ပြည်သူ့အချစ်တော် ပန်ဆယ်လိုဟာ စ.စ်တပ်အာဏာသ.ိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလကစပြီး ယခုအချိန်ထိ တော်လှ.န်ရေးကြီးမှာ ပြည်သူတွေနဲ့တသားတည်းရပ်တည်ခဲ့သူပါ။ ပြတ်သားတဲ့ ရပ်တည်ချက်၊
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ခိုင်မာတဲ့ ယုံကြည်ချက်တွေနဲ့အတူ သူမ တတ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးကြီးကို အစွမ်းကုန် အားဖြည့်ပေးနေခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်ကြာကာလကိုတောင် ရောက်ရှိလို့လာခဲ့ပါပြီ။
အခုလို တော်လှန်ရေးကြီး အချိန်ကြာညောင်းလာပေမယ့် သူမရဲ့ တော်လှန်ရေးစိတ်ဓာတ်ကတော့ အားလျော့မသွားပဲ ယခုထိတိုင် ထက်သန်နေဆဲ ပို၍ထက်သန်လာဆဲဆိုတာ သူမ လုပ်ဆောင်နေတဲ့
တော်လှန်ရေးထောက်ပံ့လုပ်ငန်းစဉ်တွေကိုကြည့်ရင် သိနိုင်ပါတယ်။ ပန်ဆယ်လိုဟာ သူမရဲ့ ပြတ်သားခိုင်မာတဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့ တော်လှန်ရေးအတွက် ကိုယ်ကျိုးမငဲ့ လုပ်ဆောင်ပေးမှုတွေကြောင့်
ပြည်သူတွေရဲ့မေတ္တာကို ပိုတိုးလို့ ရရှိနေတာပဲဖြစ်ပါတယ်။ တော်လှန်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနေတဲ့ ပန်ဆယ်လိုက ဒီတစ်ခေါက်မှာလဲ သူမ ဦးဆောင်ပြီး ကြိုးပမ်းပေးနေတဲ့ ဒုတိယမြောက်Projectဖြစ်တဲ့
Project NAN HTIKE AUNGဟာ လျာထားချက်ကို ကျော်လွန်အောင်မြင်နိုင်ခဲ့တာကြောင့် သူမအနေနဲ့ အရမ်းဂုဏ်ယူကြောင်း ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ပန်ဆယ်လိုက သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ
“နည်းနည်းဂုဏ်ဆာပါရစေ။ ကိုယ် Runတဲ့ ဒုတိယမြောက် Project ဖြစ်တဲ့ Project NAN HTIKE AUNG ဟာ ပထမProject လိုပဲ လျာထားချက်ကို ကျော်လွန်အောင်မြင်နိုင်ခဲ့ပါပြီ။ ပြည်သူတွေရဲ့ ရုန်းကန်အားထုတ်မှုက
100ရာခိုင်နှုန်းမက 140ရာခိုင်နှုန်းပါတဲ့။ ဒီလိုစိတ်ဓါတ်ခံယူချက်အပြည့်နဲ့ ခက်ခဲနေပါစေ၊ ရုန်းထွက်နေတဲ့ ပြည်သူတွေရဲ့ အင်အားဟာ ဒီတော်လှန်ရေးအောင်မြင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေ ပိုပိုခိုင်မာလာစေခဲ့တာပါပဲ။
Project တောက်လျှောက် ကိုယ်နဲ့အတူ Runပေးခဲ့ကြတဲ့ နန်းထိုက်အောင်စ စ်ဆင်ရေးရဲ့ တာဝန်ရှိသူတွေ၊ ဝိုင်းဝန်းလှုံ့ဆော်ကောက်ခံပေးကြတဲ့ ပြည်တွင်းပြည်ပ OFP Fund Raiserတွေ၊ တစ်ကိုယ်စာ Risk တွေကို ရဲရဲဝံ့ဝံ့ယူပြီး
အသံတိတ်ကူညီပေးခဲ့ကြသူတွေ၊ ပင်ပန်းနေတဲ့ကြားကနေ ယုံကြည်စွာ မျှော်လင့်စွာ ထောက်ပို့ပေးကြတဲ့ ပြည်သူတွေ။ စုပေါင်းအင်အားနဲ့ ဂုဏ်ထူးမှတ်မက၊ အမှတ်ပြည့်မက၊ ကျော်ထွက်တဲ့အထိ အောင်မြင်ခဲ့ပါပြီ။
လူကြ မ်းတွေ လဲရင်ကြိုက်လားလို့ ကြွေးကြော်စခဲ့တဲ့ Project NAN HTIKE AUNG ဟာ အလှည့်ကျ နွဲ့လို့မရဘူးကွာလို့ အဆုံးမှာ ကြွေးကြော်နိုင်ခဲ့ပါပြီ။ ငါတို့ရောက်အောင် လာခဲ့မယ်။ လွတ်လပ်သော မြို့ပြရဲ့ လမ်းမတွေဆီ။”ဆိုပြီး လူကြမ်းတွေ လဲရင်ကြိုက်လားလို့
ကြွေးကြော်စခဲ့တဲ့ Project NAN HTIKE AUNG ဟာ အလှည့်ကျ နွဲ့လို့မရဘူးကွာလို့ အဆုံးမှာ ကြွေးကြော်နိုင်ခဲ့ပြီဖြစ်ကြောင်း ဂုဏ်ယူမဆုံးဖြစ်ကာ မျှဝေပြောပြလာတာပဲဖစ်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply