အိမ်ပေါင်ပြီး ခါးရိုးခွဲစိတ်မှုပြုလုပ်မည်ဆိုတဲ့ ဦးချစ်ချောအတွက် ကုန်ကျစရိတ်အားလုံးကို တစ်ဦးတည်းလှူဒါန်းသွားမည့် ကောင်းထက်ဇော်
ပရိသတ်ကြီးရေ ခါးရိုးခွဲစိတ်ကုသဖို့အတွက် ငွေကြေးအခက်အခဲဖြစ်နေတဲ့ ဟာသလူရွှင်တော်ချစ်ချောကတော့ အိမ်ကိုရောင်းပြီး ကုသသွားမယ်လို့ပြောထားတာဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဒီနေ့မှာတော့ အစီအစဉ်တင်ဆက်သူ ကိုကောင်းထက်ဇော်က ခွဲစိတ်ဖို့အတွက် လိုအပ်တဲ့ ငွေအားလုံးကို လှူဒါန်းသွားမယ့်အကြောင်း ဦးချစ်ချောက ဝမ်းသာစွါပြောလာတာဖြစ်ပါတယ်။ ဟာသလူရွှင်တော်ချစ်ချောက
ကောင်းထက်ဇော်မှခါးရိုးခွဲစိတ်မှုအတွက် ကုန်ကျစရိတ်အားလုံး (26 သိန်းခန့်)ကို သူတစ်ဦးတည်းတာဝန်ယူလှူဒါန်းပါမည်ဟုအားပေးစကားပြောလာပါသည်။ ကျွန်တော်ကလက်ရှိရရှိထားပြီးထောက်ပံ့ငွေ
ဆယ်သိန်းခန့်ရရှိနေပြီး(ဆရာ ဦးသီ နှင့် ကိုဒိန်းဒေါင်တို့လှူဒါန်းငွေ ခြောက်သိန်းအပါအဝင်) ဖြစ်ကြောင်းတင်ပြသောအခါ ထိုငွေများကိုအခြားကုန်ကျစရိတ်များတွင်သုံးလိုက်ပါဟုပြောပါသည်။အကယ်၍ ပိုလျှံငွေများရှိလာပါက
ယခုလှူထားသောအလှူရှင်များး၏သဘောတူညီချက်ရယူပြီးအခြားလိုအပ်သောနေရာများသို့ သွားရောက်လှူဒါန်းရန်စဉ်းစားမိပါတယ်လို့ လူရွှင်တော်ဦးချစ်ချောကပြောလာတာဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*