ညီမဖြစ်သူ နိုင်ငံခြားသွားတော့မှာမို့ အမှတ်တရရိုက်ကူးဖြစ်ခဲ့တဲ့ မိသားစုပုံလေးတွကို မျှဝေပေးလာတဲ့ ပိုးမမှီသာ

မိတ်ဆွေတို့ရေ မင်းသမီးချောလေး ပိုးမမှီသာကတော့ ပညာတတ် ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူမ ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို အားစိုက်လုပ်ကိုင်နေတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ကျက်သရေရှိပြီး တည်ငြိမ်တဲ့အလှကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးဖြစ်တာကြောင့် ပုရိသတွေသာမက နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တွေကိုပါ ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။

လက်ရှိမှာတော့ သရုပ်ဆောင်ပိုးမမှီသာက ကြောငြာတွေဆက်တိုက်ရိုက်ကူးနေရတာလည်း တွေ့ရပါတယ်။ ဒီတစ်ခေါက်မှာတော့ ပိုးမမှီသာက သူမရဲ့ မိသားစုပုံရိပ်လေးတွေကိုပရိသတ်တွေကို ချပြလာတာလည်းဖြစ်ပါတယ်။

ပိုးမမှီသာက သူမဘွဲ့ယူတဲ့အခါ မိသားစုအမှတ်တရပုံလေးတွေ စနစ်တကျရိုက်မယ်လို့စိတ်ကူးယဉ်ခဲ့ပေမယ့် အခုတော့ ညီမလေးကျောင်းသွားတက်တော့မယ်ဆိုတဲ့အကြောင်းနဲ့ပဲရိုက်ဖြစ်လိုက်ကြောင်းနဲ့

သူမအတွက် အဖိုးတန်အမှတ်တရမိသားစုပုံရိပ်လေးတွေဖြစ်ကြောင်း မျှဝေထားပါတယ်။ ပိုးမမှီသာက သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ “ကိုယ်ဘွဲ့ယူတဲ့အခါ မိသားစုအမှတ်တရပုံလေးတွေ

စနစ်တကျရိုက်မယ်လို့စိတ်ကူးယဉ်ခဲ့ပေမယ့် အခုတော့ ညီမလေးကျောင်းသွားတက်တော့မယ်ဆိုတဲ့အကြောင်းနဲ့ပဲရိုက်ဖြစ်လိုက်ပါတယ်။ အဖိုးတန်အမှတ်တရ”ဆိုတဲ့ စာသားလေးနဲ့အတူ ချပြလာတာပဲဖြစ်ပါတယ်။

ပိုးမမှီသာတို့ မိသားစုပုံရိပ်လေးတွေကို တွေ့မြင်တဲ့သူတိုင်း သူမတို့မိသားစုရဲ့ ကျက်သရေရှိတင့်တယ်ပုံကို တွေ့မြင်ကြရပါတယ်နော်။ သားအမိသုံးယောက်လုံး ချောမောလှပလိုက်ကြတာ။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်








Be the first to comment

Leave a Reply

Your email address will not be published.


*