ပရိသတ်ကြီးရေ တစ်ခေတ်တခါက အတွဲညီညီသရုပ်ဆောင်ခဲ့တဲ့ လူရွှင်တော်ကြီးတွေကတော့ ကွယ်လွန်သွားခဲ့ပေမယ့်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ယနေ့တိုင်ပရိသတ်တွေရင်ထဲမှာ နေရာယူထားဆဲပါပဲ။ အကောင်းမွန်ဆုံး ပြက်လုံးတွေနဲ့ ပရိသတ်တွေကို တင်ဆက်ပေးခဲ့တဲ့ တစ်ချိန်က သရဲလေးကောင် လို့ နာမည်ကြီးခဲ့တဲ့
လူရွှင်တော်အဖွဲ့တစ်ခု ရှိခဲ့ပါတယ်။ သရဲလေးကောင်အဖွဲ့ ဟာ ဟာသဇာတ်ကားတွေထဲမှာလဲ အတွဲညီညီနဲ့ သရုပ်ဆောင်နိုင်ကြသူတွေလဲ ဖြစ်ပါတယ်။ သရဲလေးကောင်အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တဲ့ လူရွှင်တော်ကြီး ကင်းကောင် ကတော့
နယ်မြို့တစ်နေရာမှာ ရုပ်ရှင်ရိုက်ကူးဖို့ သွားရင်းနဲ့ ကွယ်လွန်သွားခဲ့တာ ၃ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ လူရွှင်တော်ကြီး ငှက်ပျောကြော် ကတော့ အခင်မင်ဆုံး သူငယ်ချင်းတစ်ဦးဖြစ်တဲ့ ကင်းကောင် ကို
အရမ်းလွမ်းနေတဲ့အကြောင်း ရင်ဖွင့်လာခဲ့ပါတယ်။” ညကြီး အချိန်မတော်ကြမှ မင်းကိုသတိရနေတယ် သူငယ်ချင်းရာ” လို့ ကင်းကောင် ရဲ့ ဓာတ်ပုံနဲ့အတူ စာသားလေးတစ်ကြောင်းကို စိတ်မကောင်းစွာ ရေးသားထားတာကို တွေ့ရပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply