
ပြည်သူ့အချစ်တော် ပန်ဆယ်လိုဟာ စ.စ်တပ်အာဏာသ.ိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလကစပြီး ယခုအချိန်ထိ တော်လှ.န်ရေးကြီးမှာ ပြည်သူတွေနဲ့တသားတည်းရပ်တည်ခဲ့သူပါ။ ပြတ်သားတဲ့ ရပ်တည်ချက်၊ ခိုင်မာတဲ့ ယုံကြည်ချက်တွေနဲ့အတူ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သူမ တတ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးကြီးကို အစွမ်းကုန် အားဖြည့်ပေးနေခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်ကြာကာလကိုတောင် ရောက်ရှိလို့လာခဲ့ပါပြီ။ အခုလို တော်လှန်ရေးကြီး အချိန်ကြာညောင်းလာပေမယ့် သူမရဲ့
တော်လှန်ရေးစိတ်ဓာတ်ကတော့ အားလျော့မသွားပဲ ယခုထိတိုင် ထက်သန်နေဆဲ ပို၍ထက်သန်လာဆဲဆိုတာ သူမ လုပ်ဆောင်နေတဲ့ တော်လှန်ရေးထောက်ပံ့လုပ်ငန်းစဉ်တွေကိုကြည့်ရင် သိနိုင်ပါတယ်။
ပန်ဆယ်လိုဟာ သူမရဲ့ ပြတ်သားခိုင်မာတဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့ တော်လှန်ရေးအတွက် ကိုယ်ကျိုးမငဲ့ လုပ်ဆောင်ပေးမှုတွေကြောင့် ပြည်သူတွေရဲ့မေတ္တာကို ပိုတိုးလို့ ရရှိနေတာပဲဖြစ်ပါတယ်။
ယမန်နေ့ ည ၈နာရီကျော်အချိန်က ရန်ကုန်မြို့ရှိ (၉)မိုင် Osean စင်တာအနီး ယာဉ်ထိန်းရဲကင်းကို Yangon UG Association(YUA)၏ အောင်မင်္ဂလာစစ် ဆင်ရေးကို Special Nway Oo(SNO)နှင့်
GOD’s HAND FORCES(GHS)တို့က ပူးပေါင်းဖေ ာက်ခွဲကြောင်း သိရှိရသည်။ ဒါ့အပြင် ရန်ကုန်တိုင်း၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ အင်းစိန်၊ မြောက်ဒဂုံ၊ တောင်ဒဂုံနှင့် အရှေ့ဒဂုံတို့တွင်
ဇူလိုင်လ ၁၂ ရက်နေ့ ညပိုင်း ဗုံ-းပေ.ါက်ကွဲမှုများ ဖြစ်ပွားခဲ့ပါသေးတယ်။ အခုလို လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ပန်ဆယ်လိုက “မနေ့ညက ရန်ကုန်အုန်းသံလေးတွေ နားဝင်ပီယံ ရှိကြပါရဲ့လား။ ဆက်လက်ပု န်ကန်နေမယ့် ရန်ကုန်။
ရန်ကုန်ဟာ ဘယ်တော့မှ ရပ်တန့်မသွားဘူး။”ဆိုပြီး အားတက်ဖွယ် ရေးသားထားတာပဲဖြစ်ပါတယ်။ ဒီလို နားဝင်ပီယံရှိတဲ့အသံလေးတွေကြားနိုင်ဖို့ ပြည်သူအားလုံး ပူးပေါင်းပါဝင်ပေးကြပါနော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply