အနုပညာလောကကို စွန့်လွှတ်ပြီး ဘဝကို ရဟန်းအဖြစ်နဲ့ ဖြတ်သန်းတော့မယ့်အကြောင်း ပရိသတ်ကို အသိပေးလာတဲ့ အဆိုတော် မနော

မိတ်ဆွေတို့ရေ အဆိုတော်မနောကတော့ ဂီတအနုပညာလောကမှာ နှစ်အတန်ကြာ ကျင်လည်ပြီးနောက် ဗိုလ်အောင်ဒင်သီချင်းနဲ့ တစ်တိုင်းပြည်လုံး သိစေနိုင်ခဲ့တဲ့အထိ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားတဲ့

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

အဆိုတော်တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် တေးသံရှင် မနောဟာ မြန်မာသံချိုချိုလေးတွေနဲ့ ကျေးလက်သဘာဝ သံစဉ် တေးသီချင်းများကို ပီပြင်ပိုင်နိုင်စွာ ပရိသတ်ရင်ထဲထိအောင် သီဆိုလေ့ရှိတဲ့ အနုပညာရှင်ဖြစ်ပါတယ်။ မနောဟာဆိုရင်တော့

ရသမျှအချိန်တိုင်းမှာလည်း ပရဟိတသီချင်းများနဲ့ လူမှုရေးအလုပ်တွေကိုလည်းစေတနာအပြည့်နဲ့ ဆောင်ရွက်တတ်သူ တစ်ယောက်ပါ။ ဒီနေ့မှာတော့ အလှူအဒါန်းတွေ ရက်ရောသလို၊ မကြာမကြာ သင်္ကန်းစည်းလေ့ရှိတဲ့ အဆိုတော်မနောက

ရှိုးပွဲတွေ မဆိုတော့ဘဲ ရာသက်ပန်ဘုန်းကြီးဝတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဖွင့်ဟ ပြောလာတာဖြစ်ပါတယ်။ အဆိုတော်မနောဟာ သူကိုယ်တိုင် ယခုလို ရာသက်ပန်ဘုန်းကြီးဝတ် တော့မယ်လို့ မပြောလာခင် အရင်လပိုင်းတုန်းကလည်း သူ့ကဲ့သို့ပင်

ဘာသာတရား ကိုင်းရှိုင်းလွန်းလှတဲ့ ချစ်လှစွာသော သားနဲ့သမီးကို ရာသက်ပန်သာသနာ့ဘောင်သို့ သွတ်သွင်းပေးခဲ့တာလည်း တွေ့ရပါတယ်။ သားနဲ့သမီးတို့ သာသနာ့ဘောင်သို့ ကူးပြောင်းသွားပြီးနောက် နိုင်ငံကျော်အဆိုတော် မနောက သူကိုယ်တိုင်လည်း

သူချစ်သော ဂီတအနုပညာကို ကျောခိုင်းပြီး လူဝတ်ကြောင်ကို စွန့်ခွာကာ သာသနာ့ဘောင်သို့ ရာသက်ပန်ကူးပြောင်းတော့မည်ဖြစ်ကြောင်း ယနေ့မှာ ချစ်ပရိသတ်တွေကို ကြိုတင် အသိပေး ပြောကြားလာတာပဲ ဖြစ်ပါတယ်။ မနောက “အနုပညာသမား တစ်ယောက်ဟာ

အင်မတန် ပျက်စီး လွယ်တယ်။ တော်တော် ကြောက်စရာ ကောင်းတယ်။ အောင်မြင်မှုတွေရတဲ့အချိန်မှာ ကျနော် တော်တော်လေး သတိကပ်နိုင်ခဲ့လို့ ဒီအနေအထား ရောက်ခဲ့တာပါ။ ကျနော့်ရဲ့ရည်ရွယ်ချက်ကတော့ ဒီတစ်သက် ပွဲတွေမဆိုတော့ဘူး

stage showမဆိုတော့ဘူး ရဟန်းဘဝနဲ့ပဲ အဆုံးသတ်ဖို့ စီစဉ်ထားတာပါ။ နိဗ္ဗာန်နဲ့ ဝေးတဲ့ အဆိုတော်ဘဝကို မခုံမင်တော့ဘူး အောင်မြင်ခြင်း ကျရှုံးခြင်းတွေက တလှည့်စီဖြစ်နေဦးမှာပဲ ဒါ့ကြောင့် အဆိုတော်ဘဝကို ဥပေက္ခာပြုနိုင်ပါတယ် စွန့်လွှတ်နိုင်ပါတယ်

ထုတ်စရာရှိတဲ့ သီချင်းတွေ ထုတ်ပြီးရင် နားတော့မှာပါ။ ဒီတစ်သက် ရှိုးပွဲ မဆိုတော့ပါဘူး။ ရာသက်ပန် ရဟန်းဝတ်ဖို့ ဆုံးဖြတ်ထားတယ်”လို့ အသိပေးပြောကြား လာခဲ့တာပဲ ဖြစ်ပါ တယ်။ တကယ့်ကို လေးစားအတုယူဖွယ် စိတ်ဓာတ်ပိုင်ရှင်ပါပဲနော်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ျဖင့္ ဖတ္ရန္

မိတ္ေဆြတို့ေရ အဆိုေတာ္မေနာကေတာ့ ဂီတအႏုပညာေလာကမွာ ႏွစ္အတန္ၾကာ က်င္လည္ၿပီးေနာက္ ဗိုလ္ေအာင္ဒင္သီခ်င္းနဲ႔ တစ္တိုင္းျပည္လံုး သိေစႏိုင္ခဲ့တဲ့အထိ ဝက္ဝက္ကြဲ​ေအာင္ျမင္ခဲ့ၿပီး ပရိသတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈကို

ရရိွထားတဲ့ အဆိုေတာ္တစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ ေတးသံရွင္ မေနာဟာ ျမန္မာသံခ်ိဳခ်ိဳေလးေတြနဲ႔ ေက်းလက္သဘာဝ သံစဉ္ ေတးသီခ်င္းမ်ားကို ပီျပင္ပိုင္ႏိုင္စြာ ပရိသတ္ရင္ထဲထိေအာင္ သီဆိုေလ့ရိွတဲ့ အႏုပညာရွင္ျဖစ္ပါတယ္။ မေနာဟာဆိုရင္ေတာ့

ရသမ်ွအခ်ိန္တိုင္းမွာလည္း ပရဟိတသီခ်င္းမ်ားနဲ႔ လူမႈေရးအလုပ္ေတြကိုလည္းေစတနာအျပည့္နဲ႔ ေဆာင္ရြက္တတ္သူ တစ္ေယာက္ပါ။ ဒီေန့မွာေတာ့ အလႉအဒါန္းေတြ ရက္ေရာသလို၊ မၾကာမၾကာ သကၤန္းစည္းေလ့ရိွတဲ့ အဆိုေတာ္မေနာက

ရိႈးပြဲေတြ မဆိုေတာ့ဘဲ ရာသက္ပန္ဘုန္းႀကီးဝတ္ဖို႔ ဆံုးျဖတ္ထားတယ္လို႔ ဖြင့္ဟ ေျပာလာတာျဖစ္ပါတယ္။ အဆိုေတာ္မေနာဟာ သူကိုယ္တိုင္ ယခုလို ရာသက္ပန္ဘုန္းႀကီးဝတ္ ေတာ့မယ္လို႔ မေျပာလာခင္ အရင္လပိုင္းတုန္းကလည္း သူ႔ကဲ့သို႔ပင္

ဘာသာတရား ကိုင္းရိႈင္းလြန္းလွတဲ့ ခ်စ္လွစြာေသာ သားနဲ႔သမီးကို ရာသက္ပန္သာသနာ့ေဘာင္သို႔ သြတ္သြင္းေပးခဲ့တာလည္း ေတြ႕ရပါတယ္။ သားနဲ႔သမီးတို႔ သာသနာ့ေဘာင္သို႔ ကူးေျပာင္းသြားၿပီးေနာက္ ႏိုင္ငံေက်ာ္အဆိုေတာ္ မေနာက သူကိုယ္တိုင္လည္း

သူခ်စ္ေသာ ဂီတအႏုပညာကို ေက်ာခိုင္းၿပီး လူဝတ္ေၾကာင္ကို စြန္႔ခြာကာ သာသနာ့ေဘာင္သို႔ ရာသက္ပန္ကူးေျပာင္းေတာ့မည္ျဖစ္ေၾကာင္း ယေန့မွာ ခ်စ္ပရိသတ္ေတြကို ႀကိဳတင္ အသိေပး ေျပာၾကားလာတာပဲ ျဖစ္ပါတယ္။ မေနာက “အႏုပညာသမား တစ္ေယာက္ဟာ

အင္မတန္ ပ်က္စီး လြယ္တယ္။ ေတာ္ေတာ္ ေၾကာက္စရာ ေကာင္းတယ္။ ေအာင္ျမင္မႈေတြရတဲ့အခ်ိန္မွာ က်​ေနာ္ ​ေတာ္​ေတာ္​ေလး သတိကပ္ႏိုင္ခဲ့လို႔ ဒီအေနအထား ေရာက္ခဲ့တာပါ။ က်​ေနာ့္ရဲ႕ရည္ရြယ္ခ်က္က​ေတာ့ ဒီတစ္သက္ ပြဲ​ေတြမဆို​ေတာ့ဘူး

stage showမဆိုေတာ့ဘူး ရဟန္းဘဝနဲ႔ပဲ အဆံုးသတ္ဖို႔ စီစဥ္ထားတာပါ။ နိဗၺာန္နဲ႔ ေဝးတဲ့ အဆို​ေတာ္ဘဝကို မခံုမင္​ေတာ့ဘူး ​ေအာင္ျမင္ျခင္း က်႐ွံုးျခင္း​ေတြက တလွည့္စီျဖစ္​ေနဦးမွာပဲ ဒါ့​ေၾကာင့္ အဆို​ေတာ္ဘဝကို ဥ​ေပကၡာျပဳႏိုင္ပါတယ္ စြန္႔လႊတ္ႏိုင္ပါတယ္

ထုတ္စရာရိွတဲ့ သီခ်င္းေတြ ထုတ္ၿပီးရင္ နားေတာ့မွာပါ။ ဒီတစ္သက္ ရိႈးပြဲ မဆိုေတာ့ပါဘူး။ ရာသက္ပန္ ရဟန္းဝတ္ဖို႔ ဆံုးျဖတ္ထားတယ္”လို႔ အသိေပးေျပာၾကား လာခဲ့တာပဲ ျဖစ္ပါ တယ္။​ တကယ့္ကို ​ေလးစားအတုယူဖြယ္ စိတ္ဓာတ္ပိုင္႐ွင္ပါပဲ​ေနာ္။ ​ေလးစားစြာျဖင့္ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*