
မိတ်ဆွေတို့ရေ ရုပ်သံဇာတ်လမ်းတွဲတွေခေတ်စားလာတာနဲ့အမျှ မြန်မာဇာတ်လမ်းတွဲတွေကို ပရိသတ်တွေ အားပေး ကြည့်ရှုလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်အချစ်တော် ဇာတ်လမ်းတွဲမင်းသမီးတွေထဲက
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပန်းနုသွေးဇာတ်လမ်းတွဲနဲ့လူသိများလာပြီး အရိပ်ဇာတ်လမ်းတွဲနဲ့ပုဂံမြို့သူဇာတ်လမ်းတွဲတွေကနေ ပရိသတ်အချစ်တွေကို ပိုမိုရရှိသိမ်းပိုက်နိုင်ခဲ့သူကတော့ မင်းသမီးချောလေး မေမြင့်မိုရ်ပဲ ဖြစ်ပါတယ်။
လက်တလောမှာ သူမရဲ့ဇာတ်လမ်းတွဲတွေနဲ့ဝေးကွာနေတဲ့ပရိသတ်တွေအတွက် အထူးသတင်းကောင်းလေးရောက်ရှိလာပါပြီနော်။ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးကို ပျိုတိုင်းကြိုက်တဲ့ မင်းသားချောလေးကောင်းမြတ်စံနဲ့
တွဲဖက်ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းတွဲလေးရဲ့နာမည်ကတော့ “ရွာလည်တဲ့ဖူးစာ”ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးကို ဇူလိုင်လ ၂၂ရက်မှစတင်ပြီး အပတ်စဉ် တနင်္လာမှသောကြာနေ့ ည ၇နာရီတွင်
အမ်အာတီဗွီ-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားတော့မှာဖြစ်တဲ့အကြောင်း မေမြင့်မိုရ်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ “ရွာလည်တဲ့ဖူးစာ ဇာတ်လမ်းတွဲလေးကို ဇူလိုင်လ ၂၂ရက်မှစတင်ပြီး
အပတ်စဉ် တနင်္လာမှသောကြာနေ့ ည ၇:၀၀ တွင် MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားတော့မှာဖြစ်ပါတယ်နော် မျှော်နေတဲ့သူလေးတွေအတွက်လာပါပြီရှင့်”ဆိုတဲ့captionလေးနဲ့ ပရိသတ်တွေကို
အသိပေးချပြလာခဲ့တာပဲဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ မင်းသမီးလေးမေမြင့်မိုရ်ရဲ့ “ရွာလည်တဲ့ဖူးစာ” ဇာတ်လမ်းတွဲလေးကို အားပေးကြည့်ရှူကြမယ်ဆိုရင် မှတ်ချက်ပေးခဲ့ကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply