မိတ်ဆွေတို့ရေ ဟာသလူရွှင်တော်ကြီး ဦးမန်းဝင်းကတော့ က ွယ်လွန်သွားပြီဖြစ်ပေမယ့်လည်း သူ့ရဲ့အနုပညာဂုဏ်သတင်းတွေကတော့ ပရိသတ်တွေရင်ထဲ အမြဲထာဝရ အမှတ်ရနေသလို အနုပညာသမိုင်းမှာလဲ မှေးမှိမ်ပျောက်ကွယ်ခြင်း
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အလျဉ်းမရှိပါဘူးနော်။ စင်မြင့်ပေါ်မှာ ပြက်ခဲ့တဲ့ ဟာသပြက်လုံးများကလည်း ပရိသတ်တွေကြား အင်မတန်ရေပန်းစားခဲ့ပြီး ပရိသတ်တွေအတွက် ဟဒယရွှင်ဆေးဖြစ်ခဲ့ပါတယ်။ ဦးမန်းဝင်း က.ွယ်လွန်သွားတဲ့အချိန်တုန်းက
အနုပညာလောကအတွက် တန်ဖိုးရှိတဲ့သူတစ်ယောက် ဆုံ းရှုံးခဲ့တာကြောင့် အနုပညာမောင်နှမတွေအပြင် ပရိသတ်တွေကပါ များစွာစိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ဦးမန်းဝင်းရဲ့ သမီးဖြစ်သူ ဟေမာမန်းဝင်းကလည်း
ဖခင်တစ်ယောက် ဆုံ းရှုံးခဲ့ရတာကြောင့် ယနေ့အချိန်ထိ ယူကျုံးမရဖြစ်ပြီး ဝမ်းနည်းပ.ူဆွေးနေရတာပါ။ မကြာခဏဆိုသလိုလည်း ဖခင်ကြီးနဲ့ပတ်သက်ပြီး သတိရလွမ်းဆွတ်မိတဲ့ သူမရဲ့ခံစားချက်လေးတွေ
ဖော်ပြတာတွေရှိပါတယ်။ ယခုမှာလည်း ဟေမာမန်းဝင်းက ဖခင်ကြီး ဦးမန်းဝင်းကို လွမ်းဆွတ်သတိရကြောင်း ပရိသတ်တွေကို ရင်ဖွင့်ပြောပြလာခဲ့တာ တွေ့ရပါတယ်။ ဟေမာမန်းဝင်းရဲ့ လူမှုကွန်ယက်မှာတော့
” ဖေဖေသာရှိရင် ဟေမာဈေးရောင်းနေတာကြည့်ပြီး လက်ခုပ်လေးတီး အားပေးနေမယ်ဆိုတာ သမီးယုံတယ် ငပေါမကြီးဆိုပြီး စနေမှာ။ အခုတော့ သမီးတစ်ယောက်တည်း ရုန်းနေရပြီ ဖေဖေရေ”ဟုဆိုကာ စိတ်မကောင်းစွာနဲ့
ဖခင်ကြီးကို သတိရတမ်းတနေတာဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့လည်း ဖခင်ကြီးဦးမန်းဝင်းကိုသတိရတမ်းတနေတဲ့ ဟေမာမန်းဝင်းကို အားပေးစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply