
သရုပ်ဆောင် မေသက်ခိုင် ကတော့ ပီပြင်သော သရုပ်ဆောင်မှုတွေ နဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့အားပေးမှုကို
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အခိုင်အမာ ရရှိထားခဲ့ သူလေးပဲ ဖြစ်ပါတယ်နော်။မေသက်ခိုင်ဟာ ဆိုရင် ဗီဒီယိုခေတ်ထဲက ဗီဒီယိုဇာတ်ကားပေါင်း များစွာနဲ့ ရုပ်ရှင်ကားကြီးတွေမှာ ကျရာဇာတ်ရုပ်မှာ ဆေးစက်ကျရာ အရုပ်ထင်စေနိုင်ခဲ့တဲ့အထိ
သရုပ်ဖော်ပြသ နိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး လုံးဝန်းပြီး ချစ်စရာကောင်းသော မျက်နှာလေးနဲ့ ဆွဲဆောင်မှုရှိသော အပြစ်ကင်းသော ပုံစံလေးကြောင့် ပရိသတ်တွေ သတိထားမိခဲ့ရာမှ သူမရဲ့သရုပ်ဆောင်မှုတွေကို
နှစ်သက်သဘောကျကာ အမြို့မြို့ အနယ်နယ်မှ ပရိသတ်တို့ရဲ့ အားပေးခြင်းကို ခံခဲ့ရတဲ့ ပရိသတ်အချစ်တော် မင်းသမီးလေး ဖြစ်လာခဲ့တာ ဖြစ်ပြီး ယခုနောက်ပိုင်း ကားရိုက်တွေ ကျဲသွားပေမယ့်အနုပညာချစ် ပရိသတ်ကြီးကတော့
သူတို့ချစ်သော မင်းသမီးလေးကို မမေ့မလျော့နဲ့ ချစ်ဆဲ ကြင်နာဆဲ အားပေးလျှက်ရှိကြဆဲ ပါပဲနော်။ အခုတစ်ခါမှာဆိုရင် သရုပ်ဆောင်မင်းသမီးချောလေး မေသက်ခိုင်က သူမ မရှိတော့လျှင် သူမရဲ့ခန္ဓာကိုယ်ကို
ဆေးပညာအတွက် လေ့လာအသုံးပြုနိုင်စေရန် အတွက် ဆေးတက္ကသိုလ်သို့ လှူဒါန်းထားတယ် ဆိုတဲ့ အကြောင်းကို လှူဒါန်းမှုမှတ်တမ်း ပုံလေးကို တင်ပြီး အသိပေး ပြောပြလာတာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ။
ဒီလို ခန္ဓာကိုယ်ကို လှူတယ်ဆိုတာဟာ ဆေးပညာအကျိုးကို အများကြီး ဖြစ်ထွန်းစေနိုင်တာမို့ တကယ့်ကို မွန်မြတ်လှသော အလှူဒါနကြီး တစ်ခုဖြစ်တာမို့ မင်းသမီးချောလေး မေသက်ခိုင်ရဲ့ အလှူကုသိုလ်ဟာ
တကယ့်ကို လေးစားချီးကျူးဖွယ်ရာ ပါပဲနော်။ပြည်သူချစ်တဲ့ မင်းသမီးလေးရဲ့ ပြည်သူ့အကျိုး ဆေးပညာ အကျိုးအတွက် လှူဒါန်းပေးဆပ်မှုကို ပရိသတ်ပြည်သူများ မှလည်း ဝမ်းမြောက်ပီတိ ဖြစ်စွာနဲ့ သာဓုခေါ် ပေးကြပါအုံးနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
သ႐ုပ္ေဆာင္ ေမသက္ခိုင္ ကေတာ့ ပီျပင္ေသာ သ႐ုပ္ေဆာင္မႈေတြ နဲ႕အတူ က်ရာဇာတ္ေကာင္ေတြမွာ အေကာင္းဆုံး သ႐ုပ္ေဆာင္နိုင္ခဲ့တာေၾကာင့္ ပရိတ္သတ္ေတြရဲ႕အားေပးမႈကို
အခိုင္အမာ ရရွိထားခဲ့ သူေလးပဲ ျဖစ္ပါတယ္ေနာ္။ေမသက္ခိုင္ဟာ ဆိုရင္ ဗီဒီယိုေခတ္ထဲက ဗီဒီယိုဇာတ္ကားေပါင္း မ်ားစြာနဲ႕ ႐ုပ္ရွင္ကားႀကီးေတြမွာ က်ရာဇာတ္႐ုပ္မွာ ေဆးစက္က်ရာ အ႐ုပ္ထင္ေစနိုင္ခဲ့တဲ့အထိ
သ႐ုပ္ေဖာ္ျပသ နိုင္ခဲ့သူ တစ္ဦးျဖစ္ၿပီး လုံးဝန္းၿပီး ခ်စ္စရာေကာင္းေသာ မ်က္ႏွာေလးနဲ႕ ဆြဲေဆာင္မႈရွိေသာ အျပစ္ကင္းေသာ ပုံစံေလးေၾကာင့္ ပရိသတ္ေတြ သတိထားမိခဲ့ရာမွ သူမရဲ႕သ႐ုပ္ေဆာင္မႈေတြကို
ႏွစ္သက္သေဘာက်ကာ အၿမိဳ႕ၿမိဳ႕ အနယ္နယ္မွ ပရိသတ္တို႔ရဲ႕ အားေပးျခင္းကို ခံခဲ့ရတဲ့ ပရိသတ္အခ်စ္ေတာ္ မင္းသမီးေလး ျဖစ္လာခဲ့တာ ျဖစ္ၿပီး ယခုေနာက္ပိုင္း ကားရိုက္ေတြ က်ဲသြားေပမယ့္အႏုပညာခ်စ္ ပရိသတ္ႀကီးကေတာ့
သူတို႔ခ်စ္ေသာ မင္းသမီးေလးကို မေမ့မေလ်ာ့နဲ႕ ခ်စ္ဆဲ ၾကင္နာဆဲ အားေပးလွ်က္ရွိၾကဆဲ ပါပဲေနာ္။ အခုတစ္ခါမွာဆိုရင္ သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလး ေမသက္ခိုင္က သူမ မရွိေတာ့လွ်င္ သူမရဲ႕ခႏၶာကိုယ္ကို
ေဆးပညာအတြက္ ေလ့လာအသုံးျပဳနိုင္ေစရန္ အတြက္ ေဆးတကၠသိုလ္သို႔ လႉဒါန္းထားတယ္ ဆိုတဲ့ အေၾကာင္းကို လႉဒါန္းမႈမွတ္တမ္း ပုံေလးကို တင္ၿပီး အသိေပး ေျပာျပလာတာပဲ ျဖစ္ပါတယ္ ပရိသတ္ႀကီးေရ။
ဒီလို ခႏၶာကိုယ္ကို လႉတယ္ဆိုတာဟာ ေဆးပညာအက်ိဳးကို အမ်ားႀကီး ျဖစ္ထြန္းေစနိုင္တာမို႔ တကယ့္ကို မြန္ျမတ္လွေသာ အလႉဒါနႀကီး တစ္ခုျဖစ္တာမို႔ မင္းသမီးေခ်ာေလး ေမသက္ခိုင္ရဲ႕ အလႉကုသိုလ္ဟာ
တကယ့္ကို ေလးစားခ်ီးက်ဴးဖြယ္ရာ ပါပဲေနာ္။ျပည္သူခ်စ္တဲ့ မင္းသမီးေလးရဲ႕ ျပည္သူ႕အက်ိဳး ေဆးပညာ အက်ိဳးအတြက္ လႉဒါန္းေပးဆပ္မႈကို ပရိသတ္ျပည္သူမ်ား မွလည္း ဝမ္းေျမာက္ပီတိ ျဖစ္စြာနဲ႕ သာဓုေခၚ ေပးၾကပါအုံးေနာ္။ ခရက္ဒစ္
Leave a Reply