မိဘအရင်းကဲ့သို့ ချစ်ရတဲ့ ယောက္ခမဖြစ်သူကပေးတဲ့ မွေးနေ့လက်ဆောင် ပိုက်ဆံထုပ်ကြီးကိုကိုင်ကာ သူမရဲ့မွေးနေ့လေးမှာ အလှူအတန်းတွေလုပ်ရင်း ကြွားလုံးထုပ်လာတဲ့ ခင်လွှမ်း
ခင်လွှမ်းဆိုတာနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတာပါ။ စည်ဖြိုးနဲ့ခင်လွှမ်းတို့မိသားစုလေးဟာ အမြဲပျော်ပျော်ရွှင်ရွှင်နဲ့ ပုံရိပ်လေးတွေကိုတင်ပေးလေ့ရှိတာပါ။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အိမ်ထောင်မကျခင်ကတည်းက နေယနေ့ထိပရိသတ်တွေက ချစ်နေကြတာပါ။ ခင်လွှမ်းကလည်း မိန်းကလေးတိုင်း အားကျရတဲ့သူ တစ်ယောက်ပါ။ အိမ်ထောင်ကျသွားပေမယ့်
ယောက္ခမတွေ ကိုယ်တိုင်က သမီးအရင်းလေး တစ်ယောက်ကိုဂရုစိုက်ချစ်ခင်နေတာပါ။ ဒါကြောင့် သူမရဲ့မွေးနေ့လေးမှာတော့ သူမကိုချစ်ခင်ပေးတဲ့ချစ်ရတဲ့သူတွေကိုကျေးဇူးတင်ကြောင်းပြောပြခဲ့တာပါ။
ကိုယ့်မွေးနေ့မှာ အဝေးကနေ ဂရုတစိုက်နဲ့ ဆုမွန်ကောင်းတောင်းပေးပါသော အတူမနေ မိဘတွေနဲ့ အစစအရာရာ မိဘရင်းနှင့်မခြား သမီးအရင်းလေးလို ကြင်ကြင်နာနာနဲ့ လိုလေသေးမရှိ ဂရုတစိုက် စောင့်ရှောက်ပေး ပါသော
အနီးမှ အတူနေ ယောက္ခမတွေရော ပြီးတော့ ကိုယ့်ရဲ့အနား အချိန်တိုင်းဆိုးတူကောင်းဖက် အမြဲတမ်း ရှိနေပေးသော ကျွန်မ အမျိုးသားကိုရော ဒီနေ့မွေးနေ့လေးမှာ အမှတ်တရများစွာနဲ့ ပျော်ရွှင်ရတဲ့အတွက် အတိုင်းမသိ ကျေးဇူးတင်ပါတယ်
အခြား ကျေးဇူးတင်ထိုက်သူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဂျူးရဲ့ မွေးနေ့ ဆုတောင်းက နှစ်ဘက်သော မိဘ မောင်နှမတွေနဲ့ သေတပန် သက်တစ်ဆုံး အမြဲပျော်ရွှင်နေထိုင် ကျေးဇူးဆပ်ခွင့် ရရပါလို၏
နှစ်ဖက်သော အလှူခံပုဂ္ဂိုလ်တွေကို ပြန်ပြီး လှူခွင့်ရတဲ့အတွက်လည်း အတိုင်းမသိ ပျော်ရွှင်ပီတိ ဖြစ်ရပါတယ် နောက်လည်း တတ်နိုင်သလောက်အမြဲတမ်း လှူတန်းနိုင်ခွင့် ရရပါလို၏ ဆိုပြီးလည်းဆုတောင်းပေးခဲ့တာပါ။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*