
မိတ်ဆွေတို့ရေ မိခင်ဖြစ်သူ အကယ်ဒမီခင်ဇာခြည်ကျော်နဲ့အတူ ပွဲတွေတက်ရင်း ပရိသတ်မျက်မှန်းတန်းမိလာတဲ့ ဘုန်းမင်းနေလလေးကတော့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော်လေး တစ်ယောက်ပါ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
(၂၀၁၈) အကယ်ဒမီဆုပေးပွဲမှာ ရွှေကြိုတစ်ယောက်အဖြစ် ပါဝင်ပြီးနောက်မှာတော့ ပရိသတ်ချစ်ခင်မှုတွေတိုးလာပြီး ကြော်ငြာတွေရိုက်ကူးနေရပြီဖြစ်ကာ အခုဆိုရင် အနုပညာလောကထဲ နေရာတစ်နေရာ
အခိုင်အမာရရှိထားပြီဖြစ်ပါတယ်။ ဘုန်းမင်းနေလကတော့ အနုပညာအလုပ်တွေအပြင် ပညာရေးဘက်မှာလည်း ထူးချွန်တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုချိန်ကတော့ မြန်မာနိုင်ငံကိုပြန်လာကာ အနုပညာအလုပ်တွေအပြင်
မိသားစုတွေနဲ့ အချိန်ကုန်ဆုံးနေတာလို့ ဆိုရမှာပါ။ လက်ရှိမှာလည်း သူ့ရဲ့ အနုပညာလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ “တိမ်နှင့်ရေးတဲ့အရုပ်”ဇာတ်ကားလေး စတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့
ဘုန်းမင်းနေလက ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်ဦးဖြစ်တဲ့ ပီုးမမှီသာနဲ့ လိုက်ဖက်ညီစွာ အတူတွဲသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဘုန်းမင်းနေလက သူ ပါဝင်ရိုက်ကူးထားတဲ့ “တိမ်နှင့်ရေးတဲ့အရုပ်”
ဇာတ်ကားလေးရဲ့ ကန်တော့ပွဲပေးပွဲအခမ်းအနားပုံရိပ်တွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ “တိမ်နှင့်ရေးတဲ့အရုပ် ကန်တော့ပွဲပေးပွဲအမှတ်တရလေးပါ ဇာတ်ကားလေးထွက်လာရင်လည်း အားပေးကြပါအုံးနော်
အချစ်တို့”ဆိုတဲ့ captionစာသားလေးနဲ့အတူ ပရိသတ်တွေကို အသိပေးမျှဝေဖေါ်ပြလာခဲ့တာပါ။ ဘုန်းမင်းနေလက ဇာတ်ကားလေးထွက်လာရင်လည်း အားပေးကြပါအုံးနော်တဲ့ အချစ်တို့ရေ။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply