သူမရှိတုန်း အာဏာပြန်သိမ်းခံရမှာကြောက်တဲ့ မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်ကတော်တွေကို ရုရှားသို့ အပေါင်သဘောမျိုး (ဓာ းစာခံအဖြစ်) ခေါ်သွား See More………
စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားကိုခရီးထွက်နေချိန်မှာ စစ်ကောင်စီခန့်ထားတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို ဒုချုပ်စိုးဝင်းက နေပြည်တော်ပေါင်းလောင်းဂေါက်ကလပ်မှာ ဒီနေ့မနက် ၅ နာရီ အရောက် လာဖို့ အမိန့်ပေးပြီး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အရေးပေါ်ခေါ်တွေ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တဦးက ပြောဆိုကြောင်း DNA သတင်းမှာဖော်ပြထားပါတယ်။“သတင်းပေါက်ကြားမှာ စိုးလို့ ညကမှ အသိပေးတယ်လို့ သိရတယ်၊ ဒီနေ့မနက် ငါးနာရီအရာက်လာဖို့ ဆိုပြီး အမိန့်ပေးတယ်
ရန်ကုန်-မန္တလေးလမ်းမကြီးက လာလို့မရဘူး အတွင်းလမ်းသုံးပြီးတော့ လာရမယ်ဆိုပြီး ခေါ်တာ၊ ဂေါက်လည်းရိုက်မယ်၊ စားသောက်ပွဲလည်း ရှိမယ်လို့ သိရတယ်၊ အဲဒီဝန်းကျင် တခုလုံးကို အကြမ်းဖက်တို က်ဖျက်ရေးအင်အားအကုန်သုံးပြီး
လုံခြုံရေးချထားတယ်”လို့ ပြောပါတယ်။နေပြည်တော်အဝန်းအဝိုင်းကို စုံစမ်းရာမှာ အရေးပေါ်ခေါ်တယ်ဆိုတာကို ရာနှူန်းပြည့်နီးပါး အတည်ပြုနိုင်ပေမယ့် ဘာကြောင့် ကြိုတင်အသိမပေးပဲ ညတွင်းချင်းအမိန့်ပေးပြီး
ခေါ်တွေ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ မင်းအောင်လှိုင်ရဲ့ အိမ်ပြန်ခရီးကို လေဆိပ်က ကြိုဖို့ စီစဉ်တာဆိုရင် ဂေါက်ကွင်းမှာ လူစုတာဟာ သဘာဝမကျတဲ့အတွက် တခြားရည်ရွယ်တဲ့ အကြောင်းအရာတခုခု ရှိနိုင်တယ်လို့လည်း
နေပြည်တော်သတင်းရင်းမြစ်တဦးက သုံးသပ်ပါတယ်။“ ဂေါက်ကွင်းထဲက ဘန်ဂလိုအကြီးတလုံးရှိတယ်၊ မိုင်တဲတာဝါတိုင် နောက်နားမှာ အဲဒီမှာ တွေ့ကြတာ၊ မနက်၉ နာရီလောက်အထိတော့ ပြန်ထွက်လာကြတာ မတွေ့ရဘူးလို့” ဆိုပါတယ်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ရုရှားနိုင်ငံ ခရီးစဉ်အဖြစ် မော်စကိုမြို့ကို ရောက်နေခဲ့တာ ဖြစ်ပြီး တပ်တွင်းအာဏာသိမ်းခံရမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သူနဲ့အတူ စစ်ဗိုလ်ချုပ်တွေရဲ့ ဇနီးတွေကိုလည်း
ခရီးစဉ်မှာ ခေါ်သွားတယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်ခရီးစဉ်မှာ ခေါ်ဆောင်သွားတဲ့ ဇနီးများထဲတွင် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ဇနီး ဒေါ်နီလာ
ဒုတိယဗိုလ် ချုပ်ကြီးညိုစော ( MEC ဥက္ကဌ ) ရဲ့ဇနီး ဒေါ်စန်းစန်းအေးနဲ့စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းရဲ့ဇနီး ဒေါ် ရွှေ့ဝါတင်အုန်းတို့လဲပါဝင်ပါတယ်။ စစ်ခေါင်းဆောင်ရဲ့ဇနီးဖြစ်သူ ဒေါ်ကြူကြူလှအနေနဲ့
စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ဇနီးတွေကိုလက်တို့လက်တောင်း ခိုင်းဖို့ခေါ်သွားတာဖြစ် တယ်လို့နေပြည်တော်မှာ ရှိတဲ့ စစ်ဖက်သတင်းပေးအချို့ကဆိုပါတယ်။ သို့သော်လည်းနိုင်ငံရေးလေ့လာသူအချို့ကတော့ စစ်ခေါင်းဆောင်အနေနဲ့သူမရှိခင်အာဏာသိမ်းမှာ စိုးရိမ် တဲ့အတွက်
အချို့ဗိုလ်ချုပ်ကြီးတွေရဲ့ဇနီးတွေကို အပေါင်သဘောမျိုးခေါ်သွားတာလို့ယူဆကြပါတယ်။ စစ်ခေါင်းဆောင်ရဲ့ရုရှားခရီးစဉ်ဟာ အလုပ်သဘောခရီးစဉ်မဟုတ်ပဲ ပုဂ္ဂိလက ခရီးစဉ်သာဖြစ်တယ်လို့လဲ မြန်မာ နိုင်ငံမှာ ရှိတဲ့ရုရှသံရုံးက မီဒီယာအချို့ကိုပြောပါတယ်။
ဒါကြောင့်လဲ့ ရုရှားနိုင်ငံအစိုးရဖက်က ဒုဝန်ကြီးအဆင့် ရှိသူသာ အလွတ်သဘောလက်ခံတွေ ဆုံခဲ့တာပါ။ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ပုဂ္ဂိုလ်ရေးခရီးစဉ်မှာ သူဇနီးနဲ့တခြားသော ဗိုလ်ချုပ်ကြီးတွေရဲ့ဇနီးတွေကို ခေါ်ဆောင်သွားတာဟာ နိုင်ငံဘဏ္ဍာကို
မိမိကိုယ်ပိုင်ငွေလို သဘောထားပြီးသုံးဆွဲတာဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့NLD အစိုးရလက်ထက်မှာတော့ နိုင်ငံခေါင်း ဆောင်တွေရဲ့ပုဂ္ဂိုလ်ရေးခရီးစဉ်တွေမှာ ကိုယ်ရဲ့ဇနီး နဲ့သားသမီးတွေကို ခေါ်ဆောင်သွားခဲ့တာမရှိသလို့ဇနီးသည်အတွက် တောက်တို မယ်ရခိုင်းဖို့
တခြားသော အရာကြီးများရဲ့ဇနီးတွေ ကိုခေါ်ဆောင်သွားတာမရှိပါဘူး။ သို့သော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်အနေနဲ့အာဏာသိမ်းပြီးနောက်ပိုင်းကစလို့နိုင်ငံပိုင်နဲ့စစ်တပ်ပိုင် လေယဉ် ရဟတ်ယဉ်တွေကို သူဇနီးဖြစ်သူ နဲ့သူ့သားသမီးချွေးမများရဲ့
ပုဂ္ဂိလိက ခရီးစဉ်တွေအတွက် ပါ မကြာခဏ အသုံးပြုနေတာဖြစ်ပါတယ်။ စစ်ခေါင်းဆောင်သားနှင့် သမီးဖြစ်သူဟာ စစ်တပ်ပိုင်ရဟတ်ယဉ်အသုံးပြုကာ နေပြည်တော်ကနေ ရန်ကုန်မြို့သို့မကြာခဏလာရောက်လေ့ရှိပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*