ဆရာတော်ဘုရားကြီးထံ အမှန်တကယ်လိုအပ်အသုံးဝင်သည့်ပစ္စည်းများ လှူဒါန်းကုသိုလ်ပြုခဲ့တဲ့ မင်းသားချော ပိုင်တံခွန်

မင်္ဂလာပါ မိတ်ဆွေတို့ရေ မိန်းကလေးတွေရဲ့အသဲစွဲ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကတော့ အာရှတစ်ခွင်မှာသာမက အနောက်နိုင်ငံတွေထိပါ အောင်မြင်ကျော်ကြားနေတဲ့ မော်ဒယ်လ်မင်းသားတစ်လက်ဖြစ်ပြီး

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ပိုင်ဆိုင်နေသူလေးလည်းဖြစ်ပါတယ်။ ပိုင်တံခွန်က မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုနဲ့ ပြည့်စုံကာ တောင့်ဖြောင့်မိမိုက်လွန်းတဲ့ ခန္ဓာကိုယ်၊

ချိုမြအေးချမ်းတဲ့ အပြုံး၊ ကြည်လင်ပြီး တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေကို ညှို့ယူဖမ်းစားထားသူတစ်ဦးပါပဲ။ ပရိတ်သတ်တွေတိုင်းက တန်ဖိုးထားချစ်ရတဲ့ ပိုင်တံခွန်က

အနုပညာမှာ ထူးချွန်ရုံသာမက လူမှုဆက်ဆံရေးကောင်းမွန်တဲ့အတွက် လူချစ်လူခင်လည်းအင်မတန်ပေါသူတစ်ယောက်ဖြစ်ပါတယ်။ သူက ပျော်ပျော်နေတတ်သလို ကောင်းမှု အလှူအတန်းတွေနဲ့ ပတ်သက်လာရင်လည်း

ရှေ့ဆုံးကနေ ပါဝင်လှူဒါန်းတတ်သူလည်း ဖြစ်ပါတယ်။ အခုလည်း ဝါဆိုလပြည့်နေ့လေးမှာ ဆရာတော်ဘုရားကြီးထံမှာ ဝါဆိုသင်္ကန်းနဲ့ အခြားလိုအပ်တာများ သွားရောက် လှူဒါန်းကုသိုလ်ပြုခဲ့တာကိုတွေ့ရပါတယ်။

ဆရာတော်ဘုရားကြီးကလည်း ပိုင်တံခွန်ရဲ့ ကုသိုလ်အလှူနဲ့ပတ်သက်ပြီး ”ငယ်စဉ်ကတည်းက ဘာသာရေးရော အများအကျိုးပါ သိတတ်လိမ်မာသော သားတပြည့်ရင်းမောင်ပိုင်တံခွန်၏ကောင်းမှု့ဒါန ဝါဆိုသင်္ကန်းနှင့်တကွ

ပရိက္ခရာများထည့်ရန်အလိုငှါ နံရန်ကပ်ဗီဒိုများလှူဒါန်းပါသည် အနုမောဒနာပြုကြပါရန် ဘေးရန်ကင်းပျောက်ချမ်းသာရောက်၍ စည်းစိမ်များတည်မြဲတိုးတတ်ပြီးသကာလ ကောင်းမွန်သောစန်း လာဘ် ဇာတာတို့နှင့်ပြည့်စုံပါစေ”ဆိုပြီး

ရေးသားဖော်ပြထားရာ သာဓု သုံးကြိမ်ခေါ်ဆိုရင်း ပြန်လည် ဝေမျှပေးလိုက်ပါတယ်။ မိတ်ဆွေတို့လည်း မင်းသားချော ပိုင်တံခွန်ရဲ့လှူဒါန်းမှုလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်









Be the first to comment

Leave a Reply

Your email address will not be published.


*