မအလတို့ သီရိလင်္ကာကို ဆန်တန်ချိန်တစ်ထောင် လှူဒါန်းမယ်ဆိုသည့်အပေါ် ထိထိမိမိထောက်ပြလိုက်တဲ့ ပန်ဆယ်လို
မိတ်ဆွေတို့ရေ ပြည်သူ့အချစ်တော် ပန်ဆယ်လိုဟာ စစ်တပ်အာဏာသ.ိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလကစပြီး ယခုအချိန်ထိ တော်လှန်ရေးကြီးမှာ ပြည်သူတွေနဲ့တသားတည်းရပ်တည်ခဲ့သူပါ။ ပြတ်သားတဲ့ ရပ်တည်ချက်၊
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ခိုင်မာတဲ့ ယုံကြည်ချက်တွေနဲ့အတူ သူမ တတ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးကြီးကို အစွမ်းကုန် အားဖြည့်ပေးနေခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်ကြာကာလကိုတောင် ရောက်ရှိလို့လာခဲ့ပါပြီ။
အခုလို တော်လှန်ရေးကြီး အချိန်ကြာညောင်းလာပေမယ့် သူမရဲ့ တော်လှန်ရေးစိတ်ဓာတ်ကတော့ အားလျော့မသွားပဲ ယခုထိတိုင် ထက်သန်နေဆဲ ပို၍ထက်သန်လာဆဲဆိုတာ သူမ လုပ်ဆောင်နေတဲ့
တော်လှန်ရေးထောက်ပံ့လုပ်ငန်းစဉ်တွေကိုကြည့်ရင် သိနိုင်ပါတယ်။ ပန်ဆယ်လိုဟာ သူမရဲ့ ပြတ်သားခိုင်မာတဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့ တော်လှန်ရေးအတွက် ကိုယ်ကျိုးမငဲ့ လုပ်ဆောင်ပေးမှုတွေကြောင့်
ပြည်သူတွေရဲ့မေတ္တာကို ပိုတိုးလို့ ရရှိနေတာပဲဖြစ်ပါတယ်။ တော်လှန်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနေတဲ့ ပန်ဆယ်လိုက မင်းအောင်လှိုင်တို့ သီရိလင်္ကာကို ဆန်တန်ချိန်တစ်ထောင် လှူပြီး
မျက်နှာလုပ်ချင်တဲ့အပေါ် အခုလို ထိထိမိမိပြောဆိုလာပါတယ်။ ပန်ဆယ်လိုက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ “မင်းအောင်လှိုင်တို့က သီရိလင်္ကာကို ဆန်တန်ချိန်တစ်ထောင် လှူမယ်တဲ့။
ရှားရှားပါးပါး သံတမန်ခန့်အပ်လွှာပေးတဲ့ နိုင်ငံဆိုတော့ မျက်နှာလုပ်ချင်တဲ့သဘောပေါ့။ သူ့ဖာသာသူ မျက်နှာပဲလုပ်လုပ်၊ မျက်နှာပဲ အလုပ်ခံခံ ကိုယ်တွေကိစ္စ မဟုတ်ဘူး။ ဆန်စပါးတန်ချိန်အများအပြားထွက်တဲ့
စစ်ကိုင်းလိုနေရာမျိုးကို မီ းတင်ရှို့ထားတော့ တောင်သူတွေလည်း လယ်မစိုက်နိုင်။ နောက်နှစ်လောက်ကျ ဖြစ်လာမယ့်ဆန်ရှားပါးမှု၊ အင တ်ဘေးသင့်နိုင်တဲ့ ပြသနာကို မအေ-ိုးကြီးများ ဘယ်လိုချီ.းဦးနှောက်နဲ့ ဖြေရှင်းမလဲ
သိချင်တယ်။ ဆန်မစားနဲ့ ဂျုံစားဆိုပြီး တီဗွီမှာ မဲမဲမဲမဲနဲ့တစ်ကောင် တက်ပြောဦးမယ်။ ကျက်သတုံးတွေ”ဆိုပြီး ပြောဆိုလာတာဖြစ်ပါတယ်။ ဒီကျ က်သတုံးတွေကတော့ နောက်နှစ်အထိ မခံနိုင်တော့ပါဘူး။
အေးအေးဆေးဆေး တောင်ယာလုပ်စားတဲ့ ပြည်သူတွေကို ဖျ က်စီးပြီး သူတပါးနိုင်ငံကို ဆန်တန်ချိန်အများကြီးလှူဒါန်းမယ့် မအလတို့ရဲ့ဦးနှောက်ကိုတော့ တကယ်လ.က်လန်မိတယ်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*