မေမေဗီဒီယိုခိုးရိုက်နေမှန်းသိလို့အကယ်ဒမီရှော့ သရုပ်ဆောင်လိုက်တဲ့ သားကြီးရဲ့အိုင်တင်ကောင်းပုံကြီးကို ဗီဒီယိုနဲ့တကွပြသလာတဲ့ ချောရတနာ (ရုပ်သံ)
ချောရတနာကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောတစ်လက်ဖြစ်ပါတယ်။ အကယ်ဒမီဆုကြီးကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ အထိ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဇာတ်ရုပ်တွေကို ပိုင်နိုင်အောင်သရုပ်ဆောင် နိုင်တာကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ချောရတနာကတော့ ခင်ပွန်းသည်နဲ့ အိမ်ထောင်ကျပြီး အခုနောက်ပိုင်းမှာတော့
အနုပညာအလုပ်တွေကို ခပ်ကျဲကျဲသာလုပ်ကိုင်နေခဲ့ပြီး မိသားစုကို ပိုမိုအချိန်ပေးဖြတ်သန်းနေခဲ့ပါတယ်။ သို့ပေမဲ့လည်း ပရိသတ်အားပေးမှုကတော့ လျော့နည်းသွားခြင်းမရှိပါဘူးနော်။ Live Sale အလုပ်တွေကို ဆက်တိုင်လုပ်ကိုင်နေတဲ့ ချောရတနာက
သားသမီးတွေကိုလည်း အချိန်ပေးဖို့မမေ့မလျော့တဲ့အပြင် သားသမီးလေးတွေရဲ့လှုပ်ရှားမှုတွေကိုလည်း ပရိတ်သတ်တွေကို အမြဲတမ်းပြသလေ့ရှိပါသေးတယ်နော်။ဒီတစ်ခါမှာဆိုရင်လည်း ဘုရားရှစ်ခိုးနေရင်းအမေဗီဒီယိုရိုက်ကူးနေမှန်းသိလို့့
အိုက်တင်လှမ်းလုပ်လိုက်တဲ့သားလေးကို “သရုပ်ဆောင် တစ်ယောက်ရဲ့ သား ပီသ တယ်” ဆိုပြီး အရွှန်းဖောက်စနောက်ခဲ့တာပဲဖြစ်ပါတယ်နော်။ချစ်စရာကောင်းတဲ့ ချောရတနာရဲ့သားသမီးတွေက်တော့ အမေဖြစ်သူရဲ့လှပတဲ့ အမွေတွေကို ဆက်ခံရရှိထားတာမို့
အနုပညာသာဝါသနာပါခဲ့ရင် သရုပ်ဆောင်တောင်လုပ်လို့ရတာပဲဖြစ်ပါတယ်နော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းလွန်းတဲ့ ချောရတနာရဲ့သားလေးကိုကြည့်ပြီး အသည်းယားသဘောကျနေကြမယ်ထင်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*