တောင်တက်ရတာကိုသဘောကျတဲ့ ခွေးလေးရဲ့ ကင်ဆာရောဂါနဲ့ ထွက်ခွာခါနီး နောက်ဆုံးအချိန်မှာ အမှတ်တရ တောင်ပေါ်ချီပိုးပြီး အတူတက်‌ပေးခဲ့တဲ့ ခွေးပိုင်ရှင် အမျိုးသား

Monty က အသက် ၁၀ နှစ် အရွယ်ရှိတဲ့ Labrodoodle ခွေးအမျိုးအစားလေးပါ။ သူက သူ့ရဲ့သခင်နဲ့ တောင်တက်လေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ ခွေးလေးက နေမကောင်းတာကြောင့် လမ်းမလျှောက် နိုင်တော့ပါဘူး။

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ဒါပေမယ့် Monty သူ့သခင်နဲ့အတူ နောက်ဆုံးအချိန်ထိ သူနှစ်သက် သဘောကျတဲ့အရာတွေကို လုပ်ခွင့်ရသွားပါတယ်။ ခွေးလေးရဲ့သခင် Carlos Fresco က ခွေးလေး ကင်ဆာရောဂါနဲ့ ‌ေသတော့မှာကို သိတဲ့အခါ နောက်ဆုံးအချိန်မှာ

မမေ့နိုင်တဲ့ အမှတ်တရဖြစ်အောင် လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အသက် ၅၇ နှစ်အရွယ် Carlos က ၁၀ နှစ်အရွယ်ခွေးလေး Monty ကို South Wales ပြည်နယ်မှာရှိတဲ့ Pen y Fan တောင်ကို ခေါ်သွားပေးခဲ့ပါတယ်။

ခွေးလေးက အဲဒီတောင်ကို တက်ရတာ အကြိုက်ဆုံးပါ။ နောက်ဆုံးအချိန် ရောက်နေတာကြောင့် ခွေးလေးကို လက်တွန်းလှည်းထဲ ထည့်ပြီး တောင်ကို အတူတူတက်ခဲ့ကြပါတယ်။ Carlos နဲ့ Monty က တောင်ပေါ်မှာနာရီပေါင်းများစွာ အတူတူ ကုန်ဆုံးခဲ့ကြပါတယ်။

တောင်ထိပ်အထိ ရောက်အောင် တက်ပြီးတော့ ခွေးလေးပျော်အောင် လုပ်ပေးခဲ့ပါတယ်။ ခွေးလေးက လွန်ခဲ့တဲ့ ၁၈ လကတည်းက သွေးကင်ဆာရောဂါ ဖြစ်နေခဲ့တာကြောင့် ကီမိုဆေးတွေလည်း သွင်းခဲ့ရပါတယ်။ ခွေးလေးက တောင်တက်ရတာကို

အလွန်သဘောကျပေမယ့် သွေးကင်ဆာကြောင့် တောင်မတက် နိုင်တော့ပါဘူး။ တောင်တက်ဖော်တွေကလည်း ခွေးလေးကို အရမ်း ခင်မင်ကြပါတယ်။ ခွေးလေး နေမကောင်းတဲ့အခါ တောင်တက်ဖော်တွေလည်း ဝမ်းနည်းသွားကြပါတယ်။ခွေးလေးက သွေးကင်ဆာရောဂါနဲ့

Carlosရဲ့ အိပ်ရာခြေရင်းမှာ ‌ေသဆုံးသွားခဲ့တာပါ။ ခွေးလေးနဲ့အတူ တောင်တက်လို့ရအောင် ကူညီပေးကြတဲ့ မိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။ သူတို့ရဲ့ဇာတ်လမ်းလေးကတော့ အင်တာနက် သုံးစွဲသူတွေရဲ့ ရင်ထဲအထိ ထိခိုက်သွားစေခဲ့ပါတယ်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

Monty က အသက္ ၁၀ ႏွစ္ အ႐ြယ္ရွိတဲ့ Labrodoodle ေခြးအမ်ိဳးအစားေလးပါ။ သူက သူ႕ရဲ႕သခင္နဲ႕ ေတာင္တက္ေလ့ရွိပါတယ္။ ေနာက္ပိုင္းမွာေတာ့ ေခြးေလးက ေနမေကာင္းတာေၾကာင့္ လမ္းမေလွ်ာက္ နိုင္ေတာ့ပါဘူး။

ဒါေပမယ့္ Monty သူ႕သခင္နဲ႕အတူ ေနာက္ဆုံးအခ်ိန္ထိ သူႏွစ္သက္ သေဘာက်တဲ့အရာေတြကို လုပ္ခြင့္ရသြားပါတယ္။ ေခြးေလးရဲ႕သခင္ Carlos Fresco က ေခြးေလး ကင္ဆာေရာဂါနဲ႕ ‌ေသေတာ့မွာကို သိတဲ့အခါ ေနာက္ဆုံးအခ်ိန္မွာ

မေမ့နိုင္တဲ့ အမွတ္တရျဖစ္ေအာင္ လုပ္ေပးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။အသက္ ၅၇ ႏွစ္အ႐ြယ္ Carlos က ၁၀ ႏွစ္အ႐ြယ္ေခြးေလး Monty ကို South Wales ျပည္နယ္မွာရွိတဲ့ Pen y Fan ေတာင္ကို ေခၚသြားေပးခဲ့ပါတယ္။

ေခြးေလးက အဲဒီေတာင္ကို တက္ရတာ အႀကိဳက္ဆုံးပါ။ ေနာက္ဆုံးအခ်ိန္ ေရာက္ေနတာေၾကာင့္ ေခြးေလးကို လက္တြန္းလွည္းထဲ ထည့္ၿပီး ေတာင္ကို အတူတူတက္ခဲ့ၾကပါတယ္။ Carlos နဲ႕ Monty က ေတာင္ေပၚမွာနာရီေပါင္းမ်ားစြာ အတူတူ ကုန္ဆုံးခဲ့ၾကပါတယ္။

ေတာင္ထိပ္အထိ ေရာက္ေအာင္ တက္ၿပီးေတာ့ ေခြးေလးေပ်ာ္ေအာင္ လုပ္ေပးခဲ့ပါတယ္။ ေခြးေလးက လြန္ခဲ့တဲ့ ၁၈ လကတည္းက ေသြးကင္ဆာေရာဂါ ျဖစ္ေနခဲ့တာေၾကာင့္ ကီမိုေဆးေတြလည္း သြင္းခဲ့ရပါတယ္။ ေခြးေလးက ေေတာင္တက္ရတာကို

အလြန္သေဘာက်ေပမယ့္ ေသြးကင္ဆာေၾကာင့္ ေတာင္မတက္ နိုင္ေတာ့ပါဘူး။ ေတာင္တက္ေဖာ္ေတြကလည္း ေခြးေလးကို အရမ္း ခင္မင္ၾကပါတယ္။ ေခြးေလး ေနမေကာင္းတဲ့အခါ ေတာင္တက္ေဖာ္ေတြလည္း ဝမ္းနည္းသြားၾကပါတယ္။ေခြးေလးက ေသြးကင္ဆာေရာဂါနဲ႕

Carlosရဲ႕ အိပ္ရာေျခရင္းမွာ ‌ေသဆုံးသြားခဲ့တာပါ။ ေခြးေလးနဲ႕အတူ ေတာင္တက္လို႔ရေအာင္ ကူညီေပးၾကတဲ့ မိတ္ေဆြေတြအားလုံးကို ေက်းဇူးတင္ေၾကာင္း ေရးသားထားပါတယ္။ သူတို႔ရဲ႕ဇာတ္လမ္းေလးကေတာ့ အင္တာနက္ သုံးစြဲသူေတြရဲ႕ ရင္ထဲအထိ ထိခိုက္သြားေစခဲ့ပါတယ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*