မိဘနှစ်ပါးထံက ခြေရာအမွေတောင်းဖြစ်ခဲ့တဲ့ သူရဲ့ရည်ရွယ်ချက်လေးကို အခုလို မျှဝေပြောပြလာတဲ့ ပိုင်တံခွန်

မင်္ဂလာပါ ပရိသတ်ကြီးရေ မိန်းကလေးတွေရဲ့အသဲစွဲ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကတော့ အာရှတစ်ခွင်မှာသာမက အနောက်နိုင်ငံတွေထိပါ အောင်မြင်ကျော်ကြားနေတဲ့ မော်ဒယ်လ်မင်းသားတစ်လက်ဖြစ်ပြီး

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းခံရသူလေးလည်းဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ ပြည့်စုံကာ တောင့်ဖြောင့်မိမိုက်လွန်းတဲ့ခန္ဓာကိုယ်၊ ချိုမြအေးချမ်းတဲ့အပြုံး

ကြည်လင်ပြီး တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေကို ညှို့ယူဖမ်းစားထားသူတစ်ဦးပါပဲ။ ပရိတ်သတ်တွေတိုင်းက တန်ဖိုးထားချစ်ရတဲ့ ပိုင်တံခွန် က အနုပညာမှာ ထူးချွန်ရုံသာမက လူမှုဆက်ဆံရေး

ကောင်းမွန်တဲ့အတွက် လူချစ်လူခင်လည်းအင်မတန်ပေါသူတစ်ယောက်ဖြစ်ပါတယ်။ ဘာသာရေးကိုင်းရှိုင်းပြီး အလှူအတန်းလည်းရက်ရောတဲ့အပြင် မိဘအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သားလိမ္မာတစ်ယောက်ပဲဖြစ်ပါတယ်

အောင်မြင်မှုတွေရရှိပြီး အနုပညာအလုပ်တွေကနေ ရရှိတဲ့ ငွေတွေကို မိဘတွေအတွက် နေအိမ်နဲ့ကားဝယ်ပေးခဲ့ပါသေးတယ်။ မိဘနှစ်ပါးကို စိတ်ချမ်းသားအောင်ထားပြီး လိုလေသေးမရှိအောင်ဖြည့်ဆည်းပေးတဲ့

သားလိမ္မာလေးပိုင်တံခွန်ကတော့ ဒီနေ့မှာတော့မိဘတွေထံကနေ မွန်မြတ်လှတဲ့ အမွေလေးတစ်ခုကို ပြန်လည်တောင်းခံယူခဲ့ပါတယ်။ အမွေလေးကတော့ နှောင်တစ်ချိန်မှာလည်း မိဘနှစ်ပါးကို ကိုးကွယ်လို့ရအောင်

မိဘနှစ်ပါးရဲ့ခြေရာကို အမွေအဖြစ် တောင်းခဲ့တာပဲဖြစ်ပါတယ်။ အခုလို မိဘနှစ်ပါးရဲ့ခြေရာကို အမွေတောင်းဖြစ်ခဲ့တဲ့ သူရဲ့ရည်ရွယ်ချက်လေးကို “နှောင်တစ်ချိန်မှာလည်း မိဘနှစ်ပါးကိုကိုးကွယ်ထားချင်လို့ ဒီအမွေလေး တောင်းတာပါ”ဆိုတဲ့

captionလေးနဲ့အတူ videoဖိုင်လေးကို မျှဝေရင်း ပြောပြလာတာဖြစ်ပါတယ်။ မိတ်ဆွေတို့ရေ ပိုင်တံခွန်ကတော့ တကယ်ကို မိဘတွေ စိတ်ချမ်းသာမှုကို အပြည့်အဝရစေတဲ့ သားလိမ္မာလေးတစ်ယောက်ပါပဲနော်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်









Be the first to comment

Leave a Reply

Your email address will not be published.


*