အမြင့်မကြောက်သူတွေအတွက် တစ်‌ခါလောက် သွားရောက်လည်ပတ်သင့်သည့် ထိုင်းနိုင်ငံ က Tree Pods Restaurant

ထိုင်းနိုင်ငံ က Tree Pods Restaurant အမြင့်မကြောက်တဲ့ သူတွေအတွက် စမ်းကြည့်သင့်တဲ့ နေရာလေးတစ်ခုပါ။

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ဒီစားသောက်ဆိုင်လေးကို အချိန် ၂ နှစ်ခွဲ တည်ဆောက်ခဲ့ရပါတယ်။ အမြင့် ပေ ၂၀ အထက်မှာ ဝါးနဲ့ ပြုလုပ်ထားတဲ့ Pod ကို သစ်ပင်ထိပ်ဖျားမှာ ချိတ်ဆွဲထားပြီး

လူ ၄ ယောက် ထိုင်ပြီး စားသောက်နိုင်ပါတယ်။ Zip line စီးပြီး အစားအသောက်တွေကို Waiter က လာပို့ပေးတဲ့ အရသာရှိတဲ့ Gourmet အစားအစာတွေကို

မှာယူစားသောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီ Tree Pods Restaurant လေးဟာ ထိုင်း နိုင်ငံရဲ့စတုတ္ထမြောက် အကြီးမားဆုံး ကျွန်းမှာ တည်ရှိပြီး Soneva Kiri ဟာ

ဝေးလံခေါင်ဖျားတဲ့ အပန်းဖြေစခန်း တစ်ခု ဖြစ်ပါတယ်။ အဲဒီမှာ တန်ဖိုးကြီး ဇိမ်ခံ နေအိမ်များစွာလည်း ရှိပါတယ်။ ဧည့်သည်တွေဟာ ရေငုပ်ပြီး

သန္တာကျောက်တန်းတွေကို ကြည့်ရှုဖို့၊ တောထဲမှာ လေ့လာစူးစမ်းဖို့အတွက် အဲဒီကျွန်းကိုလာရောက်ကြပါတယ်။ ခရက်ဒစ် ဘန်ကောက်လမ်းညွန်ကိုစိုင်း

Zawgyi code ဖြင့် ဖတ်ရန်







Be the first to comment

Leave a Reply

Your email address will not be published.


*