“(၆) လသား အရွယ်မှာ ပိုလီယို ကာကွယ်ဆေးထိုးရင်း ညာဘက်ခြေထောက် အကြောေသခဲ့တာပါ။ မိသားစုထဲ ဝန်ထုပ်ဝန်ပိုး အဖြစ် မခံနိုင်လို့ ကိုယ်လမ်း ကိုယ်ဖောက်ပြီး လုပ်နိုင်တာမှန်သမျှ အကုန် လုပ်ခဲ့တယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပတ်ဝန်းကျင်ရဲ့ တို က်ခိုက်တဲ့ စကားတွေကြောင့် စိတ်ဓာတ်ကျခဲ့ရဖူးတယ်။ မခံချင်စိတ်ကြောင့်ကိုယ်ပိုင်အိမ်နဲ့ ကား ရတဲ့အထိ ကြိုးစားနိုင်ခဲ့တယ်” လို့ ပြောလာတဲ့ မသန်ပေမယ့် စွမ်းတဲ့ ကိုပြည့်ဖြိုးဝေ။ “မသန်စွမ်းတယောက် ဖြစ်ပေမယ့် သိမ်ငယ်မှုမရှိဘဲ
ခုလိုဘဝရောက်အောင် ကြိုးစားရုန်ကန်ခဲ့ရပါတယ်။ ကိုယ့်ရဲ့ညီမတို့ အမတို့ တချို့က မသန်စွမ်းတဲ့သူတယောက်နဲ့ ယူလိုက်လို့ ဆင်းရဲဒုက္ခရောက်မှာပဲလို့ တွေးတဲ့သူတွေ ရှိပါတယ်။ မသန်စွမ်းပါဘူး ဒါပေမယ့် ကြိုးစားရင်တော့ စွမ်းဆောင်နိုင်ပါတယ်။ ကိုယ် အတက်နိုင်ဆုံး ကြိုးစားပြတယ်။
မသန်စွမ်းတဲ့သူတယောက်ကို ယူလို့ နင်ဘာ မဖြစ်လာမှာ မဟုတ်ဘူး တဲ့ဆိုပြီး ပတ်ဝန်းကျင်ရဲ့ ဝေဖန်ပြစ်တင်မှုတွေကို ခံခဲ့ရကြောင်း ကိုပြည့်ဖြိုးဝေရဲ့ ဇနီးက ပြောပြလာခဲ့သလို ကိုပြည့်ဖြိုးဝေက “ဘယ်တော့မှ အဲ့လို ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျနော် တာဝန်ယူထားတဲ့ အတွက်
ကျနော်အိမ်ထောင်ဉီးစီး တယောက်ဖြစ်တဲ့အတွက်ကိုယ် ယူလိုက်တဲ့ တခြားမိန်းကလေး၊ အဲ့တော့ကိုယ့်မှာ တာဝန်ရှိတဲ့အတွက် အိမ်ထောင်ဦးစီးပီပီ တစ်ဝမ်းတစ်ခါး ဖြစ်အောင် ကျွေးနိုင်တယ်။ သူများ တန်းတူထားနိုင်တယ်။ ခုဆိုလို့ရှိရင် တန်းတူထက် ပိုအောင်ထားနိုင်တယ်
ကျနော်ကြိုးစားတယ်။ ဘယ်သူ့ကိုမှလည်း ဝန်ထုတ်ဝန်ပိုးလည်း အဖြစ်မခံဘူး။ ကိုယ်လုပ်နိုင်တာ မှန်သမျှ အကုန် ကျနော်လုပ်တယ်။ မသန်စွမ်း ပေမယ့် ကျနော်တို့လည်း လူထဲက လူတေပဲလေ။ ပက်ဝန်းကျင်ရဲ့ဖိနှိပ်မှုတွေနဲ့ သူတို့က ဆက်ပြီး ဖိနှိပ်ဖို့ဘဲ ကြည့်ကြတာ။
အဲ့တော့အဲ့လိုတွေ မတွေးပါနဲ့လို့၊ မသန်ပေမယ် စွမ်းနိုင်သလောက် စွမ်းပါတယ်။”ဆိုပြီး ကိုပြည့်ဖြိုးဝေက ပြောလာခဲ့ တာပဲ ဖြစ်ပါတယ်နော်။ မသန်စွမ်းဘူးဆိုပေမယ့် ဘဝကို အရှုံးမပေးဘဲ အကောင်းဆုံး ကြိုးစား တည်ဆောက်နိုင်တဲ့ ကိုပြည့်ဖြိုးဝေနဲ့ ကိုယ့်ချစ်သူက မသန်စွမ်းဖြစ်ပေမယ့်
ချစ်ခြင်း ယုံကြည်ခြင်း ဖေးမ နားလည်ခြင်းတွေ အပြည့်နဲ့ နှစ်ကိုယ်တူဘဝကို လက်တွဲ ထူထောင်ကာ အတူတူ ရုန်းကန်ချစ်ပေးနိုင်တဲ့ ကိုပြည့်ဖြိုးဝေရဲ့ဇနီးဟာ လေးစားစရာပါပဲနော်။ သူတို့နှစ်ဦးရဲ့ ကြိုးစားအားထုတ်မှု ပတ်ဝန်းကျင်က လူတွေရဲ့ ဝေဖန်ပြစ်တင်မှုတွေကို
အတူယှဥ်ကာ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့မှုတို့က တကယ့်ကို လေးစားစရာပေမို့ ချစ်ပရိသတ်ကြီးတို့ အတွက် ကိုပြည့်ဖြိုးဝေတို့ ဇနီးမောင်နှံ အကြောင်းလေးကို တင်ဆက်ဖော်ပြ ပေးလိုက် ပါတယ်နော်။
အားလုံး လောကဓံလှိုင်းကြမ်းတွေကို ဖြတ်ကျော်ကာ လေပြေညှင်းတွေနဲ့ သာယာတဲ့ နေ့သစ်တွေ ရယူပိုင်ဆိုင်နိုင်ကြပါစေကြောင်း စိတ်စေတနာကောင်းဖြင့် မေတ္တာလောင်း၍ ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply