သူမ လေးစားချစ်ခင်ရတဲ့သူဆီကနေ ကားတစ်စီး လက်ဆောင်ရခဲ့တာကြောင့် ဝမ်းသာမျက်ရည်ကျရတယ်ဆိုတဲ့ အလှမယ် သင်းသင်း

မိတ်ဆွေတို့ရေ အလှမယ်သင်းသင်းကတော့အမိုက်စားခန္ဓာကကိုယ်နဲ့ ဆွဲဆောင်မှုရှိပြီး မိဘအပေါ်သိတတ်ကာ ပွင့်လင်းရဲရင့်တဲ့စိတ်ဓါတ်ကြောင့် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

အလှမယ်တစ်ဦးပဲဖြစ်ပါတယ်နော်။ အမြဲလိုလိုအနှိမ်ခံအပြောခံရပြီး အသိုင်းအဝိုင်းကမရှိ ပိုက်ဆံကမချမ်းသာတော့ လူတွေက သူမအပေါ်ကို အထင်သေးကြတဲ့အကြောင်း၊ ရူတင်သွားတိုင်း သူမမှာ ကိုယ်ပိုင်ကားမရှိတော့

ကားရှိတဲ့သူနောက် လိုက်ခဲ့ရတဲ့အကြောင်း သင်းသင်းက ရင်ဖွင့်လာခဲ့ပြီး အခု သူမအတွက် သွားရလာရတာအဆင်ပြေဖို့ အလုပ်ရှင်အမတစ်ဦးက ကားလေးတစ်စီးဝယ်ပေးတာကြောင့် အရမ်းပျော်ရွှင်ပြီး ကျေးဇူးတင်ကြောင်း

အခုလို ရေးသားဖော်ပြလာပါတယ်။ အလှမယ် သင်းသင်းက သူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ “သင်းသင်းဆို အမြဲလိုလိုအနှိမ်ခံအပြောခံရပါတယ် အသိုင်းအဝိုင်းကမရှိ ပိုက်ဆံကမချမ်းသာတော့

တောက်တောက်ပြောင်ပြောင် ဝတ်စားနေရင်တောင် ကိုယ့်အတွေးနဲ့ကိုယ် သင်းအပေါ်ကို အထင်သေးကြတယ်။ ဟိုအရင်ကတိုင်း ရူတင်သွားလို့ ကိုယ့်ကကားမရှိတော့ ကားရှိတဲ့သူနောက် လိုက်ခဲ့ရပါတယ်

သင်းဆိုတာနဲ့ အွန်လိုင်ပေါ်မှာ ပြောသူများပြီလေ။ ကျွန်မက အမြဲတမ်း ကျွန်မအတွက်အဓိကဘာမှမထားပါဘူး ကျွန်မကိုအားကိုနေတဲ့ မိဘမွေးချင်းအတွက် ပြည့်စုံချင်တာပဲသိတယ် အခုသင်းအတွက်

သွားရလာရတာအဆင်ပြေဖို့ ကားလေးတစ်စီး ဝယ်ပေးတဲ့ မမ ကျေးဇူးအများကြီးတင်တာထက် ပြောစရာစကားလုံးမရှိအောင်ပါပဲ ဘယ်တော့မှလဲ ကျေးဇူးမမေ့ပါဘူး မမတို့မိသားစုကို အခြားအနုပညာရှင်တွေ

အများကြီးထဲကမှ သင်းကိုမှ ရွေးချယ်ပြီး အလုပ်လေးအပ်ပေးခဲ့တာကိုလဲ ဘယ်တော့မှမမေ့ပါဘူးမမ သင်း အရမ်းပျော်လွန်းလို့မျက်ရည်ပါကျမိပါတယ် မမကိုယ်တိုင် လိုက်ဝယ်ပေးထားတဲ့ ကားလေးနဲ့”ဆိုပြီး

ကားနဲ့အတူ ရိုက်ထားတဲ့ပုံလေးတွေကိုတင်aပးလာတာပဲဖြစ်ပါတယ်။ မိတ်ဆွေတို့လည်း အလှမယ်သင်းသင်းအတွက် ဝမ်းသာဂုဏ်ယူကြောင်း အားပေးစကားလေးပြောသွားပေးခဲ့ပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်










Be the first to comment

Leave a Reply

Your email address will not be published.


*