လပြည့်ညရောက်တိုင်း အခုအခံမပါ ကိုယ်လုံးတီးဖြင့် အဝတ်စားတွေ ချွတ်ပြီး လရောင်ခံတတ်တဲ့ သူမရဲ့လျှို့ဝှက်ချက်ကို ထုတ်ဖော် ပြောပြလာတဲ့ ရှင်ယွန်းမြတ်..

အမိုက်စား ခန္ဓာကိုယ် ကောက်ကြောင်းအလှနဲ့ ပုရိသတွေ ရင်ကို ဆွဲယူဖမ်း စားလေ့ရှိတဲ့ မော်ဒယ်လ် သရုပ်ဆောင် ရှင်ယွန်းမြတ်ကိုတော့

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ပရိသတ်တွေ တော်တော်များများ သိကြမယ် ထင်ပါတယ်နော်။ ရှင်ယွန်းမြတ်ဟာ ဆိုရင်တော့ ခန္ဓာကိုယ်အလှကို ထိန်းသိမ်းနိုင်စွမ်း ရှိသူလေး တစ်ဉီးဖြစ်ပြီး သူမရဲ့ဆက်စီကျသော အမိုက်စားပုံတွေကို

လူမှုကွန်ယက် ဖေ့ဘုတ်စ် စာမျက်နှာထက်မှာ အမြဲလိုလို တင်လေ့ရှိပြီး သူမရဲ့ညှို့ချက်ပြင်းပြင်း ဆွဲဆောင်မှုတွေကြောင့် သူမရဲ့အလှအပမှာ ပုရိသပရိသတ်တွေ ကျရှုံးနေကြရကာ ဝန်းရံသူတွေ ပေါများနေ တာလည်း ဖြစ်ပါတယ်နော်။

ယနေ့ လပြည့်နေ့လေးမှာတော့ အလှူအတန်းတွေမှာ လက်မနှေးလှသော ရှင်ယွန်းလေးဟာ အအေးနဲ့ မုန့်တို့ကို ပရိသတ်ပြည်သူများအား စတုဒီသာ ကျွေးမွေး လှူဒါန်းခဲ့တာကို တွေ့ရပါတယ်နော်။လပြည့်နေ့နဲ့ ပတ်သက်ပြီး ရှင်ယွန်းမြတ်အား

မီဒီယာများမှ မေးမြန်းရာတွင်တော့ ရှင်ယွန်းမြတ်က လပြည့်ညတွေတိုင်းမှာ သူမ ပြုမူလေ့ရှိတဲ့ ထူးထူးခြားခြား အမူအကျင့်လေးတစ်ခုကို ယခုလိုပဲ ထုတ်ဖော် ပြောပြလာခဲ့ပါတယ်။ “ရှင်ယွန်းကကျတော့ လပြည့်တိုင်းကို ပျော်တယ်၊

ဘာဖြစ်လို့လဲဆိုတော့ ရှင်ယွန်းရဲ့ လျှို့ဝှက်ချက် တစ်ခု ရှိတယ်။ သူများတွေကတော့ ရူးတယ်လို့ ပြောချင် ပြောကြလိမ့်မယ်။ ရှင်ယွန်းက လပြည့်နေ့ တိုင်းမှာ လရောင်ခံတယ်။ လမင်းကြီးကို ကြည့်ပြီးတော့ ထိုင်ပြီးတော့ နေတာ

ကျက်သရေ မရှိဘူးကွာ အာ့လို ထိုင်ပြီးတော့ လွမ်းနေမယ့်အစား လမင်းကို ကြည့်ပြီးတော့ အမြဲတမ်း လမင်းရဲ့ဓာတ်တွေကို ခံတယ်။ အဲ့ဒါ ဟိုးအရင်ကထဲက လုပ်တာ၊ လရောင်လှုံတယ် ဆိုတာပေါ့။ တချို့တချို့တွေဆို လရောင်လှုံတဲ့ ရေတွေဘာတွေ

သောက်ကြတယ်ဆိုတာ ကြားဖူးတယ် မဟုတ်လား၊ ရှင်ယွန်းကကျ အဲ့လိုမဟုတ်ဘူး လူကိုယ်တိုင်။ ရှင်ယွန်းတို့အိမ်က ဘယ်လိုလဲဆိုတော့ သုံးထပ်ဆိုတော့ ဟိုးအပေါ်ဆုံးထပ်မှာ ကာလိုက်တယ်။ ပြီးတော့ ဘာမှ မဝတ်တော့ဘူး၊ အဲ့လို လရောင်ကိုခံတယ် အအေးပတ် ခံပြီးတော့၊

အနည်းဆုံး ၃နာရီလောက်တော့ လရောင်ခံ တယ်။ အဲ့ဒါပြီးသွားပြီ ဆိုရင် လမင်းကြီးမှာ ရှိတဲ့ ကောင်းတဲ့ဓာတ်တွေ အေးချမ်းတဲ့ ဓာတ်တွေ၊ ကောင်းတဲ့အစွမ်းတွေ ငါ့ဆီကို ရောက်တယ်ဆိုတဲ့ စိတ်ပေါ့နော်။ အဲ့ဒီမိုတီဗေးရှင်း အဲ့ဆွဲအားကို ရအောင် ယူတယ်ပေါ့။

ဆိုတော့ ရှင်ယွန်းကတော့ ယုံကြည်တယ်၊ အဲ့ဒီလိုပေါ့ မမြင်ရတဲ့ဓာတ်တွေ မမြင်ရတဲ့ အစောင့်အရှောက်တွေပေါ်လည်း ယုံကြည်တော့ အဲ့လိုမျိုး လမင်းကြီး ကို ကြည့်ပြီးတော့ လွမ်းနေမယ့်အစား လမင်းကြီးကနေ ထွက်လာတဲ့ ကောင်းတဲ့ဓာတ်တွေကို ယူတယ်။

ပြီးတော့ ရှင်ယွန်းက နေတွေ လတွေ ကြည့်ပြီးတော့ အမြဲတမ်း ဘုရားစာ ဆိုတယ်။ နေမင်းသည် အဖ၊ လမင်းသည် အမိ ဘာညာဆိုပြီး အဲ့လိုမျိုးဘုရားစာတွေ ဆိုပြီးတော့ မေတ္တာပို့ပြီး နေလိုက်တော့ လပြည့်မှာ လွမ်းနေတယ်ဆိုတာ မရှိဘူး၊

လမင်းကြီးရဲ့ကောင်းတဲ့ဓာတ် တွေကို ယူတယ်ပေါ့နော်။ မဝတ်တာကတော့ ဘာဆိုဘာမှကို မဝတ်ဘူး၊ ဘာမှကို မခံဘူး၊ ဒါပေမယ့် ကာထားတာပေါ့နော် ဘေးနားကနေပြီးတော့။ အဲ့ဒီဥစ္စာတွေက ဟိုးဒဏ္ဍာရီ စာအုပ်တွေထဲမှာလည်း ရှိတယ်ပေါ့။

ဒါပေမယ့် အခုလက်ရှိ လက်တွေ့မှာ လုပ်တဲ့သူ ရှိချင်လည်း ရှိမယ်၊ မရှိချင်လည်း မရှိဘူး။ဒါပေမယ့် ရှင်ယွန်းကတော့ လုပ်တယ်၊ လပြည့်မှာ ဘာမှ မလုပ်ဖြစ်ဘူးဆိုရင်တောင်မှ လရောင် လှုံတယ်ဆိုတဲ့ရေလောက်တော့ အမြဲတမ်း သောက်တယ်။

ဒါကို ရှင်ယွန်းရဲ့ပတ်ဝန်းကျင်က လူတွေ ဆိုရင်တော့ သိတယ်။ ရှင်ယွန်း အမြဲတမ်းလုပ်တဲ့ဥစ္စာကို ဘေးလူတွေကိုလည်း ပြန် ရှဲ ပေးတယ်။ ကောင်းတာ သော်လည်းကောင်း၊ ဆိုးတာသော်လည်းကောင်း ပေါ့နော်၊

လူဆိုတာက စိတ်ထဲကနေ ဆောင်ရင် ၅၀% အောင်တယ်။ ဒီကိစ္စက ဒါလု့်လို့ အဆင်ပြေတယ်လို့ ကိုယ့်စိတ်ထဲမှာ ၅၀ ရာခိုင်နှုန်း ယုံကြည်ထားတယ်ဆိုရင် ကျန်တဲ့ ၅၀ရာခိုင်နှုန်းက ကိုယ် ကြိုးစားရင် ရတယ်လေ။ဆိုတော့ ကိုယ့်ရဲ့စိတ်က ၅၀အောင်မြင်ပြီးသား

ကိစ္စတစ်ခုက အောင်မြင်ဖို့ သေချာပြီလေ။ စိတ်ရဲ့ယုံကြည်ချက် ဘာနဲ့မှ လဲလို့မရဘူး။ရှင်ယွန်း က တစ်ခုခုတို ဒီကိစ္စက ၅၀ဖြစ်မှာ ကျန်တဲ့ ငါးဆယ်ပဲ ငါ ကြိုးစားရမှာဆိုတော့ စိတ်ပင်ပန်းမှုလည်း မရှိတော့ဘူး။” ဆိုပြီးတော့ မော်ဒယ်လ်ရှင်ယွန်းမြတ်က

လပြည့်ညတိုင်းညတိုင်းမှာ သူမ လုပ်လေ့ရှိတဲ့ လရောင်လှုံခြင်းနဲ့ ပတ်သက်ပြီး သူမရဲ့ယုံကြည်မှုတွေကို ပြောပြလာခဲ့တာပဲ ဖြစ်ပါ တယ်နော် ပရိသတ်ကြီး။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

အမိုက္စား ခႏၶာကိုယ္ ေကာက္ေၾကာင္းအလွနဲ႕ ပုရိသေတြ ရင္ကို ဆြဲယူဖမ္း စားေလ့ရွိတဲ့ ေမာ္ဒယ္လ္ သ႐ုပ္ေဆာင္ ရွင္ယြန္းျမတ္ကိုေတာ့

ပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ား သိၾကမယ္ ထင္ပါတယ္ေနာ္။ ရွင္ယြန္းျမတ္ဟာ ဆိုရင္ေတာ့ ခႏၶာကိုယ္အလွကို ထိန္းသိမ္းနိုင္စြမ္း ရွိသူေလး တစ္ဉီးျဖစ္ၿပီး သူမရဲ႕ဆက္စီက်ေသာ အမိုက္စားပုံေတြကို

လူမႈကြန္ယက္ ေဖ့ဘုတ္စ္ စာမ်က္ႏွာထက္မွာ အၿမဲလိုလို တင္ေလ့ရွိၿပီး သူမရဲ႕ညွို႔ခ်က္ျပင္းျပင္း ဆြဲေဆာင္မႈေတြေၾကာင့္ သူမရဲ႕အလွအပမွာ ပုရိသပရိသတ္ေတြ က်ရႈံးေနၾကရကာ ဝန္းရံသူေတြ ေပါမ်ားေန တာလည္း ျဖစ္ပါတယ္ေနာ္။

ယေန႕ လျပည့္ေန႕ေလးမွာေတာ့ အလႉအတန္းေတြမွာ လက္မေႏွးလွေသာ ရွင္ယြန္းေလးဟာ အေအးနဲ႕ မုန႔္တို႔ကို ပရိသတ္ျပည္သူမ်ားအား စတုဒီသာ ေကြၽးေမြး လႉဒါန္းခဲ့တာကို ေတြ႕ရပါတယ္ေနာ္။လျပည့္ေန႕နဲ႕ ပတ္သက္ၿပီး ရွင္ယြန္းျမတ္အား

မီဒီယာမ်ားမွ ေမးျမန္းရာတြင္ေတာ့ ရွင္ယြန္းျမတ္က လျပည့္ညေတြတိုင္းမွာ သူမ ျပဳမူေလ့ရွိတဲ့ ထူးထူးျခားျခား အမူအက်င့္ေလးတစ္ခုကို ယခုလိုပဲ ထုတ္ေဖာ္ ေျပာျပလာခဲ့ပါတယ္။ “ရွင္ယြန္းကက်ေတာ့ လျပည့္တိုင္းကို ေပ်ာ္တယ္၊

ဘာျဖစ္လို႔လဲဆိုေတာ့ ရွင္ယြန္းရဲ႕ လွ်ို႔ဝွက္ခ်က္ တစ္ခု ရွိတယ္။ သူမ်ားေတြကေတာ့ ႐ူးတယ္လို႔ ေျပာခ်င္ ေျပာၾကလိမ့္မယ္။ ရွင္ယြန္းက လျပည့္ေန႕ တိုင္းမွာ လေရာင္ခံတယ္။ လမင္းႀကီးကို ၾကည့္ၿပီးေတာ့ ထိုင္ၿပီးေတာ့ ေနတာ

က်က္သေရ မရွိဘူးကြာ အာ့လို ထိုင္ၿပီးေတာ့ လြမ္းေနမယ့္အစား လမင္းကို ၾကည့္ၿပီးေတာ့ အၿမဲတမ္း လမင္းရဲ႕ဓာတ္ေတြကို ခံတယ္။ အဲ့ဒါ ဟိုးအရင္ကထဲက လုပ္တာ၊ လေရာင္လႈံတယ္ ဆိုတာေပါ့။ တခ်ိဳ႕တခ်ိဳ႕ေတြဆို လေရာင္လႈံတဲ့ ေရေတြဘာေတြ

ေသာက္ၾကတယ္ဆိုတာ ၾကားဖူးတယ္ မဟုတ္လား၊ ရွင္ယြန္းကက် အဲ့လိုမဟုတ္ဘူး လူကိုယ္တိုင္။ ရွင္ယြန္းတို႔အိမ္က ဘယ္လိုလဲဆိုေတာ့ သုံးထပ္ဆိုေတာ့ ဟိုးအေပၚဆုံးထပ္မွာ ကာလိုက္တယ္။ ၿပီးေတာ့ ဘာမွ မဝတ္ေတာ့ဘူး၊ အဲ့လို လေရာင္ကိုခံတယ္ အေအးပတ္ ခံၿပီးေတာ့၊

အနည္းဆုံး ၃နာရီေလာက္ေတာ့ လေရာင္ခံ တယ္။ အဲ့ဒါၿပီးသြားၿပီ ဆိုရင္ လမင္းႀကီးမွာ ရွိတဲ့ ေကာင္းတဲ့ဓာတ္ေတြ ေအးခ်မ္းတဲ့ ဓာတ္ေတြ၊ ေကာင္းတဲ့အစြမ္းေတြ ငါ့ဆီကို ေရာက္တယ္ဆိုတဲ့ စိတ္ေပါ့ေနာ္။ အဲ့ဒီမိုတီေဗးရွင္း အဲ့ဆြဲအားကို ရေအာင္ ယူတယ္ေပါ့။

ဆိုေတာ့ ရွင္ယြန္းကေတာ့ ယုံၾကည္တယ္၊ အဲ့ဒီလိုေပါ့ မျမင္ရတဲ့ဓာတ္ေတြ မျမင္ရတဲ့ အေစာင့္အေရွာက္ေတြေပၚလည္း ယုံၾကည္ေတာ့ အဲ့လိုမ်ိဳး လမင္းႀကီး ကို ၾကည့္ၿပီးေတာ့ လြမ္းေနမယ့္အစား လမင္းႀကီးကေန ထြက္လာတဲ့ ေကာင္းတဲ့ဓာတ္ေတြကို ယူတယ္။

ၿပီးေတာ့ ရွင္ယြန္းက ေနေတြ လေတြ ၾကည့္ၿပီးေတာ့ အၿမဲတမ္း ဘုရားစာ ဆိုတယ္။ ေနမင္းသည္ အဖ၊ လမင္းသည္ အမိ ဘာညာဆိုၿပီး အဲ့လိုမ်ိဳးဘုရားစာေတြ ဆိုၿပီးေတာ့ ေမတၱာပို႔ၿပီး ေနလိုက္ေတာ့ လျပည့္မွာ လြမ္းေနတယ္ဆိုတာ မရွိဘူး၊

လမင္းႀကီးရဲ႕ေကာင္းတဲ့ဓာတ္ ေတြကို ယူတယ္ေပါ့ေနာ္။ မဝတ္တာကေတာ့ ဘာဆိုဘာမွကို မဝတ္ဘူး၊ ဘာမွကို မခံဘူး၊ ဒါေပမယ့္ ကာထားတာေပါ့ေနာ္ ေဘးနားကေနၿပီးေတာ့။ အဲ့ဒီဥစၥာေတြက ဟိုးဒ႑ာရီ စာအုပ္ေတြထဲမွာလည္း ရွိတယ္ေပါ့။

ဒါေပမယ့္ အခုလက္ရွိ လက္ေတြ႕မွာ လုပ္တဲ့သူ ရွိခ်င္လည္း ရွိမယ္၊ မရွိခ်င္လည္း မရွိဘူး။ဒါေပမယ့္ ရွင္ယြန္းကေတာ့ လုပ္တယ္၊ လျပည့္မွာ ဘာမွ မလုပ္ျဖစ္ဘူးဆိုရင္ေတာင္မွ လေရာင္ လႈံတယ္ဆိုတဲ့ေရေလာက္ေတာ့ အၿမဲတမ္း ေသာက္တယ္။

ဒါကို ရွင္ယြန္းရဲ႕ပတ္ဝန္းက်င္က လူေတြ ဆိုရင္ေတာ့ သိတယ္။ ရွင္ယြန္း အၿမဲတမ္းလုပ္တဲ့ဥစၥာကို ေဘးလူေတြကိုလည္း ျပန္ ရွဲ ေပးတယ္။ ေကာင္းတာ ေသာ္လည္းေကာင္း၊ ဆိုးတာေသာ္လည္းေကာင္း ေပါ့ေနာ္၊

လူဆိုတာက စိတ္ထဲကေန ေဆာင္ရင္ ၅၀% ေအာင္တယ္။ ဒီကိစၥက ဒါလု႔္လို႔ အဆင္ေျပတယ္လို႔ ကိုယ့္စိတ္ထဲမွာ ၅၀ ရာခိုင္ႏႈန္း ယုံၾကည္ထားတယ္ဆိုရင္ က်န္တဲ့ ၅၀ရာခိုင္ႏႈန္းက ကိုယ္ ႀကိဳးစားရင္ ရတယ္ေလ။ဆိုေတာ့ ကိုယ့္ရဲ႕စိတ္က ၅၀ေအာင္ျမင္ၿပီးသား

ကိစၥတစ္ခုက ေအာင္ျမင္ဖို႔ ေသခ်ာၿပီေလ။ စိတ္ရဲ႕ယုံၾကည္ခ်က္ ဘာနဲ႕မွ လဲလို႔မရဘူး။ရွင္ယြန္း က တစ္ခုခုတို ဒီကိစၥက ၅၀ျဖစ္မွာ က်န္တဲ့ ငါးဆယ္ပဲ ငါ ႀကိဳးစားရမွာဆိုေတာ့ စိတ္ပင္ပန္းမႈလည္း မရွိေတာ့ဘူး။” ဆိုၿပီးေတာ့ ေမာ္ဒယ္လ္ရွင္ယြန္းျမတ္က

လျပည့္ညတိုင္းညတိုင္းမွာ သူမ လုပ္ေလ့ရွိတဲ့ လေရာင္လႈံျခင္းနဲ႕ ပတ္သက္ၿပီး သူမရဲ႕ယုံၾကည္မႈေတြကို ေျပာျပလာခဲ့တာပဲ ျဖစ္ပါ တယ္ေနာ္ ပရိသတ္ႀကီး။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*