ချစ်ရတဲ့မိခင်ကြီးရဲ့မွေးနေ့အတွက် ချစ်စဖွယ်မွေးနေ့ဆုတောင်းစကားလေးဆိုလိုက်တဲ့ ဧငြိမ်းဖြူ

မိတ်ဆွေတို့ရေ မင်းသမီးချောလေး ဧငြိမ်းဖြူကတော့ ရေဒီယိုဇာတ်လမ်းတွဲတွေကို ပြန်လည်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိပိုင်ဆိုင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

သူမက သရုပ်ဆောင်ပိုင်းမှာသာမက အကပိုင်းမှာပါ ထူးချွန်သူလေးပါနော်။ ဗိုလ်ဆန်တဲ့ ရုပ်ရည်သွင်ပြင်ရှိပြီး မိမိုက်စမတ်ကျလွန်းတဲ့ဖက်ရှင်ဒီဇိုင်းတွေကို ဝတ်ဆင်လေ့ရှိတဲ့အပြင် ခန္ဓာကိုယ်အချိုးအစစ်လည်း

အလွန်လှပသူတစ်ယောက်ပါ။ အဆိုတော်ရဲရင့်အောင်ရဲ့ ကောင်မလေးလည်းဖြစ်သလို သူတို့အတွဲလေးက လိုက်ဖက်ညီလွန်းလှတာကြောင့် ပရိသတ်တွေ စံနမူနာထားရတဲ့အိုင်ဒေါစုံတွဲလို့ သတ်မှတ်ခံထားရပါတယ်။

ဒီနေ့ ဇူလိုင်လ (၁၄)ရက်နေ့ကတော့ မင်းသမီးချောလေး ဧငြိမ်းဖြူရဲ့ မိခင်ကြီး မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဧငြိမ်ဖြူကတော့ သူမမိခင်ကြီးရဲ့ မွေးနေ့အတွက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့

My Dayကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါသေးတယ်။ “Happy Birthday Omaaaa Love u So much Mwak Mwak” ဆိုပြီး မိခင်ကြီးရဲ့ ပုံလေးနဲ့ဆုတောင်းထားခဲ့တာပါ။ Happy Birthday ပါ အန်တီရေ

ချစ်ရတဲ့ မိသားစုလေးရဲ့ ပျော်ရွှင်မှုတွေပဲရရှိပါစေလို့ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်နော်။ မိတ်ဆွေတို့လည်း ဧငြိမ်းဖြူရဲ့ မိခင်ကြီးမွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်







Be the first to comment

Leave a Reply

Your email address will not be published.


*