မိတ်ဆွေတိုု့ရေ ကျော်ထက်ဇော်လို့ပြောလိုက်တာနဲ့ MRTV4 ဇာတ်လမ်းတွဲတွေမှာ အကောင်းဆုံးသရုပ်ဆောင်ခဲ့ပြီး ဇာတ်ရုပ်တိုင်းအပေါ်မှာ ပီပြင်တဲ့ သရုပ်ဖော်နိုင်တဲ့ မင်းသားချောတစ်လက်ဆိုတာ သိပြီးဖြစ်ကြမှာပါနော်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်) Videoကို အောက်ဆုံးတွင် ဖော်ပြထားသည်။ Videoကို အောက်ဆုံးတွင် ဖော်ပြထားသည်။
“အမုန်းမှသည်”ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တဲ့ကျော်ထက်ဇော်ကတော့ ယခုလတ်တလော ပရိသတ်တွေကြား စိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်နေတဲ့ ”ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ
စာရေးလို့ ထားချင်တယ်”ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားဖြစ်တဲ့ မျက်နှာများတဲ့ ကိုနိုင်လေးအနေနဲ့ပါဝင်ထားခဲ့တာပါ။ သူ့ရဲ့ “နိုင်လင်း”ဇာတ်ကောင်နေရာကနေပီပြင်အောင်သရုပ်ဆောင်ချက်တွေကြောင့်
ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ‘ကျော်ထက်ဇော်’ဆိုတဲ့ အမည်နာမထက် နိုင်လင်းဆိုတဲ့ကာရိုက်တာကိုပဲခေါ်ဝေါ်နေကြတဲ့အထိပါပဲ။ ပြီးခဲ့တဲ့နေ့မှာတော့ ကျော်ထက်ဇော်က သူ့ရဲ့ ပထမဉီးဆုံး cover songဖြစ်တဲ့
“ဒေါင်းယာဉ်ပျံမှာရေးတဲ့စာ”သီချင်းကို တင်ပေးလာပါတယ်နော်။ ပရိသတ်တိုင်းကလည်း ကျော်ထက်ဇော်ရဲ့ သီဆိုမှု ခံစားသက်ဝင်နိုင်မှုတို့ကို နှစ်သက် သဘောကျနေတာ လည်းဖြစ်ပါတယ်။ ကျော်ထက်ဇော်က သူ့ရဲ့
လူမှုကွန်ယက်စာမျက်နှာထက်မှာ “ဒေါင်းယာဉ်ပျံမှာရေးတဲ့စာCover အရမ်းကြိုက်လို့သာ အမှတ်တရလေးအနေနဲ့ ဒီသီချင်းလေးကို coverပြန်ဆိုဖြစ်ခဲ့တာပါ သည်းခံပြီး နားဆင်ပေးနော် ခွင့်ပြုပေးတဲ့ဆရာနှင့်တကွ
အစအဆုံးကူညီပေးကြတဲ့ ဆုထက်နဲ့ ရာဇာ့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာ။”ဆိုတဲ့စာလေးနဲ့ သီချင်းVideoလေးကိုတင်လာခဲ့တာပါ။ ဒါ့အပြင် ကျော်ထက်ဇော်က သူ့ရဲ့ ပထမဆုံး ကာဗာသီဆိုမှုအပေါ်မှ
နှစ်ခြိုက်အားပေးကြတဲ့ ပရိသတ်တစ်ဉီးချင်းစီတိုင်းကို အလေးအနက်ထား၍ ကျေးဇူးတင်စကား ဆိုထားပြီး သူ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသော ဇာတ်လမ်းတွဲတိုင်းမှ ပရိသတ် ပြန်ဆိုစေချင်သည့် မည်သည့်ဇာတ်ဝင်တေး မဆို
တောင်းဆိုပြောကြားဗပးပါက သူ့အနေနဲ့ Coverပြန်လည် သီဆိုပေးမည့်အကြောင်း ပြောထားပါသေးတယ်နော်။ သရုပ်ဆောင်ဘက်မှာသာမက အဆိုဘက်မှာလည်း ကျွမ်းကျင်ပိုင်နိုင်လှတဲ့ စွမ်းရည်ကို
‘ဒေါင်းယာဉ်ပျံမှာရေးတဲ့စာ’Coverလေး နားထောင်ပြီး လက်ခံကြမယ်ထင်ပါတယ်နော်။ ကျော်ထက်ဇော်ရဲ့သီချင်းလေးကို မိတ်ဆွေတို့လည်း နားဆင်နိုင်စေဖို့ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
မိတ်ဆွေတို့ရေ ကျော်ထက်ဇော်လို့ပြောလိုက်တာနဲ့ MRTV4 ဇာတ်လမ်းတွဲတွေမှာ အကောင်းဆုံးသရုပ်ဆောင်ခဲ့ပြီး ဇာတ်ရုပ်တိုင်းအပေါ်မှာ ပီပြင်တဲ့ သရုပ်ဖော်နိုင်တဲ့ မင်းသားချောတစ်လက်ဆိုတာ သိပြီးဖြစ်ကြမှာပါနော်။
Leave a Reply