ဟော်တယ်တစ်ခုမှာ ကိုယ်တိုင်ကြုံတွေခဲ့ရတဲ့ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကိုပြောပြလာတဲ့ သရုပ်ဆောင်ဆောင်းဝတ်ရည်မေ
ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ သရုပ်ဆောင်ဆောင်းဝတ်ရည်မေ ကသူမကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အဖြစ်ဆိုးကြီးကိုအခုလို ရင်ဖွင့်လာခဲ့ပါတယ်နော်။သရုပ်ဆောင်ဆောင်းဝတ်ရည်မေက
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
“သူများတွေသရဲခြောက်ခံရကြောင်းပြောနေကြလို့ကိုယ်လည်းပြောပြဦးမယ် ကိုယ်ပဲ သရဲခြောက်ခံရတာလား အဲ့ညကလက်ဖက်တွေစားအိပ်လို့ သွေးလေခြောက်ချားပြီး ဘီလူးစီးတာလားပဲ ( အမေကတော့ အဲ့လိုပြောတာပဲ )။
ဘဝမှာ ပထမဆုံး ဘုရားစားပါမေ့တာပဲ။ နှစ်ကအတော်ကြာပြီ၊ နေပြည်တော်ကHotelတစ်ခု့မှာတည်းရတာ၊ အဲ့မှာနေတာလည်း လအတော်ကြာပြီ တစ်ခါမှမဖြစ်ဘူး၊ အဲ့တစ်ရက်ပဲကြုံတာ၊ ဖြစ်ချင်တော့အဲ့နေ့ကညအိပ်ခါနီး
သားအမိနှစ်ယောက် လက်ဖက်တွေစားပြီး ရုပ်ရှင်ကြည့် အိပ်သွားရော၊အိပ်ပျော်သွားတော့ အိပ်မက်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်နေရတယ်အိပ်နေတာကို၊ အိပ်မက်ထဲမှာလည်း ကိုယ်က အိပ်မက်ပြန်မက်နေသလိုဖြစ်နေတာ၊ ကိုယ့်ကုတင်းမျက်စောင်းထိုးနားမှာ
ဗီဒိုတစ်ခု့ရှိတယ်၊ အဲ့နားမှာ တစ်ယောက်ယောက်ရပ်နေပြီး ကိုယ့်ကိုယ်ကြည့်နေတာ ခံစားနေရတယ်။တစ်ယောက်ယောက်ရှိနေတာကိုလည်းသိနေတယ်၊ အမေက ဟိုဘက်ကုတင်မှာ အိပ်နေတယ်၊ အမေ့ကို အိပ်မက်ထဲမှာ လှမ်းခေါ်တယ်
အမေ အမေ နဲ့ အသံကလုံးဝမထွက်ဘူး ခေါ်လို့မရဘူး၊ အဲ့ ရပ်ကြည့်နေတဲ့ဟာကြီးက ကိုယ့်အနားတဖြည်းဖြည်းနဲ့ တိုးလာတာကို သိနေတယ် အမေ့ကို အိပ်မက်ထဲမှာခေါ်နေတာ လုံးဝကိုမရတာ ထသွားဖို့ကြိုးစားတယ် မရဘူး၊
တစ်ကိုယ်လုံးလေးနေသလိုခံစားရတာ၊ ခြေထောက်တွေ လုံးဝရွေ့မရဘူး လူရဲ့ လှုပ်ရှားမှု့တွေက အရမ်းနှေးကွေးနေတာ၊ ရပ်ကြည့်နေတဲ့ဟာကြီးကလည်း ကိုယ့်နားကို တဖြည်းဖြည်းရောက်လာပြီး အိပ်ယာဘေးကိုရောက်လာတဲ့ထိ အနားလာတာ၊
မသိရင် တကယ်ကြီးအပြင်မှာ ကိုယ့်အနားမှာ ရောက်နေသလိုခံစားရတာ။ အဲ့ရပ်ကြည့်နေတာက ကိုယ့်ကို အသံမထွက်နိုင်မလှုပ်နိုင်မှန်းသိလို့ ရီသလိုလုပ်ပြီး အနားကို ပိုပိုတိုးလာတာ၊ နောက်ဆုံးမှ သူမျက်နှာနားရောက်ခါနီးမှ
ကိုယ့်မှာ ရုတ်တရက်လန့်နိုးသွားပြီး အမေ့ကို လှမ်းကြည့်ပြီး အမေ့ကုတင်ပေါ်တက်ပြေးပြီး အမေ့ဘေးအိပ်ရတယ်၊ အမေက ဘုရားစားဆိုပြီး ပြန်အိပ်လိုက်ပြောလို့၊ ဘုရားစားတောင် ဩကာသပြီးရင် ဘာဆက်လာလည်းတောင် မမှတ်မိတော့ပဲ
ပါးစပ်ကမထွက်နိုင်ပဲမေ့တဲ့ထိဖြစ်သွားတာ၊ အဲ့ဘီရိုနားတောင်ကိုယ့်မှာ မကြည့်ရဲဘူး ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*