မိတ်ဆွေတို့ရေ မင်းသမီးချောလေး ဆုမြတ်နိုးဦးကတော့ အမြဲပွင့်လင်းသွက်လက်တဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် အမျိုးသားပရိသတ်တွေတင်မကဘဲ အမျိုးသမီးပရိသတ်တွေရဲ့အားပေးဝန်းရံခြင်းကို
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ရရှိပိုင်ဆိုင်နေသူတစ်ယောက်ပါ။ ဆုမြတ်နိုးဦးလို့ပြောလိုက်တာ မင်းသားကျော်ကျော်နဲ့ ညီထွဋ်ခေါင်ကို ပြေးမြင်မိကြမှာပါ။ သူမတို့ သူငယ်ချင်း၃ယောက်ရဲ့ ဟာသဗီဒီယိုဖိုင်လေးတွေကိုဆိုရင်လည်း ပရိသတ်တွေက
အထူးအားပေးနှစ်ခြိုက်ခဲ့ကြတာပါ။ အခုဆိုရင် ဆုမြတ်နိုးဦးရဲ့မိခင်ကြီး ကွယ်လွန်သွားတာ ၂နှစ်ကျော်ကာလကို ရောက်ရှိလို့နေပါပြီနော်။ မိခင်ကိုဆုံု းရှုံးလိုက်ရတဲ့ သူမအတွက်ကတော့ အမှောင်မိုက်ဆုံးနေ့ရက်တွေပါပဲ။
အခုလည်း ဆုမြတ်နိုးဦးက သူမရဲ့ မွေးနေ့အကြိုပြုလုပ်တဲ့ ပွဲလေးမှာ သူမရဲ့မိခင်ကြီးကို ရှိစေချင်တဲ့အကြောင်း ရင်ဖွင့်ပြောပြလာတာပဲဖြစ်ပါတယ်။ ဆုမြတ်နိုးဦးက သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ
”မေမေ့ကိုရှိနေစေချင်ခဲ့တဲ့မွေးနေ့အကြိုလေး မေမေသာရှိရင် သိပ်ပျော်နေမှာလို့ပြောဖြစ်ကြတဲ့နေ့လေး မိသားစုတွေနဲ့ မေမေ့သူငယ်ချင်းတွေဆုံနေပေမဲ့မေမေ မပါတော့တဲ့မွေးနေ့အကြိုလေးတစ်ခုရဲ့အမှတ်တရပါ
သမီးအမြဲတမ်းပြုံးရယ်နေပါတယ်မေမေရေ”ဆိုတဲ့စာလေးနဲ့ မွေးနေ့အကြိုပြုလုပ်ဖြစ်ခဲ့တဲ့ပုံရိပ်ပ်လေးတွေကို ဝေမျှလာခဲ့တာပဲဖြစ်ပါတယ်။ မိခင်ကြီးအတွက် အမြဲသတိတရနဲ့ အလှူအတန်းတွေပြုလုပ်လေ့ရှိတဲ့
ဆူမြတ်နိုးဦးက အခုလိုသူမရဲ့ပျော်စရာအချိန်လေးတွေမှာလည်းမိခင်ကြီးကို သတိတရအမြဲရှိနေတတ်သူလေးပါ။ မမိတ်ဆွေတို့လည်း ဆုမြတ်နိုးဦးအတွက် မွေးနေ့အကြိုဆုတောင်းပေးခဲ့ကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply