မန်းမြေရောက်တိုင်း ကျေးဇူးရှင် ဆရာဦးငြိမ်းမင်းဆီ အမြဲသွားရောက်ဂါဝရပြု.ဖြစ်ကြောင်း ပြောပြလာတဲ့ မြတ်သူသူ
မိတ်ဆွေတို့ရေ မင်းသမီးချောလေး မြတ်သူသူကတော့ ရိုးရိုးယဉ်ယဉ်လေးနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ်မှာလည်း တလေးတစားဆက်ဆံတတ်သူလေး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဖြစ်တာကြောင့် မြို့ပြပရိသတ်တွေသာမက နယ်ပရိသတ်တွေကပါ အားပေးချစ်ခင်နေကြတဲ့သူလေးပါ။ အမြဲလိုလို မိဘဆရာသမားနဲ့ စီနီယာအနုပညာရှင်မောင်နှမတွေအပေါ်မှာလည်း ရိုသေလေးစားတတ်တဲ့
မင်းသမီးတစ်လက်ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလဲမှာလည်း သူမရဲ့ ကျေးဇူးရှင်ဆရာများဖြစ်တဲ့ ဆရာဦးငြိမ်းမင်းနဲ့အမေအေးဆီ မန္တလေးရောက်တိုင်း အမြဲ သွားရောက်ဂါဝရပြုလေ့ရှိကြောင်း
”မန္တလေးရောက်တိုင်း ဆရာဦးငြိမ်းမင်းနဲ့အမေအေးဆီ အမြဲရောက်အောင်သွားဖြစ်တယ် သားသမီးတယောက်လိုနွေးထွေးမှုအပြည့်နဲ့ ရောက်တိုင်းဆုံးမပေးတယ် ဆရာနဲ့အမေစိတ်ချမ်းသာရမယ့်
တပည့်သားသမီးကောင်းဖြစ်အောင် အမြဲကြိုးစားပါ့မယ် ဆရာနဲ့အမေ့ရဲ့မေတ္တာတွေအပြည့်ရှိတဲ့ ရန်ကင်းအောင်အသုပ်ဆိုင်လေးကနေ အသုပ်တွေလည်း အများကြီးစားခဲ့သေးတယ်။ မန္တလေးက
အသုပ်မျိုးစုံကြိုက်သူတွေလည်း သွားစားလို့ရပါတယ်နော် ရန်ကင်းအောင် အသုပ်ဆိုင် ပုသိမ်ကြီးမြို့ လဝကရုံးအနီး။ 09421899808″ဆိုကာ ကျေးဇူးရှင်ဆရာသမားတွေကို မန္တလေးရောက်ခိုက် မိဘလိုရိုသေလေးစားကာ
ဂါဝရသွားပြုခဲ့တာပါ။ မိတ်ဆွေတို့လည်းမြတ်သူသူရဲ့ သိတတ်လိမ္မာကာ မိဘဆရာသမားတွေအပေါ် ရိုသေကိုင်းရှိုင်းတတ်တဲ့စိတ်လေးကို သဘောကျမယ်ထင်ပါတယ်နော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*