
Kaung For you တွင် စာသင်ရန်နှင့် အလုပ်လျှောက်ထားခဲ့ကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ အနေဖြင့် ရှောင်တိမ်းကြရန် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးနှင့် တက်ကြွလှုပ်ရှားသူများက
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အရေးပေါ် သတိပေးချက်များ ထုတ်ပြန်လိုက်ပြီဖြစ်သည်။ လက်ရှိတွင် စစ်တပ်က Kaung For You တည်ထောင်သူနှင့် ဆရာ ၂ ဦးကို ဖမ်းဆီးပြီးနောက် အချက်အလက်များအားလုံး ၎င်းတို့၏ လက်ထဲရောက်ရှိသွားပြီဖြစ်ပြီး
တိုင်းစစ်ဌာနချုပ်အလိုက် ဖမ်းဆီးရမည့်စာရင်းများကို ပြုစုပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို ဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။ “Kaung For Youရဲ့Founderဖြစ်တဲ့ ဆရာကောင်းသိုက်စိုးအဖမ်းခံရကြောင်း
MRTVမှာကြေညာသွားပါတယ်။ အဲ့ဒီအတွက် ကျောင်းအပ်ထားတဲ့ကလေးမိဘတွေ၊ CDM တွေ၊ ကျောင်းသားတွေ အားလုံးဂရုစိုက်ပေးကြပါ။ ကျွန်တော်တို့အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)ကနေနှိုးဆော်ခဲ့တဲ့အတိုင်း
Telegram/Viber GroupများထဲကနေLeaveလုပ်ထားကြပြီး User name တွေ၊ Profile Photoတွေကိုပြောင်းပေးထားကြပါ။ မိဘတွေအနေနဲ့K4Uကိုပေးထားတဲ့ဖုန်းနံပါတ်တွေကိုခဏစွန့်ပစ်ပြီးတစ်ခြားဖုန်းနံပါတ်ကိုပြောင်းလဲအသုံးပြုပေးကြပါ။အတတ်နိုင်ဆုံး
ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုထိန်းသိမ်းထားပါ။ ဖြစ်နိုင်ရင်နေရာပြောင်းရွှေ့ပြီးနေပေးကြပါ။ Kaung For Youကဆက်သွယ်ခဲ့သောPhoneများကိုရော၊ အယောင်ဆောင်ဖုန်းများအားလုံးကိုBlack list(သို့မဟုတ်)Blockထားကြပါ။
Kaung For Youနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုအတတ်နိုင်ဆုံးဆက်လက်ပြီးစောင့်ကြည့်ပေးကြဖို့ကျွန်တော်တို့အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)အနေနဲ့နှိုးဆော်ပါတယ်”ဟု
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)က အရေးပေါ် ကြေညာချက်ထုတ်ပြန်သည်။ CDM ဗိုလ်ကြီး Captain Zero ကလည်း “K4Uမှာစာသင်တဲ့ဆရာ၊ ဆရာမတွေ ရှောင်ကြဖို့လိုပါပြီ။ အခုပဲ ဆရာမတစ်ယောက်အိမ်ကိုလာရှာတာ
ကံကောင်းလို့ အဲ့ဆရာမလွတ်သွားပါတယ်။ Dataအစုံအလင် စကစလက်ထဲရောက်သွားပြီမို့ မပေါ့ကြပါနဲ့တော့။ မိသွားရင် ခေါင်းစဉ်မျိုးစုံတပ်ပြီး အမှုကြီးနဲ့အဖွင့်ခံရမှာပါ။ ကျေးဇူးပြုပြီး K4Uနဲ့ပတ်သက်သူတွေ
ကျွန်တော့်ဒီpostမှာ ဝင်မမန့်ပါနဲ့နော်။ စာကိုမြင်တာနဲ့ တန်းရှောင်ပါ” ဟု သတိပေးချက်တစ်ရပ်ကို လူမှုကွန်ရက်တွင် ရေးသားထားသည်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Kaung For you တြင္ စာသင္ရန္ႏွင့္ အလုပ္ေလွ်ာက္ထားခဲ့ၾကသည့္ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ား အေနျဖင့္ ေရွာင္တိမ္းၾကရန္ အေျခခံပညာေက်ာင္းသားလူငယ္မ်ားအစည္းအ႐ုံးႏွင့္ တက္ႂကြလႈပ္ရွားသူမ်ားက
အေရးေပၚ သတိေပးခ်က္မ်ား ထုတ္ျပန္လိုက္ၿပီျဖစ္သည္။ လက္ရွိတြင္ စစ္တပ္က Kaung For You တည္ေထာင္သူႏွင့္ ဆရာ ၂ ဦးကို ဖမ္းဆီးၿပီးေနာက္ အခ်က္အလက္မ်ားအားလုံး ၎တို႔၏ လက္ထဲေရာက္ရွိသြားၿပီျဖစ္ၿပီး
တိုင္းစစ္ဌာနခ်ဳပ္အလိုက္ ဖမ္းဆီးရမည့္စာရင္းမ်ားကို ျပဳစုၿပီး ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသားေက်ာင္းသူမ်ားကို ဖမ္းဆီးလ်က္ရွိေၾကာင္း သိရွိရသည္။ “Kaung For Youရဲ႕Founderျဖစ္တဲ့ ဆရာေကာင္းသိုက္စိုးအဖမ္းခံရေၾကာင္း
MRTVမွာေၾကညာသြားပါတယ္။ အဲ့ဒီအတြက္ ေက်ာင္းအပ္ထားတဲ့ကေလးမိဘေတြ၊ CDM ေတြ၊ ေက်ာင္းသားေတြ အားလုံးဂ႐ုစိုက္ေပးၾကပါ။ ကြၽန္ေတာ္တို႔အေျခခံပညာေက်ာင္းသားလူငယ္မ်ားအစည္းအ႐ုံး(အကလ-ဗဟို)ကေနႏွိုးေဆာ္ခဲ့တဲ့အတိုင္း
Telegram/Viber Groupမ်ားထဲကေနLeaveလုပ္ထားၾကၿပီး User name ေတြ၊ Profile Photoေတြကိုေျပာင္းေပးထားၾကပါ။ မိဘေတြအေနနဲ႕K4Uကိုေပးထားတဲ့ဖုန္းနံပါတ္ေတြကိုခဏစြန့္ပစ္ၿပီးတစ္ျခားဖုန္းနံပါတ္ကိုေျပာင္းလဲအသုံးျပဳေပးၾကပါ။အတတ္နိုင္ဆုံး
ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြကိုထိန္းသိမ္းထားပါ။ ျဖစ္နိုင္ရင္ေနရာေျပာင္းေ႐ႊ႕ၿပီးေနေပးၾကပါ။ Kaung For Youကဆက္သြယ္ခဲ့ေသာPhoneမ်ားကိုေရာ၊ အေယာင္ေဆာင္ဖုန္းမ်ားအားလုံးကိုBlack list(သို႔မဟုတ္)Blockထားၾကပါ။
Kaung For Youနဲ႕ပတ္သက္တဲ့သတင္းအခ်က္အလက္ေတြကိုအတတ္နိုင္ဆုံးဆက္လက္ၿပီးေစာင့္ၾကည့္ေပးၾကဖို႔ကြၽန္ေတာ္တို႔အေျခခံပညာေက်ာင္းသားလူငယ္မ်ားအစည္းအ႐ုံး(အကလ-ဗဟို)အေနနဲ႕ႏွိုးေဆာ္ပါတယ္”ဟု
အေျခခံပညာေက်ာင္းသားလူငယ္မ်ားအစည္းအ႐ုံး(အကလ-ဗဟို)က အေရးေပၚ ေၾကညာခ်က္ထုတ္ျပန္သည္။ CDM ဗိုလ္ႀကီး Captain Zero ကလည္း “K4Uမွာစာသင္တဲ့ဆရာ၊ ဆရာမေတြ ေရွာင္ၾကဖို႔လိုပါၿပီ။ အခုပဲ ဆရာမတစ္ေယာက္အိမ္ကိုလာရွာတာ
ကံေကာင္းလို႔ အဲ့ဆရာမလြတ္သြားပါတယ္။ Dataအစုံအလင္ စကစလက္ထဲေရာက္သြားၿပီမို႔ မေပါ့ၾကပါနဲ႕ေတာ့။ မိသြားရင္ ေခါင္းစဥ္မ်ိဳးစုံတပ္ၿပီး အမႈႀကီးနဲ႕အဖြင့္ခံရမွာပါ။ ေက်းဇူးျပဳၿပီး K4Uနဲ႕ပတ္သက္သူေတြ
ကြၽန္ေတာ့္ဒီpostမွာ ဝင္မမန႔္ပါနဲ႕ေနာ္။ စာကိုျမင္တာနဲ႕ တန္းေရွာင္ပါ” ဟု သတိေပးခ်က္တစ္ရပ္ကို လူမႈကြန္ရက္တြင္ ေရးသားထားသည္။ ခရက္ဒစ္
Leave a Reply