
မိတ်ဆွေတို့ရေ မေလသံစဉ်ကတော့ မြန်မာသံစဉ်တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်မလေးပဲဖြစ်ပါတယ်။ အသံချိုချိုအေးအေးလေးနဲ့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သီချင်းကောင်းလေးတွေအပြင် ချစ်စရာကောင်းတဲ့ဟန်ပန်လေးတွေနဲ့ အပြုံးလှလှလေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေတာပဲ ဖြစ်ပါတယ်နော်။ ကိုယ်ပိုင်သံစဉ်သီချင်းကောင်းလေးတွေကို ဖန်တီးတတ်တဲ့အပြင်
ပြန်ဆိုတေးလေးတွေကိုလည်း ပရိသတ်အကြိုက်တွေ့အောင် သီဆိုနိုင်ကာ ဂီတလောကမှာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေတာဖြစ်ပါတယ်။ အသက်ငယ်ငယ်နဲ့ အနုပညာလောကမှာနေရာတစ်နေရာ
အခိုင်အမာရရှိထားတဲ့သူမက အလှူအတန်းတွေမှာဆိုလည်း သဒ္ဒါထက်သန် လက်မနှေးသူလေးဖြစ်ပါတယ်။ မေလသံစဉ်ကတော့ မနေ့က ဇူလိုင်လ (၁၅)ရက်နေ့မှာ Youtubeကပေးအပ်တဲ့ Silver Button လေးကို
အရယူနိုင်ခဲ့ကြောင်း ဂုဏ်ယူစွာ မျှဝေဖော်ပြလာခဲ့ပါတယ်။ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ”YouTube ကပေးပို့တဲ့ Silver Button လေး လိပ်စာမှား၊ တစ်ပတ်လည်ပြီး ခုမှလက်ထဲပြန်ရောက်လာပါပြီ။
မေလ YouTube Channelလေးကို Subscribeလုပ်ပေးကြတဲ့ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်”ဆိုပြီး ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြောထားခဲ့ပါသေးတယ်။ မေလကိုချစ်ကြတဲ့ပရိသတ်တွေကတော့
သူမရဲ့ အခုလို အောင်မြင်မှုအတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်နေခဲ့ကြပါသေးတယ်။ မေလသံစဉ်ရဲ့ အောင်မြင်မှုအတွက် မိတ်ဆွေတို့လည်း ဂုဏ်ပြုစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply