
မြန်မာ စစ်လေယာဉ်တစ်စီးသည် ဇွန်လ ၃၀ ရက်နေ့ ထိုင်းလေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့မှု ထိုင်းအစိုးရက စစ်ကောင်စီထံမှ လျှော်ကြေးတောင်းထားကြောင်း
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ထိုင်းကာကွယ်ရေးဒုတိယဝန်ကြီး Chaichan Changmongkolက ပြောဆိုလိုက်သည်။ ဇူလိုင်လ ၈ ရက်နေ့ ထိုင်းလွှတ်တော်တွင် လွှတ်တော်အမတ် Sarawut Phetpanomporn က ထိုင်းနိုင်ငံ နယ်နမိတ်ကို မြန်မာစစ်ကောင်စီက
ကရင်တိုင်းရင်းသားများကို တိုက်ခိုက်ရန် ကျူးကျော်ဝင်ရောက်မှု ရှိ၊ မရှိ မေးမြန်းစဉ် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ထိုသို့ တုံ့ပြန် ဖြေဆိုလိုက်ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်ပို့စ်သတင်းဌာနက သတင်းဖော်ပြသည်။
ထိုင်းအစိုးရအနေဖြင့် ထိုင်း-မြန်မာ နယ်စပ်ကို သေချာစွာ ကင်းလှည့်လျက်ရှိကြောင်း၊ လုံခြုံရေး တိုးမြှင့်ထားပြီး ထိုင်းတော်ဝင် လေတပ်က F-16 တို က် လေယာဉ် ၂ စင်းဖြင့်
ကင်းလှည့်လျက်ရှိကြောင်း ထိုင်းဒုတိယကာကွယ်ရေးဝန်ကြီးက ပြောဆိုသည်။ ထို့ပြင် မြန်မာစစ်ကောင်စီထံသို့ ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ ဖြေ ရှင်းချက်တောင်းသည့် စာပေးပို့ထားပြီး
ကျူးကျော်ဝင်ရောက်မှုအတွက်လည်း လျှော်ကြေးတောင်းခံထားကြောင်း၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကိုလည်း ဆင့်ခေါ်ပြီး ဆွေးနွေးခဲ့ကြောင်း လွှတ်တော်တွင် ထိုင်းဒုတိယ
ကာကွယ်ရေးဝန်ကြီးက ဖြေကြားသွားသည်။ အကြ မ်းဖက်စစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များနှင့် KNU တပ်စခန်းများကို တို က်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ျမန္မာ စစ္ေလယာဥ္တစ္စီးသည္ ဇြန္လ ၃၀ ရက္ေန႕ ထိုင္းေလပိုင္နက္အတြင္း က်ဴးေက်ာ္ဝင္ေရာက္ခဲ့မႈ ထိုင္းအစိုးရက စစ္ေကာင္စီထံမွ ေလွ်ာ္ေၾကးေတာင္းထားေၾကာင္း
ထိုင္းကာကြယ္ေရးဒုတိယဝန္ႀကီး Chaichan Changmongkolက ေျပာဆိုလိုက္သည္။ ဇူလိုင္လ ၈ ရက္ေန႕ ထိုင္းလႊတ္ေတာ္တြင္ လႊတ္ေတာ္အမတ္ Sarawut Phetpanomporn က ထိုင္းနိုင္ငံ နယ္နမိတ္ကို ျမန္မာစစ္ေကာင္စီက
ကရင္တိုင္းရင္းသားမ်ားကို တိုက္ခိုက္ရန္ က်ဴးေက်ာ္ဝင္ေရာက္မႈ ရွိ၊ မရွိ ေမးျမန္းစဥ္ ထိုင္းကာကြယ္ေရးဝန္ႀကီးဌာနက ထိုသို႔ တုံ႕ျပန္ ေျဖဆိုလိုက္ျခင္းျဖစ္သည္ဟု ထိုင္းနိုင္ငံ၊ ဘန္ေကာက္ပို႔စ္သတင္းဌာနက သတင္းေဖာ္ျပသည္။
ထိုင္းအစိုးရအေနျဖင့္ ထိုင္း-ျမန္မာ နယ္စပ္ကို ေသခ်ာစြာ ကင္းလွည့္လ်က္ရွိေၾကာင္း၊ လုံၿခဳံေရး တိုးျမႇင့္ထားၿပီး ထိုင္းေတာ္ဝင္ ေလတပ္က F-16 တို က္ ေလယာဥ္ ၂ စင္းျဖင့္
ကင္းလွည့္လ်က္ရွိေၾကာင္း ထိုင္းဒုတိယကာကြယ္ေရးဝန္ႀကီးက ေျပာဆိုသည္။ ထို႔ျပင္ ျမန္မာစစ္ေကာင္စီထံသို႔ က်ဴးေက်ာ္ဝင္ေရာက္မႈႏွင့္ပတ္သက္၍ ေျဖ ရွင္းခ်က္ေတာင္းသည့္ စာေပးပို႔ထားၿပီး
က်ဴးေက်ာ္ဝင္ေရာက္မႈအတြက္လည္း ေလွ်ာ္ေၾကးေတာင္းခံထားေၾကာင္း၊ ထိုင္းနိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးကိုလည္း ဆင့္ေခၚၿပီး ေဆြးေႏြးခဲ့ေၾကာင္း လႊတ္ေတာ္တြင္ ထိုင္းဒုတိယ
ကာကြယ္ေရးဝန္ႀကီးက ေျဖၾကားသြားသည္။ အၾက မ္းဖက္စစ္ေကာင္စီက ထိုင္း-ျမန္မာနယ္စပ္တြင္ ျပည္သူ႕ကာကြယ္ေရးတပ္မေတာ္ PDF မ်ားႏွင့္ KNU တပ္စခန္းမ်ားကို တို က္ခိုက္မႈမ်ား ဆက္တိုက္ လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရွိရသည္။ ခရက္ဒစ္
Leave a Reply