
ပရိသတ်ကြီးရေ ယနေ့တိုင်မေ့လို့မရဘဲ လွမ်းဆွတ်သတိရနေရတဲ့ မင်းသားကြီးကတော့ ဒွေးပဲဖြစ်ပါတယ်နော်။တစ်ခေတ်တစ်ခါက မိန်းကလေးပရိသတ်တွေရဲ့အသဲကျော်ဖြစ်ခဲ့ရပြီး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အနုပညာလောကမှာလည်း အအောင်မြင်ဆုံးကြယ်တစ်ပွင့်လို့လဲပြောလို့ရပါတယ်နော်။ ဒွေးဟာ ကွယ်လွန်သွားခဲ့တာ ဒီကနေ့ဆိုရင် (၁၅) နှစ်တိတိရှိခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကိုသားကြီးရဲ့ညီအရင်းတစ်ယောက်လိုခင်ရတဲ့
ဒါရိုက်တာညိုမင်းလွင်က တစ်ချိန်ကဒွေးနဲ့အမှတ်တရရှိခဲ့ဖူးတဲ့ တစ်ခုတည်းသောအမှတ်တရလေးအကြောင်းကိုအခုလိုပြောပြလာပါတယ်။ညိုမင်းလွင်က “၂၀၀၇ ခုနှစ်၊မေလ ကျွန်တော် ပြင်ဦးလွင်၊သီရိမြန်မာဟိုတယ်၊
အခန်းနံပါတ် ၃၀၁ ကိုတံခါးသွားခေါက်တယ်။ “အကို၊ကျွန်တော်ဒီနေ့မပြန်ဖြစ်တော့ဘူး၊ flight cancel ဖြစ်သွားလို့တဲ့”။ “ကောင်းတာပေါ့ ညိုကြီးရ၊အေးဆေးတစ်ညထပ်အိပ်လိုက်၊စကားလေးဘာလေးပြောရတာပေါ့၊
ရန်ကုန်မှာဘယ်နေ့ပြန်စမှာလဲ”။ “နောက်ကားက လကုန်မှ အကို” “အဲဒါဆိုအေးဆေးသာနေလိုက်၊တစ်ရက်နှစ်ရက်နေမှပြန်”။ “အဝတ်အစားတွေမရှိတော့ဘူး အကိုရဲ့၊ကားနဲ့ထည့်ပေးလိုက်ပြီ”။ “ဪ ကိုယ့်ဟာတွေယူဝတ်လိုက်၊ညိုကြီးကြိုက်တာယူ”
အင်္ကျီတွေက ကားရိုက်ဖို့အဆက်တွေဖြစ်နေမှာစိုးလို့ အားနာနာနဲ့ပဲ ညဝတ်ဘောင်းဘီတစ်ထည်ယူဝတ်လိုက်မိတယ်။ “ကျွန်တော်ရန်ကုန်ရောက်မှပဲပြန်လျှော်ပြီးပေးတော့မယ် အကို” အဲဒီညဝတ်ဘောင်းဘီလေးက သူနဲ့ကျွန်တော်နဲ့ကြားက
နောက်ဆုံးကျန်တဲ့တစ်ခုတည်းသောအမှတ်တရဖြစ်လာလိမ့်မယ်လို့ အဲဒီတုန်းကမထင်ခဲ့ဘူး။ ၁၅ နှစ်ရှိပြီတဲ့လား အကို” ဆိုပြီးဝမ်းနည်းစွာနဲ့ရင်ဖွင့်လာပါတယ်နော်။ ညိုမင်းလွင်က မထင်မှတ်ဘဲရရှိခဲ့တဲ့ နောက်ဆုံးဖြစ်တဲ့တစ်ခုတည်းသောအမှတ်တရလေးကို
အခုချိန်ထိသိမ်းဆည်းထားတာကိုကြည့်မယ်ဆိုရင် ကိုသားကြီးကို လုံးဝမမေ့သေးဘူးဆိုတာ ပေါ်လွင်နေပါတယ်နော်။ပရိသတ်ကြီးလည်း ကိုသားကြီးအတွက်မမေ့နိုင်ခြင်းအမှတ်တရစကားလေးတစ်ခွန်းလောက်ပြောခဲ့ပါအုံးနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ပရိသတ္ႀကီးေရ ယေန႕တိုင္ေမ့လို႔မရဘဲ လြမ္းဆြတ္သတိရေနရတဲ့ မင္းသားႀကီးကေတာ့ ေဒြးပဲျဖစ္ပါတယ္ေနာ္။တစ္ေခတ္တစ္ခါက မိန္းကေလးပရိသတ္ေတြရဲ႕အသဲေက်ာ္ျဖစ္ခဲ့ရၿပီး
အႏုပညာေလာကမွာလည္း အေအာင္ျမင္ဆုံးၾကယ္တစ္ပြင့္လို႔လဲေျပာလို႔ရပါတယ္ေနာ္။ ေဒြးဟာ ကြယ္လြန္သြားခဲ့တာ ဒီကေန႕ဆိုရင္ (၁၅) ႏွစ္တိတိရွိခဲ့ၿပီျဖစ္ပါတယ္။ ဒီေန႕မွာေတာ့ ကိုသားႀကီးရဲ႕ညီအရင္းတစ္ေယာက္လိုခင္ရတဲ့
ဒါရိုက္တာညိုမင္းလြင္က တစ္ခ်ိန္ကေဒြးနဲ႕အမွတ္တရရွိခဲ့ဖူးတဲ့ တစ္ခုတည္းေသာအမွတ္တရေလးအေၾကာင္းကိုအခုလိုေျပာျပလာပါတယ္။ညိုမင္းလြင္က “၂၀၀၇ ခုႏွစ္၊ေမလ ကြၽန္ေတာ္ ျပင္ဦးလြင္၊သီရိျမန္မာဟိုတယ္၊
အခန္းနံပါတ္ ၃၀၁ ကိုတံခါးသြားေခါက္တယ္။ “အကို၊ကြၽန္ေတာ္ဒီေန႕မျပန္ျဖစ္ေတာ့ဘူး၊ flight cancel ျဖစ္သြားလို႔တဲ့”။ “ေကာင္းတာေပါ့ ညိုႀကီးရ၊ေအးေဆးတစ္ညထပ္အိပ္လိုက္၊စကားေလးဘာေလးေျပာရတာေပါ့၊
ရန္ကုန္မွာဘယ္ေန႕ျပန္စမွာလဲ”။ “ေနာက္ကားက လကုန္မွ အကို” “အဲဒါဆိုေအးေဆးသာေနလိုက္၊တစ္ရက္ႏွစ္ရက္ေနမွျပန္”။ “အဝတ္အစားေတြမရွိေတာ့ဘူး အကိုရဲ႕၊ကားနဲ႕ထည့္ေပးလိုက္ၿပီ”။ “ဪ ကိုယ့္ဟာေတြယူဝတ္လိုက္၊ညိုႀကီးႀကိဳက္တာယူ”
အကၤ်ီေတြက ကားရိုက္ဖို႔အဆက္ေတြျဖစ္ေနမွာစိုးလို႔ အားနာနာနဲ႕ပဲ ညဝတ္ေဘာင္းဘီတစ္ထည္ယူဝတ္လိုက္မိတယ္။ “ကြၽန္ေတာ္ရန္ကုန္ေရာက္မွပဲျပန္ေလွ်ာ္ၿပီးေပးေတာ့မယ္ အကို” အဲဒီညဝတ္ေဘာင္းဘီေလးက သူနဲ႕ကြၽန္ေတာ္နဲ႕ၾကားက
ေနာက္ဆုံးက်န္တဲ့တစ္ခုတည္းေသာအမွတ္တရျဖစ္လာလိမ့္မယ္လို႔ အဲဒီတုန္းကမထင္ခဲ့ဘူး။ ၁၅ ႏွစ္ရွိၿပီတဲ့လား အကို” ဆိုၿပီးဝမ္းနည္းစြာနဲ႕ရင္ဖြင့္လာပါတယ္ေနာ္။ ညိုမင္းလြင္က မထင္မွတ္ဘဲရရွိခဲ့တဲ့ ေနာက္ဆုံးျဖစ္တဲ့တစ္ခုတည္းေသာအမွတ္တရေလးကို
အခုခ်ိန္ထိသိမ္းဆည္းထားတာကိုၾကည့္မယ္ဆိုရင္ ကိုသားႀကီးကို လုံးဝမေမ့ေသးဘူးဆိုတာ ေပၚလြင္ေနပါတယ္ေနာ္။ပရိသတ္ႀကီးလည္း ကိုသားႀကီးအတြက္မေမ့နိုင္ျခင္းအမွတ္တရစကားေလးတစ္ခြန္းေလာက္ေျပာခဲ့ပါအုံးေနာ္။ ခရက္ဒစ္
Leave a Reply