ကျနော့်ဆီကို အပတ်စဉ် အလှူငွေ လာထည့်တဲ့ ကလေးတစ်ယောက်ရှိတယ်။ သူထည့်တာ မများပါဘူး မြန်မာငွေ ၃၀၀၀ လောက်တင်ပါ။ စကားစပ်မိတော့ ညီမလေး ဘာလုပ်လဲဆိုတော့ ” မုန့်ကြော်ရောင်းပါတယ် “တဲ့၊
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဆက်ပြောတာက ” အိမ်က အဖေက CDM ၊ စျေးထဲမှာ အခု ကုန်ထမ်းနေပါတယ် သမီးက ၈တန်း Covid ကတည်းက ကျောင်းမတက်ရတာ အခုလည်း သူတို(စကစ) ဖွင့်တဲ့ကျောင်းမှာ မတက်ဘူး အဖေ့ကို သနားလို
တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် အကြော်ယူရောင်းပါတယ်”တဲ့ တစ်ရက် တစ်ရက် မုန့်ကြော်ရောင်းရငွေက မြန်မာငွေ သုံး ထောင် လေးထောင်တော့ ကျန်တယ်တဲ့ ၊ အိမ်စားဖို ဖယ်လိုက်ရင် တစ်ထောင် ငါးရာတော့ သူစုမိပါတယ်တဲ့
အဲဒါလေးစုစုပြီး လာလှူတာပါတဲ့ ကြားရတော့ စိတ်မကောင်း ဖြစ်မိတယ်။ ပြီးတော့ ပြန်သုံးသပ်တယ်။ ဒီ ၈တန်းအရွယ် အကြော်ရောင်းနေတဲ့ကလေးဟာ ဘယ်ဟာက တရားတယ်၊ ဘယ်လို ထောက်ပို လုပ်ရမယ် ဘယ်ဘက်ကရပ်တည်ရမယ်ဆိုတာ
မျက်စေ့မလည်ဘူး ကောင်းကောင်းသိနေတယ်။ အညာမှာ နေပြီး နေ့စဉ်ဘဝကို ချိုတဲ့စွာ ဖြတ်သန်းနေတဲ့ ကလေးတောင် ဒီလောက်သိရင်၊ မြိုပေါ်မှာ bar သွားထိုင်နေတဲ့ သူငယ်ချင်းတွေ၊ တစ်ရက်တစ်ရက် ဘာနဲ့စားပြီး ဘယ်လိုအဆင်ပြေကြောင်း
အလှအပပုံများ တင်နေသော မိတ်ဆွေတွေကို ပြန်ကြည့်မိတော့ နည်းနည်းစဉ်းစားစရာ ဖြစ်မိတယ်။တစ်နပ်စာစားမည့် မာလာရှမ်းကောဖိုးလေးလောက်၊ ဘီ ယာဆိုင်တစ်ခါထိုင်ရင် အမြည်းဖိုးလေးလောက် စေတနာထားရင်
တော်လှန်ရေးဟာ အတော်ခရီးပေါက်ပြီ။ PDF တွေက အမြဲတမ်း ကျ ည်ဆန်လိုပါတယ် အော်ေနတာမကြားကြတာလား၊ ကြားရက်နဲ့ နေစိမ့်ကြတာလား ဆိုတာ စဉ်းစားကြပါ။ မင်းအောင်လှိုင်စစ်တပ်က နို ပ်စက်တော့ ညည်းညူပြတာထက် ၊
သတ္တိရှိစွာ တကယ်ပြန်တို က်နေတဲ့ အဖွဲတွေကို ထောက်ပံ့ဖို ဝေတွေရင်မကောင်းပါဘူး။ နောက်ဆုံးတစ်ချက်ကို ဒိထက်ပိုပြီး ရုန်းကုန်ကြရအောင်ပါ။ ခရက်ဒစ် Nga YE Hlaing Info
Zawgyi code ဖြင့် ဖတ်ရန်
ဆက်ပြောတာက ” အိမ်က အဖေက CDM ၊ ဈေးထဲမှာ အခု ကုန်ထမ်းနေပါတယ် သမီးက ၈တန်း Covid ကတည်းက ကျောင်းမတက်ရတာ အခုလည်း သူတို(စကစ) ဖွင့်တဲ့ကျောင်းမှာ မတက်ဘူး အဖေ့ကို သနားလို
Leave a Reply