ပြန်လည်ထူထောင်နိုင်ဖို့အတွက် ရှေးဟောင်းပစ္စည်းရှာဖွေခြင်းကို အားပြုလုပ်ကိုင်နေရတဲ့ ဝက်လက်နယ် မီ းဘေးသင့်ပြည်သူများ

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်ထဲက နေအိမ်တွေ မီ းရှို့ခံရတဲ့ ဒေသခံတွေဟာ သူတို့ဘဝကို ပြန်လည်ထူထောင်နိုင်ဖို့အတွက် မြောက်ထန်းကြီးရွာနားက ယာကွက်တွေထဲမှာ ရှေးဟောင်းပစ္စည်းတွေ ရှာဖွေရတဲ့အလုပ်ကို အားပြုလုပ်ကိုင်နေရတယ်လို့

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

ဝက်လက်နယ် မီ းဘေးသင့်ဒေသခံတွေဆီက သိရပါတယ်။ “မီ းရှို့ခံလိုက်ရတဲ့အိမ်က လွန်ခဲ့တဲ့ ၉နှစ်ကျော်က ဆောက်ခဲ့တာ သိန်း ၄၀aကျာ်ကုန်တယ်၊ အခုခေတ် ဈေးနူန်းနဲ့ဆို အဲ့ဒီထက် ၂ဆလောက်ပိုကုန်မယ်၊ အလုပ်အကိုင်ကလည်း မရှိ၊ ဝင်ငွေကလည်း မရှိ၊

ရှိတာတွေလည်း မီးေ လာင်ကုန်တော့ စားဝတ်နေရေးကို အရင်လိုဘဝ ပြန်ရောက်ဖို့ ရှေးဟောင်းပစ္စည်းတူးတာပဲ အားကိုးနေရတယ်”လို့ မင်းရွာက အိမ်မီ းရှို့ခံရတဲ့ ဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီ မြောက်ထန်းကြီး ယာကွက်တွေထဲမှာ ရှေးဟောင်းပစ္စည်း

တူးဖော်ရှာဖွေနေတဲ့ ဒေသခံတယောက်က “ကံပေးသလောက်ရတယ်၊ ကံပေးလို့ရှိရင် ချက်ချင်းငွေပေါ်တယ်၊ ပစ္စည်းဝယ်မယ့်သူက အသင့်ရှိနေတယ်၊ လူတိုင်း တခုမဟုတ် တခုတော့ ရကြတယ်၊ များတာနဲ့ နည်းတာပဲကွာတယ်”လို့ ပြောပါတယ်။

အဲ့ဒီ ရှေးဟောင်းပစ္စည်း ရှာဖွေတူးဖော်နေတဲ့ လုပ်ကွက်တွေမှာ ပစ္စည်းလိုက်လံဝယ်ယူနေတဲ့ ဝယ်လက်တယောက်ကလည်း ” ပစ္စည်းဝယ်ရတာ အပိုင်း၂ပိုင်းရှိတယ်၊ အန်းတစ် လိုင်းနဲ့ ရတနာလိုင်းဖြစ်တယ်၊ အန်းတစ် လိုင်းကတော့ အိုး၊အရိုး၊ ပုတီးစေ့နဲ့ အခြားပစ္စည်းတွေဖြစ်တယ်

ရတနာလိုင်းကတော့ ရွှေထည်ပစ္စည်း၊ စိန်ထည်ပစ္စည်းအမျိုးမျိုးနဲ့ ကျောက်မျက်တွေဖြစ်တယ်၊ အန်းတစ် လိုင်းမှာ ရှေးခေတ် ပျူလူမျိုးတွေရဲ့သွားက အရှည်၂လက်မအရွယ်အစားရှိတယ်၊ သွား ၁ ချောင်းရဲ့ဈေးနူန်းက ၁ သောင်းဈေးပေါက်တယ်”လို့ ပြောပါတယ်။

အဲ့ဒီ ရှေးဟောင်းပစ္စည်းတွေ တူးဖော်နေကြတဲ့နေရာဟာ ပြီးခဲ့တဲ့ ၂လဝန်းကျင် ၊ မိုးကျချိန်က မိုးရေနဲ့တိုက်စားပြီး မြေပေါ်မှာ ပေါ်လာတဲ့ ရွှေတို၊ငွေစတွေ ရရာကနေ လူသိများလာပြီး အခုတော့ တနယ်လုံးကနေ လာတူးနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

“ပစ္စည်းတွေက ရကြတယ်၊ ဒါပေမယ့် ဒီပစ္စည်းတွေက ဒဏ္ဍာရီဆန်နေတယ်၊ ပြီးခဲ့တဲ့ ၈ရက်လောက်က ရွှေဘယက် ၁ခုရတယ်၊ ဝယ်တဲ့သူက သေချာစစ်ဆေးပြီးတော့ နေရာမှာတင် သိန်း ၄၀ ပေးတယ်၊ ပိုမရောင်းဘူး၊ တညအိပ်ပြီး နောက်တနေ့ နေ့လယ်ပိုင်းရောက်တော့

မနေ့ကပေးတဲ့ ဈေးအတိုင်း ရောင်းမယ်ဆိုရော အဲ့ဒီ ရွှေဘယက်က ရွှေမဟုတ်တော့ဘဲ ဒန်ဘယက်ဖြစ်နေတယ်”လို့ ရွှေဘယက်ရရှိခဲ့သူ ကာယကံရှင်က ပြောပြပါတယ်။ ဒါ့အပြင် အခြားရွှေထည်းပစ္စည်းတွေနဲ့ ကျောက်မျက်ရတနာ ရရှိတဲ့သူတွေဟာလည်း

ပေးဈေးနဲ့ အရောင်းအဝယ်မလုပ်ဘဲ အိမ်ကိုယူဆောင်သွားတဲ့အခါ ထ ိတ်လန့်ဖွယ်ရာ၊ အိမ်မက်တွေပေးပြီး ရရှိထားတဲ့ပစ္စည်းတွေဟာ ပြောင်းလဲသွားတာမျိုးတွေ ဖြစ်တယ်လို့ ကာယကံရှင်တချို့ရဲ့ ပြောပြချက်အရသိရပါတယ်။ ရရှိလာတဲ့ ရှေးဟောင်းပစ္စည်းတွေ

အရောင်ပြောင်းတာ၊ အမျိုးအစားပြောင်းတာတွေ ဖြစ်တာနဲ့ပတ်သက်ပြီး မုံရွာ မဟာလယ်တီ ပါဠိတက္ကသိုလ်ကျောင်းမှာ သီတင်းသုံး ဝါဆိုနေတဲ့ ထေရ်ကြီးဝါကြီးဆရာတော်ကြီးတပါးက “ဘုရားပွင့်တော်မမူမီနဲ့ ဘုရားပွင့်ပြီး နောက်ပိုင်းကာလတွေမှာ

သဘာဝဘေးကြောင့် ရွာပျ က်တယ်၊ စစ်ဘေး မင်းဘေးကြောင့် ရွာပျ က်တယ်၊ အဲ့ဒီလို ရွာပျ က်တွေက လူတွေဟာ စုဝေးပြီး ရွာသစ်ပြန်တည်တဲ့အခါ တည်မယ့်နေရာကို အရင်ဆုံး သစ္စာဆိုကြတယ်၊ ရွာပျ က်တော့မယ်ဆိုရင်လည်း ရွာသားတွေက သစ္စာပြုကြတယ်၊

အဲ့ဒီလို သစ္စာပြုထားတဲ့ နယ်မြေတွေက ပစ္စည်းဉစ္စာမှန်သမျှဟာ သစ္စာနဲ့ပဲ တည်မြဲတယ်၊ သစ္စာမဲ့ရင် ပစ္စည်းမဲ့တာ၊ အရောင်မဲ့တာ၊ အမျိုးအစားမဲ့တာ ရုတ်ချည်းပြောင်းလဲ ဖြစ်တတ်တယ်”လို့ မိန့်တော်မူပါတယ်။ အဲ့ဒီ ရှေးဟောင်းပစ္စည်းတွေ ရှာဖွေတွေ့ရတဲ့နေရာဟာ

ပျူခေတ်ယဉ်ကျေးမှု ထွန်းကားရာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် ဟံလင်းမြို့ဟောင်းတည်ရှိတဲ့ နေရာဒေသဝန်းကျင်မှာ ရှိတာလို့ သိရပါတယ်။ အဲ့ဒါကြောင့် ဝက်လက်မြို့နယ်မှာ မီ းဘေးသင့်ခံရတဲ့ ရွာပေါင်း ၂၀ ဝန်းကျင်က မီ းဘေးဒုက္ခသည်တွေဟာ

သူတို့ဘဝ ပြန်လည်ထူထောင်နိုင်ဖို့အတွက် မြောက်ထန်းကြီးရွားနားက ယာကွက်တွေထဲမှာ ရှေးဟောင်း ပစ္စည်းတွေ ရှာဖွေနေရတာလည်ဖြစ်တယ်လို့ သိရပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ျဖင့္ ဖတ္ရန္

စစ္ကိုင္းတိုင္း ၊ ေရႊဘိုခရိုင္ ၊ ဝက္လက္ၿမိဳ့နယ္ထဲက ေနအိမ္ေတြ မီ းရွို့ခံရတဲ့ ေဒသခံေတြဟာ သူတို့ဘဝကို ျပန္လည္ထူေထာင္နိုင္ဖို့အတြက္ ေျမာက္ထန္းႀကီးရြာနားက ယာကြက္ေတြထဲမွာ ေရွးေဟာင္းပစၥည္းေတြ ရွာေဖြရတဲ့အလုပ္ကို အားျပဳလုပ္ကိုင္ေနရတယ္လို့

ဝက္လက္နယ္ မီ းေဘးသင့္ေဒသခံေတြဆီက သိရပါတယ္။ “မီ းရွို့ခံလိုက္ရတဲ့အိမ္က လြန္ခဲ့တဲ့ ၉ႏွစ္ေက်ာ္က ေဆာက္ခဲ့တာ သိန္း ၄၀aက်ာ္ကုန္တယ္၊ အခုေခတ္ ေစ်းႏူန္းနဲ႔ဆို အဲ့ဒီထက္ ၂ဆေလာက္ပိုကုန္မယ္၊ အလုပ္အကိုင္ကလည္း မရွိ၊ ဝင္ေငြကလည္း မရွိ၊

ရွိတာေတြလည္း မီးေ လာင္ကုန္ေတာ့ စားဝတ္ေနေရးကို အရင္လိုဘဝ ျပန္ေရာက္ဖို့ ေရွးေဟာင္းပစၥည္းတူးတာပဲ အားကိုးေနရတယ္”လို့ မင္းရြာက အိမ္မီ းရွို့ခံရတဲ့ ေဒသခံ တေယာက္က ေျပာပါတယ္။ အဲ့ဒီ ေျမာက္ထန္းႀကီး ယာကြက္ေတြထဲမွာ ေရွးေဟာင္းပစၥည္း

တူးေဖာ္ရွာေဖြေနတဲ့ ေဒသခံတေယာက္က “ကံေပးသေလာက္ရတယ္၊ ကံေပးလို့ရွိရင္ ခ်က္ခ်င္းေငြေပၚတယ္၊ ပစၥည္းဝယ္မယ့္သူက အသင့္ရွိေနတယ္၊ လူတိုင္း တခုမဟုတ္ တခုေတာ့ ရၾကတယ္၊ မ်ားတာနဲ႔ နည္းတာပဲကြာတယ္”လို့ ေျပာပါတယ္။

အဲ့ဒီ ေရွးေဟာင္းပစၥည္း ရွာေဖြတူးေဖာ္ေနတဲ့ လုပ္ကြက္ေတြမွာ ပစၥည္းလိုက္လံဝယ္ယူေနတဲ့ ဝယ္လက္တေယာက္ကလည္း ” ပစၥည္းဝယ္ရတာ အပိုင္း၂ပိုင္းရွိတယ္၊ အန္းတစ္ လိုင္းနဲ႔ ရတနာလိုင္းျဖစ္တယ္၊ အန္းတစ္ လိုင္းကေတာ့ အိုး၊အရိုး၊ ပုတီးေစ့နဲ႔ အျခားပစၥည္းေတြျဖစ္တယ္

ရတနာလိုင္းကေတာ့ ေရႊထည္ပစၥည္း၊ စိန္ထည္ပစၥည္းအမ်ိဳးမ်ိဳးနဲ႔ ေက်ာက္မ်က္ေတြျဖစ္တယ္၊ အန္းတစ္ လိုင္းမွာ ေရွးေခတ္ ပ်ဴလူမ်ိဳးေတြရဲ့သြားက အရွည္၂လက္မအရြယ္အစားရွိတယ္၊ သြား ၁ ေခ်ာင္းရဲ့ေစ်းႏူန္းက ၁ ေသာင္းေစ်းေပါက္တယ္”လို့ ေျပာပါတယ္။

အဲ့ဒီ ေရွးေဟာင္းပစၥည္းေတြ တူးေဖာ္ေနၾကတဲ့ေနရာဟာ ၿပီးခဲ့တဲ့ ၂လဝန္းက်င္ ၊ မိုးက်ခ်ိန္က မိုးေရနဲ႔တိုက္စားၿပီး ေျမေပၚမွာ ေပၚလာတဲ့ ေရႊတို၊ေငြစေတြ ရရာကေန လူသိမ်ားလာၿပီး အခုေတာ့ တနယ္လုံးကေန လာတူးေနၾကတာ ျဖစ္တယ္လို့ သိရပါတယ္။

“ပစၥည္းေတြက ရၾကတယ္၊ ဒါေပမယ့္ ဒီပစၥည္းေတြက ဒ႑ာရီဆန္ေနတယ္၊ ၿပီးခဲ့တဲ့ ၈ရက္ေလာက္က ေရႊဘယက္ ၁ခုရတယ္၊ ဝယ္တဲ့သူက ေသခ်ာစစ္ေဆးၿပီးေတာ့ ေနရာမွာတင္ သိန္း ၄၀ ေပးတယ္၊ ပိုမေရာင္းဘူး၊ တညအိပ္ၿပီး ေနာက္တေန႔ ေန႔လယ္ပိုင္းေရာက္ေတာ့

မေန႔ကေပးတဲ့ ေစ်းအတိုင္း ေရာင္းမယ္ဆိုေရာ အဲ့ဒီ ေရႊဘယက္က ေရႊမဟုတ္ေတာ့ဘဲ ဒန္ဘယက္ျဖစ္ေနတယ္”လို့ ေရႊဘယက္ရရွိခဲ့သူ ကာယကံရွင္က ေျပာျပပါတယ္။ ဒါ့အျပင္ အျခားေရႊထည္းပစၥည္းေတြနဲ႔ ေက်ာက္မ်က္ရတနာ ရရွိတဲ့သူေတြဟာလည္း

​ေပးေစ်းနဲ႔ အေရာင္းအဝယ္မလုပ္ဘဲ အိမ္ကိုယူေဆာင္သြားတဲ့အခါ ထ ိတ္လန္႔ဖြယ္ရာ၊ အိမ္မက္ေတြေပးၿပီး ရရွိထားတဲ့ပစၥည္းေတြဟာ ေျပာင္းလဲသြားတာမ်ိဳးေတြ ျဖစ္တယ္လို့ ကာယကံရွင္တခ်ိဳ့ရဲ့ ေျပာျပခ်က္အရသိရပါတယ္။ ရရွိလာတဲ့ ေရွးေဟာင္းပစၥည္းေတြ

အေရာင္ေျပာင္းတာ၊ အမ်ိဳးအစားေျပာင္းတာေတြ ျဖစ္တာနဲ႔ပတ္သက္ၿပီး မုံရြာ မဟာလယ္တီ ပါဠိတကၠသိုလ္ေက်ာင္းမွာ သီတင္းသုံး ဝါဆိုေနတဲ့ ေထရ္ႀကီးဝါႀကီးဆရာေတာ္ႀကီးတပါးက “ဘုရားပြင့္ေတာ္မမူမီနဲ႔ ဘုရားပြင့္ၿပီး ေနာက္ပိုင္းကာလေတြမွာ

သဘာဝေဘးေၾကာင့္ ရြာပ် က္တယ္၊ စစ္ေဘး မင္းေဘးေၾကာင့္ ရြာပ် က္တယ္၊ အဲ့ဒီလို ရြာပ် က္ေတြက လူေတြဟာ စုေဝးၿပီး ရြာသစ္ျပန္တည္တဲ့အခါ တည္မယ့္ေနရာကို အရင္ဆုံး သစၥာဆိုၾကတယ္၊ ရြာပ် က္ေတာ့မယ္ဆိုရင္လည္း ရြာသားေတြက သစၥာျပဳၾကတယ္၊

အဲ့ဒီလို သစၥာျပဳထားတဲ့ နယ္ေျမေတြက ပစၥည္းဉစၥာမွန္သမၽွဟာ သစၥာနဲ႔ပဲ တည္ျမဲတယ္၊ သစၥာမဲ့ရင္ ပစၥည္းမဲ့တာ၊ အေရာင္မဲ့တာ၊ အမ်ိဳးအစားမဲ့တာ ႐ုတ္ခ်ည္းေျပာင္းလဲ ျဖစ္တတ္တယ္”လို့ မိန္႔ေတာ္မူပါတယ္။ အဲ့ဒီ ေရွးေဟာင္းပစၥည္းေတြ ရွာေဖြေတြ႕ရတဲ့​ေနရာဟာ

ပ်ဴေခတ္ယဥ္ေက်းမွု ထြန္းကားရာ ကမၻာ့ယဥ္ေက်းမွုအေမြအႏွစ္ စာရင္းဝင္ ဟံလင္းၿမိဳ့ေဟာင္းတည္ရွိတဲ့ ေနရာေဒသဝန္းက်င္မွာ ရွိတာလို့ သိရပါတယ္။ အဲ့ဒါေၾကာင့္ ဝက္လက္ၿမိဳ့နယ္မွာ မီ းေဘးသင့္ခံရတဲ့ ရြာေပါင္း ၂၀ ဝန္းက်င္က မီ းေဘးဒုကၡသည္ေတြဟာ

သူတို့ဘဝ ျပန္လည္ထူေထာင္နိုင္ဖို့အတြက္ ​ေျမာက္ထန္းႀကီးရြားနားက ယာကြက္ေတြထဲမွာ ေရွးေဟာင္း ပစၥည္းေတြ ရွာေဖြေနရတာလည္ျဖစ္တယ္လို့ သိရပါတယ္။ ေလးစားစြာျဖင့္ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*