သီလတောင် ရွှေပုပ္ပါးမှာ လိုအပ်နေတဲ့ အလင်းဓာတ်များ အလင်းရစေဖို့ မီးစက်တစ်လုံး လှူဒါန်းကုသိုလ်ပြုခဲ့တဲ့ မြတ်သူသူတို့ ချစ်သူနှစ်ဦး
သရုပ်ဆောင် အဆိုတော် မြတ်သူသူ ကတော့ ဇာတ်လမ်းတွဲတွေ မှာ ပါဝင် သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
မြတ်သူသူက သရုပ်ဆောင်ကောင်း သလို ကျရာဇာတ်ရုပ်အတိုင်း ပီပီပြင်ပြင်သရုပ်ဆောင် နိုင်တာ ကြောင့် တစ်နေ့ထက် တစ်နေ့ လူကြိုက်ပိုများလာခဲ့သူတစ် ယောက်ဖြစ်ပါတယ်။
ပရိသတ်တွေ ကလည်း ချစ်စရာကောင်းပြီး အနုပညာ အရည်အချင်းပြည့်ဝတဲ့ မြတ်သူသူရဲ့ လှုပ်ရှားမှုတိုင်းကို အားပေးနေကြတာပဲဖြစ်ပါတယ်။ မြတ်သူသူဟာဆိုရင် အရွယ်ရောက်ပြီး အမျိုးသမီး တစ်ယောက်ပီပီ
အချစ်ရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ချပြထားတာပဲဖြစ်ပါတယ်နော်။ လက်ရှိမှာတော့ သရုပ်ဆောင်မြတ်သူသူက ကြောငြာတွေရိုတ်ကူးနေသလို live sale တွေလည်းရောင်းချပေးနေတာဖြစ်ပါတယ်။
ဒီနေ့မှာတော့ မြတ်သူသူက ချစ်သူလေးနဲ့အတူ အလှူလေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မြတ်သူသူက အကြိမ်(၇၀)မြောက် ရွှေဘဘအောင်မင်းခေါင်အောင်ပွဲအတွက် လိုအပ်တဲ့ မီးစက်ကိုလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။
တကယ်လိုအပ်နေတဲ့နေရာ အချိန်ကာလမှာ ကုသိုလ်ပြုခွင့်ရတဲ့အတွက် အရမ်းကျေနပ်ဝမ်းသာမိပါတယ် ပြုပြုသမျှကုသလ နတ်လူသာဓုခေါ်ပါစေသော်ဆိုပြီး မြတ်သူသူက အလှူလေးကိုမျှဝေထားတာဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*