ခေတ်ပျက်ကြီးမှာ အလုပ်မရှိ ခက်ခဲလှတာကြောင့် တနိုင်တပိုင်လေး ဟင်းချက် ရောင်းနေရတယ် ဆိုတဲ့ အဆိုတော်ဆိုတေးတို့ မိသားစု
တေးရေး၊တေးဆို တစ်ဦးဖြစ်တဲ့ အဆိုတော်ဆိုတေး ကတော့ “မီးအိမ်ရှင်” သီချင်းလေးနဲ့ ပရိသတ် တွေရဲ့ရင်ထဲကို စတင်နေရာ ယူခဲ့တာ ဖြစ်ပါတယ်။ အသံချိုချိုအေးအေးလေး ကို ပိုင်ဆိုင်ထားတဲ့ ဆိုတေးက
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အချစ် သီချင်းတွေနဲ့ အလွမ်းသီချင်း ကောင်းလေးတွေကို ဖန်တီးတဲ့နေရာမှာ အင်မတန်ထူးချွန်သူ ဖြစ်ပါတယ်။ ဆိုတေး က တစ်ကိုယ်တော် အခွေသာမက သီချင်းကောင်းတွေ အများအပြားထွက်ရှိခဲ့တာဖြစ်ပြီး
လူငယ်ပရိသတ် တွေရဲ့အားပေးမှုကိုလည်း အပြတ်အသတ် ရရှိခဲ့သူ ဖြစ်ပေမယ့် တစ်နိုင်ငံလုံးမှာ သူ့ရဲ့သီချင်းသံတွေ ပျံ့နှံ့ကာ အောင်မြင်နေချိန်မှာပဲ မတော်တဆမှု တစ်ခုဖြစ်ကာ နှစ်ရှည်ကြာစွာ ကျန်းမာရေး ထိခိုက်ခဲ့ပြီး
အနုပညာအလုပ်တွေ ရပ်နား ခဲ့ရပါတယ်။ ယခုနောက်ပိုင်း ကျန်းမာရေးအခြေအနေ အလုံးစုံ ပြန်ကောင်းတာ မဟုတ်ပေမယ့် ဆိုတေးကိာ တချို့သော ဖျော်ဖြေမှုလေးတွေမှာ အနည်းအကျဥ်း ပြန်လည်မြင်တွေ့ လာရပါတယ်။
ဒါပေမယ့် နှစ်ရှည်လများ ဝေဒနာခံစားခဲ့ရကာ ကျန်းမာရေးမကောင်းခဲ့တဲ့အတွက် ဆိုတေးတို့ မိသားစုဟာ စီးပွားရေး အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရသဖြင့် ဖခင်ကြီး ရောဂါဖြစ်နေချိန်မှာ ငွေကြေးကြပ်တည်းမှုကြောင့်
ဆေးဝါးကုသမှု ပြည့်စုံစွာ မလုပ်ပေးန်ိုင်ခဲ့သဖြင့် ဆိုတေးရဲ့ဖခင်ကြီးဟာ ဆုံးပါးခဲ့ရပါတယ်။ ဒီလိုခက်ခဲ ကြပ်တည်းမှုတွေနဲ့ ကြုံခဲ့ရတဲ့ အဆိုတော်ဆိုတေးနဲ့ မိသားစု ကတော့ ခုလို ကာလမှာ အလုပ်မရှိတာနဲ့
တပိုင်တနိုင်လေး ဟင်းချက်ရောင်းနေရကြောင်း ပြောကြား လာပါတယ်။ “အလှူတွေ လုပ်တဲ့အခါ မှာလည်း ဧည့်သည်တွေကို ဟင်းချက်ကျွေးတော့ သူတို့က စားကောင်းတယ်။ ဟင်းချက်ရောင်း ကြည့်ပါလား ဆိုတာနဲ့ ခုလို ရောင်းဖြစ်လာတာပါ။
ခုလိုခက်ခဲ ကြပ်တည်းတဲ့ ကာလမျိုးမှာ အလုပ်လည်း မဖြစ်တာမို့ ကိုသိုလ်လည်းရ ဝမ်းလည်း ဝတဲ့ လျှာလယ်လယ် ဟင်းမျိုးစုံကို ချက်ရောင်းနေကြောင်း” ပြောပြလာတာ ဖြစ်ပါတယ်နော်။ ဆိုးတေကို ချစ်ခင်အားပေးကြသော ပရိသတ်တွေကလည်း
အဆိုတော်ဆိုတေး တစ်ယောက် ကျန်းမာရေး အလုံးစုံ ပြန်လည်ကောင်းမွန်ပြီး အရင်လို သီချင်းကောင်းများ ပြန်လည် ဖန်တီးနိုင်ကာ အရင်ကဲ့သို့သော အောင်မြင်မှုများ ရယူနိုင်ပြီး ယခုကြုံတွေ့နေရသော ခက်ခဲကြပ်တည်းမှုများ
အမြန်ဆုံး ပြေလည် စေပါကြောင်း ဆုတောင်း မေတ္တာ ပို့သနေတာကို တွေ့ရပါတယ်နော်။ လူ့ဘဝမှာ လောကဓံ အတက်အကျ အနိမ့်အမြင့်ဆိုတာ ကြုံတွေ့ရတာ ဓမ္မတာဆိုပေမယ့် လျှမ်းလျှမ်းတောက် အောင်မြင်နေစဥ်မှာ
မထင်မှတ်ဘဲ ဆုံးရှုံးမှုတွေနဲ့ ကြုံလိုက်ရတာကတော့ နိုင်ငံကျော်အဆိုတော် ဆိုတေးရဲ့ဘဝဟာ အမှန်ပဲ ခါးသီးလွန်းလှ ပါတယ်နော်။ လူ့ဘဝ အနိမ့်အမြင့်အတက် အကျ လျင်မြန်မှုဟာ တကယ့်ကို သတိ သံဝေဂရစရာပါပဲနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*