မိတ်ဆွေတို့ရေ ကမ္ဘာကျော်အဆိုတော် ဂျက်စတင်ဘီဘာနဲ့ ရုပ်ချင်းဆင်တာကြောင့် ပရိသတ်တွေကြား မြန်မာဂျက်စတင်ဘီဘာဆိုပြီး လူသိများကျော်ကြားလာပြီး နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းကို
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်) Videoကို အောက်ဆုံးတွင် ဖော်ပြထားသည်။ Videoကို အောက်ဆုံးတွင် ဖော်ပြထားသည်။
ရရှိထားသူကတော့ မော်ဒယ်သရုပ်ဆောင် ဟိန်းမင်းသူပဲဖြစ်ပါတယ်။ ယောကျ်ားပီသတဲ့ တောင့်တင်းကျစ်လစ်တဲ့ ခန္ဓာကိုယ်အချိူးအစား၊ ဖြူဖွေးချောမွေ့တဲ့အသားအရည်နဲ့ ချောမောပြေပြစ်တဲ့မျက်နှာကို ပိုင်ဆိုင်ထားတဲ့
ဟိန်းမင်းသူကိုတော့ တော်တော်များများ နှစ်သက်ကြမှာပါ။ မင်းသားချော ဟိန်းမင်းသူကိုတော့ ကြော်ငြာတွေနဲ့ သီချင်းဗွီဒီယိုတော်တော်များများမှာ တွေ့မြင်ရပြီး “တို့ မမနဲ့ တို့”ဆိုတဲ့ အမ်မာတီဗွီ4 ရုပ်သံဇာတ်လမ်းတွဲမှာ
ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ပီပြင်လွန်းတဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့အားပေးဝန်ရံခြင်းကို ပိုမိုရရှိပိုင်ဆိုင်နိုင်ခဲ့ပါတယ်နော်။ မင်းသားချော ဟိန်းမင်းသူက အနုပညာအလုပ်တွေကို
ဆက်တိုက်လုပ်ကိုင်နေပြီး သူချစ်ရတဲ့မိသားစုဝင်တွေကိုလည်း ဂရုစိုက်ဖို့ မမေ့လျော့သူတစ်ယောက်လည်းဖြစ်ပါတယ်။မိဘအပေါ်သိတတ်လိမ္မာလွန်းတဲ့ ဟိန်းမင်းသူက မနေ့ကဆိုရင်လည်း သူ့ရဲ့မိခင်ကြီးကို
Surpriseလုပ်ခဲ့တဲ့ ကြည်နူးဖွယ်ဗီဒိယိုလေးတစ်ခုကို လူမှုကွန်ယက်ပေါ် တင်ပေးလာတာကို တွေ့ရပါတယ်။ ဖုန်းဟောင်းလေးပဲကိုင်နေရတဲ့ မိခင်ဖြစ်သူကို မထင်မှတ်လောက်တဲ့ တန်ဖိုးကြီးiphone တစ်လုံး
လက်ဆောင်ပေးခဲ့တာကို တွေ့ရပါတယ်။ မင်းသားချောဟိန်းမင်းသူ သူ့ရဲ့မိခင်ကြီးကို ဘယ်လိုပုံစံနဲ့ surpriseတိုက်ခဲ့သလဲဆိုတာကို ပရိသတ်ကြီးအတွက် ဗွီဒီယိုဖိုင်လေး တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
မိဘအပေါ်သိတတ်တဲ့ မင်းသားချော ဟိန်းမင်းသူရဲ့ Surpriseဗီဒီယိုလေးကို ကြည့်ပြီး မိတ်ဆွေတို့လည်း ကြည်နူးပီတိဖြစ်ပြီး အပျော်တွေကူးစက်မယ်လို့ထင်ပါတယ်နော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply