ရိုးရှင်းပြီး ချစ်စရာကောင်းလွန်းတဲ့ သူမတို့ Pre-wedding ဓာတ်ပုံလေးတွေကို ချပြလာတဲ့ မိစန္ဒီ
မိတ်ဆွေတို့ရေ မိစန္ဒီကတော့ “ဆုတောင်း ၊ ဈေးဗန်း ၊ ရေခဲရိုက်အပြုံး ၊ မိုနိုပိုလီ”စတဲ့ သီချင်းကောင်းတွေနဲ့ အနုပညာလောကထဲမှာ နေရာတစ်နေရာ ရရှိထားတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အသံဆူးဆူးလေးနဲ့ ပါးဖောင်းဖောင်း မျက်နှာလေးကြောင့် သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေလည်း အများအပြားပဲ ဖြစ်ပါတယ်။ အဆိုတော် မိစန္ဒီက မကြာသေးမီကမှ သူမရဲ့ သတို့သားလောင်းလေးကို
ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ပေးထားတာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း မိစန္ဒီက သတို့သားလောင်းလေးနဲ့အတူ ရိုက်ကူးထားတဲ့ ချစ်စရာ pre-wedding ဓာတ်ပုံလေးတွေကို ပရိသတ်တွေရှေ့
အခုလိုလေး ချပြပေးလာခဲ့ပါတယ်။ “ဘာလို့လဲလို့ လူတွေ မေးကြတယ်။ အဖြေကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ “အရမ်းချစ်မိသွားလို့၊ ပြီးတော့ မခွဲနိုင်တော့လို့။ နောက်တစ်ခုက လောကဓံတွေ၊ အပူအပင်များစွာနဲ့
ဒီလူ့ဘဝကြီးမှာ သူ့အချစ်တွေကြောင့် စိတ်လုံခြုံအေးချမ်းရလို့ပါ။ အဲ့ဒါပါပဲ ဟီး။ မိစန္ဒီ ရဲ့သတို့သားနဲ့ ရိုးရိုးရှင်းရှင်း မြန်မာဝတ်စုံလေးနဲ့ အမှတ်တရရိုက်ဖြစ်တဲ့ pre-wedding ဓါတ်ပုံလေးတွေကိုပရိတ်သတ်ကြီးကို
ဝေမျှခွင့်ပြုပါရှင်။ အမှတ်တရလေးတွေကို လှပစေဖို့ အစစအရာရာ ချစ်ခြင်းမေတ္တာတွေနဲ့ ကူညီပေးကြသူများကို အရမ်းကျေးဇူးတင်ပါတယ်”ဆိုတဲ့ captionလေးနဲ့အတူ သူမတို့နှစ်ဦးရဲ့pre-wedding ဓါတ်ပုံလေးတွေကို
ထုတ်ပြလာတာပဲဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးတွေနဲ့ ကျက်သရေ ရှိရှိလှပနေတဲ့ မိစန္ဒီတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာပုံရိပ်လှလှလေးတွေကို မိတ်ဆွေတို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*