
ဒီကနေ့ဇူလိုင်(၁၅)ရက်မွန်းလွဲပိုင်းက မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ၁၃၃ လမ်းနဲ့ ၁၃၄ လမ်းကြား၊ ၇၈ လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ဓ ားပြတို က်မှုမှာ ကျပ်သိန်း(၁၈၀၀)ကျော်ပါသွားပြီး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဒါဟာPDFတွေလုပ်ဆောင်တာလို့ စစ်အုပ်စုဘက်က ရုပ်သံဖိုင်နဲ့အတူ ဖော်ပြနေတာတွေ့ရပါတယ်။ဓ ါးပြတိုက်သူတွေဟာ ဆိုင်ကယ်(၂)စီးနဲ့ အမျိုးသား(၂)ဦးရောက်လာပြီး ဘဏ်အတွင်းက ကွန်ပျူတာနဲ့ ပစ္စည်းအချို့ကို ရို က်ခွဲဖျ က်ဆီးခဲ့ကာ
PVCပိုက်နဲ့လုပ်ထားတဲ့ လက်လု ပ်မို-င်းတစ်လုံးကိုလည်း မှန်ကောင် တာပေါ် တင်သွားခဲ့ပြီး ပိုက်ဆံတွေယူကာ ပြန်ထွက်သွားတယ်လို့ သိရပါတယ်။“ဓ ားပြတို က်တယ်လို့တော့ ပြောကြတယ်။ တို က်မှန်းတောင်မသိပါဘူး။
FB ပေါ်မှာ တွေ့မှဓ-ါးပြတိုက်မှန်းသိရတာ။ ပိုက်ဆံလည်းအဲ့လောက်တောင်ပါသွားတယ်ဆိုတာသိရတာ”လို့ အဲ့ဒီအနီးကဒေသခံ တစ်ဦးက ပြောပါတယ်။ လက်ရှိ ဓ ားပြတို က်ခံရတဲ့ ဘဏ်အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိနေပြီး
အဲ့ဒီအနီးကလူတွေကို စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ Video-KBZ ဘဏ် ဓ ါးပြတို က်ခံရပြီးနောက် ဖော်ပြလာတဲ့ရုပ်သံဖိုင် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply