သူလေးစားချစ်ခင်ရတဲ့ ဒွေးနဲ့ ဦးကျော်ဟိန်းတို့ ကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့မှာ အလှူလေးပြုလုပ်ပေးခဲ့တဲ့ သရုပ်ဆောင်ဇွဲနိုင်ဝင်း

မိတ်ဆွေတို့ရေ ကိုသားကြီးလို့ ပရိသတ်တွေချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ သရုပ်ဆောင်ဒွေးကတော့ ဒီနေ့ ဇူလိုင်လ (၁၁)ရက်နေ့မှာ က ွယ်လွန်ခြင်း(၁၅)နှစ်ပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ဒါ့အပြင် စွယ်စုံရဝါရင့်အနုပညာရှင်ကြီးဖြစ်တဲ့ ဦးကျော်ဟိန်းကွ ယ်လွန်သွားတာလည်း ဒီနေ့မှာဆို (၂)နှစ်ပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ သာသနာ့ဘောင်ကို ဝင်ရောက်နေတဲ့ သရုပ်ဆောင် ဇွဲနိုင်ဝင်းကတော့

ဒီနေ့မှာ က ွယ်လွန်ခြင်း နှစ်ပတ်လည်တွေကျရောက်တဲ့ ဒွေးနဲ့ ဦးကျော်ဟိန်းတို့ အတွက်ရည်စူးပြီးကောင်းမှုတွေပြုလုပ်ခဲ့ကြောင်း “နက်ဖြန် ကိုသားကြီး နှင့် ဦးကျော်တို့အတွက်ရည်စူးပြီး နေ့လည်အဟာရဆွမ်းကို

လှည်းကူးမြို့၊ အမြန်လမ်း (၇)မိုင် (၆)ဖာလုံ ရတနာအောင်မြေကျောင်းတိုက်ရိပ်သာ၌ တရားစခန်း ဝင်နေကြသော သံဃာတော်များ ဆရာလေးများ ယောဂီများ အားလုံးကို ကျွန်တော် အဟာရ မုန့် ဆွမ်းများကို

ဒါနကုသိုလ်ပြု ဆက်ကပ် လှူဒါန်းမည်ဖြစ်ပါသည်။ အစ်ကိုနှင့် ဦးကျော်တို့ သာဓု ခေါ်နိုင်ပါစေ။ နတ်လူ သတ္တဝါများ အားလုံးလည်း မေတ္တာရှေ့ထား မုဒိတာပွားများပြီး သာဓုခေါ်ဆိုနိုင်ကြပါစေလို့ဆုတောင်းပါတယ်ခင်ဗျာ။

သာဓု သာဓု သာဓု ကျေးဇူးရှင်ဆရာသမားများကို ရိုသေ လေးစားချစ်ခင်စွာဖြင့် ဦးဇောတိက (ခ) ဇွဲနိုင်ဝင်း”ဆိုပြီးသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်







Be the first to comment

Leave a Reply

Your email address will not be published.


*