အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ ငယ်စဉ်ဘဝ ဆေးကျောင်းသူအဖြစ်နဲ့အမှတ်တရပုံရိပ်လေးများ

အဆိုတော်ဖြူဖြူကျော်သိန်းကတော့ အမိုက်စား အသံပါဝါနဲ့အတူ တေးသီချင်းကောင်းများစွာကိုသီဆိုထားပြီး ပရိတ်သတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

အနုပညာလောကထဲမှာ အခြားသူတွေနဲ့ ကွဲထွက်ပြီး ကိုယ်ပိုင်စတိုင်တစ်ခုကိုပိုင်ဆိုင်ထားတဲ့ဖြူဖြူက ဂီတဖန်တီးမှုပိုင်းမှာသာမက ဖက်ရှင်ပိုင်းမှာလည်း ခေတ်ရှေ့ပြေးသူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို

ရယူပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ကြောင်း မှတ်ယူရင် မမှားလောက်ပါဘူးနော်။ ပရိသတ်အခိုင်အမာနဲ့ရပ်တည်နေတဲ့ သူမဟာ ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့

ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားပြီး တစ်ကိုယ်တော်အခွေတွေလည်း အများကြီးထွက်ရှိထားတာဖြစ်သလို တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေလည်း လုပ်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ သူမက ဗဟုသုတရတဲ့စကားများကို

မကြာခဏဆိုသလိုပြောပြလေ့ရှိပြီး သူမရဲ့လူမှုကွန်ယက်ထက်မှာလဲ ရေးသားဖော်ပြလေ့ရှိပါတယ်၊ ဖြူဖြူကျော်သိန်းက သူမရဲ့ခံစားချက်အချို့ကိုလဲ မကြာမကြာ သူမရဲ့Instagramအကောင့်မှာ

ရေးသားဖော်ပြလေ့ရှိပါသေးတယ်နော်။ ဒီမီုကရေစီအရေး တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်နေတဲ့ ပြည်သူတွေနဲ့အတူ တစ်သားတည်းအပြည့်အဝရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တွေထဲမှာ

အဆိုတော် ဖြူဖြူကျော်သိန်းလည်း အပါအဝင်ဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ဖ မ်းဝရမ်းထုတ်ခြင်း ခံခဲ့ရပါတယ်။ ပရိသတ်တွေ တော်ရုံ မမြင်ဘူးသေးတဲ့ သူမရဲ့ငယ်ဘဝ ဆေးတကျာင်းတက်ခဲ့တဲ့ အချိန်က

ဆေးကျောင်းသူပူံရိပ်လေးတွေနဲ့ ဘွဲ့ဝတ်စုံနဲ့ရိုက်ကူးထားတဲ့ ကျက်သရေရှိလှတဲ့ ဘွဲ့ဓာတ်ပုံလေးတွေကို ပရိသတ်ကြီး ကြည့်ရှုနိုင်စေရန် ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်









Be the first to comment

Leave a Reply

Your email address will not be published.


*