မိတ်ဆွေတို့ရေ အဆိုတော် ချယ်ရီသင်းကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ နိုင်ငံကျော်တေးသံရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မနေ့က ဇူလိုင်လ (၁၅)ရက်နေ့မှာတော့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်) Videoကို အောက်ထဲတွင် ဖော်ပြထားသည်။ Videoကို အောက်ထဲတွင် ဖော်ပြထားသည်။
သူမရဲ့ သီချင်းအသစ်လေးတစ်ပုဒ် ထပ်မံထွက်ရှိလာခဲ့ပါတယ်။ သီချင်းအမျိုးအစားကတော့ အသဲကွဲသီချင်းလေးတစ်ပုဒ်ဖြစ်ပြီး တစ်ပုဒ်ဆို ဆိုသလောက် လူငယ်ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေဗန်းစားပြီး
ပေါက်တဲ့ သီချင်းတွေကို ဖန်တီးနိုင်တဲ့ ချယ်ရီသင်းရဲ့ထုံးစံအတိုင်း သီချင်းလေးကတော့ တကယ်ကို သီချင်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ခဲ့ပါတယ်။ သီချင်းလေးကသာမက သီချင်းလေးရဲ့ MTVပိုင်းမှာလည်း
နှုတ်ခမ်းနီမလေးတွေရဲ့အသဲကျော်ဖြစ်တဲ့ မင်းသားချောပိုင်တံခွန်နဲ့ အတွဲညီညီ တွဲဖက်ရိုက်ကူးထားခဲ့တာပဲဖြစ်ပါတယ်။ ချယ်ရီသင်းက သူမရဲ့ သီချင်းMTVလေးကို လူမှုကွန်ယက်စာမျက်နှာထက်မှာ “ပိုင်ငိုတာမကြည့်ရက်ရင်
ဒီသီချင်းကိုနားမထောင်ပါနဲ့။ ချယ်ကပဲ ရ.က်စက်တာလား သူကပဲရက်စ.က်တာလား၊ MV ကြည့်ပြီး ဖြေပေးပါဦး။ ကဲချယ့်ရဲ့ “ထားခဲ့”အမည်ရတဲ့သီချင်းအသစ်လေးရုပ်မြင်သံကြားခံစားနားဆင်နိူင်ပါပြီ”ဆိုတဲ့ captionလေးနဲ့အတူ
ပရိသတ်တွေ နားဆင်ခံစားနိုင်စေဖို့ မျှဝေချပြလာတာပဲဖစ်ပါတယ်။ သီချင်းလေးကသာမက သရုပ်ဆောင်ပိုင်းကလည်း လိုအပ်ချက်မရှိ ပြည့်စုံနေခဲ့တဲ့အတွက် ဒီသီချင်းလေးက ပရိသတ်တွေကြားမှာရေဗန်းစားနေခဲ့ပါသေးတယ်။
မိတ်ဆွေတို့အတွက် ချယ်ရီသင်းရဲ့သီချင်းအသစ်လေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ “ထားခဲ့”သီချင်းလေးကိုနားဆင်ရတာ သဘောကျရဲ့လား ဖြေပေးခဲ့ကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply