
ဖခင်မရှိတော့တဲ့ နောက်ပိုင်း မိသားစုစားဝတ်နေရေး အတွက် ဆိုက်ကားနင်းပြီးတော့ မိခင်ကိုလုပ်ကျွေး ပြုစုပေးနေတဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်တဲ့လူငယ်ပေမယ့် လေးစားစရာကောင်းလွန်းလှတဲ့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အသေးလေး ခေါ် မောင်သူထူးဇံရဲ့ အကြောင်းကို ဖော်ပြပေးလိုက် ပါတယ်နော်။ မောင်သူထူးဇံက“ကိုဗစ်ကာလတုန်းက အိမ်မှာ စားဝတ်နေရေး အခက်အခဲ ဖြစ်လာလို့ ဆိုက်ကား စနင်းခဲ့တယ်။ အိမ်ကို တစ်နေ့ (၁)သောင်း ပုံမှန် ပြန်ထောက်ပံ့ နိုင်ပါတယ်။
ဆိုက်ကားနင်းနေတော့ တစ်ချို့သူငယ်ချင်းတွေက မပေါင်းချင်တော့ဘူး။ အမေ့ကို ဒီထက်ပိုကောင်းတဲ့ အိမ်လေးနဲ့ ထားချင်တယ်” လို့ ပြောဆို ထားပါတယ်။ အသက် ၁၄နှစ်သာ ရှိသေးတဲ့ မောင်သူထူးဇံတစ်ယောက်ဟာ ကျောင်းနေကလေးအရွယ်
ပညာတွေသင်နေရမယ့်အရွယ်ဆိုပေမယ့် စားဝတ်နေရေးအတွက် ဆိုက်ကားနင်းပြီး ကြိုးစားရုန်းကန်နေ ရတာဖြစ်ပါတယ်။ ယခင်က သူရဲ့ မိခင်က သူကိုယ်တိုင် ဆိုက်ကားနင်းခဲ့တာ ဖြစ်ပြီး ယခုအချိန်မှာတော့ စာအုပ်ချုပ်လုပ်ငန်းလုပ်ကိုင်နေပြီး
သားဖြစ်သူ မောင်သူထူးဇံကတော့ ဆိုက်ကား နင်းကာ သားအမိနှစ်ယောက် အတူတူ ကြိုးစားရုန်းကန်နေကြရ တာဖြစ်ပါတယ်။ အသက် ၁၄ နှစ်အရွယ် မောင်သူထူးဇံကတော့ ဘဝပေးအခြေအနေရ လောလောဆယ်မှာ ဆိုက်ကားနင်းနေရပေမယ့်
ဘဝကို စိတ်ပျက်အားငယ်မနေပဲ ရလာတဲ့ အခွင့်အရေးပေါ် မူတည်ပြီး သူ့ဘဝတက်လမ်းကို လျှောက်လမ်းသွားမယ်လို့ ဆိုပါတယ်။ သူဝါသနာပါတာ ကတော့ ဖုန်း service လုပ်ချင်တယ် လို့ပြောပါတယ်။ လမ်းကြုံလို့ သူနင်းတဲ့ဆိုက်ကားစီးချင်တာပဲ ဖြစ်စေ
အလုပ်အကိုင် သို့မဟုတ် အကူအညီ အထောက်အပံ့ တစ်ခုခုဖြစ်စေ ပေးချင်ရင်တော့ အာသောကစျေး၊ သူကြွယ်လမ်း၊ ဓမ္မာရုံရှေ့၊ တာမွေမြို့နယ်မှာ ဆယ်ကျောက်သက်အရွယ် သားလိမ္မာလေး မောင်သူထူးဇံ ရှိပါကြောင်း သတင်းပါးအပ်ပါသည်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ဖခင္မရွိေတာ့တဲ့ ေနာက္ပိုင္း မိသားစုစားဝတ္ေနေရး အတြက္ ဆိုက္ကားနင္းၿပီးေတာ့ မိခင္ကိုလုပ္ေကြၽး ျပဳစုေပးေနတဲ့ သားလိမၼာေလးတစ္ေယာက္ျဖစ္တဲ့လူငယ္ေပမယ့္ ေလးစားစရာေကာင္းလြန္းလွတဲ့
အေသးေလး ေခၚ ေမာင္သူထူးဇံရဲ႕ အေၾကာင္းကို ေဖာ္ျပေပးလိုက္ ပါတယ္ေနာ္။ ေမာင္သူထူးဇံက“ကိုဗစ္ကာလတုန္းက အိမ္မွာ စားဝတ္ေနေရး အခက္အခဲ ျဖစ္လာလို႔ ဆိုက္ကား စနင္းခဲ့တယ္။ အိမ္ကို တစ္ေန႕ (၁)ေသာင္း ပုံမွန္ ျပန္ေထာက္ပံ့ နိုင္ပါတယ္။
ဆိုက္ကားနင္းေနေတာ့ တစ္ခ်ိဳ႕သူငယ္ခ်င္းေတြက မေပါင္းခ်င္ေတာ့ဘူး။ အေမ့ကို ဒီထက္ပိုေကာင္းတဲ့ အိမ္ေလးနဲ႕ ထားခ်င္တယ္” လို႔ ေျပာဆို ထားပါတယ္။ အသက္ ၁၄ႏွစ္သာ ရွိေသးတဲ့ ေမာင္သူထူးဇံတစ္ေယာက္ဟာ ေက်ာင္းေနကေလးအ႐ြယ္
ပညာေတြသင္ေနရမယ့္အ႐ြယ္ဆိုေပမယ့္ စားဝတ္ေနေရးအတြက္ ဆိုက္ကားနင္းၿပီး ႀကိဳးစား႐ုန္းကန္ေန ရတာျဖစ္ပါတယ္။ ယခင္က သူရဲ႕ မိခင္က သူကိုယ္တိုင္ ဆိုက္ကားနင္းခဲ့တာ ျဖစ္ၿပီး ယခုအခ်ိန္မွာေတာ့ စာအုပ္ခ်ဳပ္လုပ္ငန္းလုပ္ကိုင္ေနၿပီး
သားျဖစ္သူ ေမာင္သူထူးဇံကေတာ့ ဆိုက္ကား နင္းကာ သားအမိႏွစ္ေယာက္ အတူတူ ႀကိဳးစား႐ုန္းကန္ေနၾကရ တာျဖစ္ပါတယ္။ အသက္ ၁၄ ႏွစ္အ႐ြယ္ ေမာင္သူထူးဇံကေတာ့ ဘဝေပးအေျခအေနရ ေလာေလာဆယ္မွာ ဆိုက္ကားနင္းေနရေပမယ့္
ဘဝကို စိတ္ပ်က္အားငယ္မေနပဲ ရလာတဲ့ အခြင့္အေရးေပၚ မူတည္ၿပီး သူ႕ဘဝတက္လမ္းကို ေလွ်ာက္လမ္းသြားမယ္လို႔ ဆိုပါတယ္။ သူဝါသနာပါတာ ကေတာ့ ဖုန္း service လုပ္ခ်င္တယ္ လို႔ေျပာပါတယ္။ လမ္းႀကဳံလို႔ သူနင္းတဲ့ဆိုက္ကားစီးခ်င္တာပဲ ျဖစ္ေစ
အလုပ္အကိုင္ သို႔မဟုတ္ အကူအညီ အေထာက္အပံ့ တစ္ခုခုျဖစ္ေစ ေပးခ်င္ရင္ေတာ့ အာေသာကေစ်း၊ သူႂကြယ္လမ္း၊ ဓမၼာ႐ုံေရွ႕၊ တာေမြၿမိဳ႕နယ္မွာ ဆယ္ေက်ာက္သက္အ႐ြယ္ သားလိမၼာေလး ေမာင္သူထူးဇံ ရွိပါေၾကာင္း သတင္းပါးအပ္ပါသည္။ ခရက္ဒစ္
Leave a Reply