကျော်ကြားပါတယ်။ ဒါ့အပြင် ညီညီမောင် (စမ်းချောင်း)က
အနုပညာလောကမှာပါ အောင်မြင်နေတဲ့ မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေလည်းရိုက်ကူးဖြစ်ခဲ့ပါသေးတယ်။ အမြဲပျော်ပျော်နေတတ်တဲ့ ညီညီမောင်ကိုတော့ ပရိသတ်တွေက
ချစ်စနိုးနဲ့ သုသုလို့လည်းခေါ်ကြပါသေးတယ်နော်။ သုသုကတော့ သူရဲ့ဘဝအစကနေတိုးတက်လာတဲ့ သူ့ရဲ့ဘဝအခြေအနေအားလုံးကို ပရိသတ်တွေကိုပွင့်ပွင့်လင်းလင်းချပြပြောပြလေ့ရှိသူတစ်ယောက်ပါ။
အလှူအတန်းတွေမှာလည်း လက်မရွံ့ပဲ ရှေ့ဆုံးကနေ အားတက်သရော အမြဲလှူဒါန်းလေ့ရှိပါတယ်။ အခုလည်း မိတ်ကပ်သင်တန်းကရရှိတဲ့ သင်တန်းကြေးတွေကို ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာအား လှူဒါန်းဖြစ်ခဲ့ကြောင်း
”ပညာလည်းရ ကုသိုလ်ရ မိတ်ကပ်ဆံပင်သင်တန်း အောင်မြင်စွာ ဖွင့်နိုင်ခဲ့ပါပြီ သင်တန်းသား/သူများအလှူငွေ စုစုပေါင်း တစ်ဆယ်တစ်သိန်းလေးသောင်းတိတိ ခိုင်နှင်းဝေ ကလေးများဂေဟာ သိုလှူဒါန်းနိုင်ခဲ့ပါပြီ
သုမှာ မိဘတွေဆုံ းသွားတော့ သုလည်းမိဘမဲ့ပါပဲ ဘဝတူခြင်း ကိုတက်ကျွမ်းတဲ့ပညာနဲ့ ကူညီချင်တဲ့ဆန္ဒလေး ပြည့်သွားခဲ့ပါပြီ သင်တန်းထိ အလှူငွေ လက်ခံပေးပါသော ချစ်သမီး ခိုင်နှင်းဝေလည်း ကျေးဇူးအထူးပါ
(သင်တန်းသား/သူ ရှေ့မှာလှူချင်လို့ပါ) ဒီနေ့ပြုသော ကုသိုလ်အစုစု ကို မြင်သမျှကြားသမျှ ကုသိုလ် ထပ်တူ ရကျပါစေ”ဆိုပြီး ရေးသားဖော်ပြထားရာ သာဓုခေါ်ဆိုရင်း ပြန်လည် ဝေမျှပေးလိုက်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ျဖင့္ ဖတ္ရန္
မိတ္ေဆြတို႔ေရ ႏိုင္ငံေက်ာ္မိတ္ကပ္ပညာ႐ွင္ ညီညီေမာင္ (စမ္းေခ်ာင္း)ဟာ မိတ္ကပ္ေလာကမွာ ၿပိဳငစံရွား နာမည္ႀကီးသူတစ္ဦးျဖစ္ပါတယ္။ ႏိုင္ငံေက်ာ္ မင္းသားမင္းသမီးေတြရဲ႕ ပင္တိုင္ မိတ္ကပ္ဆရာတစ္ဦးျဖစ္တဲ့
ညီညီေမာင္(စမ္းေခ်ာင္း)ရဲ႕ လက္ရာေတြက လွပလြန္းတဲ့အျပင္ ေစတနာပါပါနဲ႔ ျပင္ဆင္ျခယ္သေပးမႈေတြေၾကာင့္ အမ်ိဳးသမီးထုၾကားမွာ နာမည္အလြန္ႀကီးၿပီး ေက်ာ္ၾကားပါတယ္။ ဒါ့အျပင္ ညီညီေမာင္ (စမ္းေခ်ာင္း)က
အႏုပညာေလာကမွာပါ ေအာင္ျမင္ေနတဲ့ မိတ္ကပ္ဖန္တီးရွင္တစ္ေယာက္ျဖစ္ၿပီး ႐ုပ္ရွင္ဇာတ္ကားေတြလည္းရိုက္ကူးျဖစ္ခဲ့ပါေသးတယ္။ အၿမဲေပ်ာ္ေပ်ာ္ေနတတ္တဲ့ ညီညီေမာင္ကိုေတာ့ ပရိသတ္ေတြက
ခ်စ္စနိုးနဲ႔ သုသုလို႔လည္းေခၚၾကပါေသးတယ္ေနာ္။ သုသုကေတာ့ သူရဲ႕ဘဝအစကေနတိုးတက္လာတဲ့ သူ႕ရဲ႕ဘဝအေျခအေနအားလုံးကို ပရိသတ္ေတြကိုပြင့္ပြင့္လင္းလင္းခ်ျပေျပာျပေလ့ရွိသူတစ္ေယာက္ပါ။
အလႉအတန္းေတြမွာလည္း လက္မရြံ႔ပဲ ေရွ႕ဆုံးကေန အားတက္သေရာ အၿမဲလႉဒါန္းေလ့ရွိပါတယ္။ အခုလည္း မိတ္ကပ္သင္တန္းကရရွိတဲ့ သင္တန္းေၾကးေတြကို ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ားေဂဟာအား လႉဒါန္းျဖစ္ခဲ့ေၾကာင္း
”ပညာလည္းရ ကုသိုလ္ရ မိတ္ကပ္ဆံပင္သင္တန္း ေအာင္ျမင္စြာ ဖြင့္နိုင္ခဲ့ပါၿပီ သင္တန္းသား/သူမ်ားအလႉေငြ စုစုေပါင္း တစ္ဆယ္တစ္သိန္းေလးေသာင္းတိတိ ခိုင္ႏွင္းေဝ ကေလးမ်ားေဂဟာ သိုလႉဒါန္းနိုင္ခဲ့ပါၿပီ
သုမွာ မိဘေတြဆုံ းသြားေတာ့ သုလည္းမိဘမဲ့ပါပဲ ဘဝတူျခင္း ကိုတက္ကြၽမ္းတဲ့ပညာနဲ႔ ကူညီခ်င္တဲ့ဆႏၵေလး ျပည့္သြားခဲ့ပါၿပီ သင္တန္းထိ အလႉေငြ လက္ခံေပးပါေသာ ခ်စ္သမီး ခိုင္ႏွင္းေဝလည္း ေက်းဇူးအထူးပါ
(သင္တန္းသား/သူ ေရွ႕မွာလႉခ်င္လို႔ပါ) ဒီေန႕ျပဳေသာ ကုသိုလ္အစုစု ကို ျမင္သမွ်ၾကားသမွ် ကုသိုလ္ ထပ္တူ ရက်ပါေစ”ဆိုၿပီး ေရးသားေဖာ္ျပထားရာ သာဓုေခၚဆိုရင္း ျပန္လည္ ေဝမွ်ေပးလိုက္ပါတယ္။ ေလးစားစြာျဖင့္ ခရက္ဒစ္
Leave a Reply