
မိတ်ဆွေတို့ရေ နိုင်ငံကျော်မိတ်ကပ်ပညာရှင် ညီညီမောင် (စမ်းချောင်း)ကတော့ မိတ်ကပ်လောကမှာ ပြိုင်စံရှားသူတစ်ဦးဖြစ်ပါတယ်။ နိုင်ငံကျော် မင်းသားမင်းသမီးတွေရဲ့ ပင်တိုင် မိတ်ကပ်ဆရာတစ်ဦးဖြစ်တဲ့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ညီညီမောင် (စမ်းချောင်း)ရဲ့လက်ရာတွေက သေသပ်လှပလွန်းပြီး စေတနာပါပါနဲ့ ပြင်ဆင်ခြယ်သပေးမှုတွေကြောင့် အမျိုးသမီးထုကြားမှာ နာမည်အလွန်ကျော်ကြားပါတယ်။ အမြဲပျော်ပျော်နေတတ်တဲ့ ညီညီမောင်(စမ်းချောင်း)ကို
ပရိသတ်တွေက ချစ်စနိုးနဲ့ သုသုလို့လည်းခေါ်ကြပါသေးတယ်နော်။ သုသုက အနုပညာလောကမှာပါ အောင်မြင်နေတဲ့ မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေလည်းရိုက်ကူးဖြစ်ခဲ့ပါသေးတယ်။
လတ်တလောမှာတော့ သုသုက ရုပ်ရှင်ရိုက်ကူးမှုတွေ ရပ်နားထားပြီး သူ့ရဲ့ professionalအလုပ်ဖြစ်တဲ့ မိတ်ကပ်ပညာရပ်နဲ့သာ အသက်မွေးဝမ်းကြောင်းပြုနေခဲ့ကာ အမြဲလိုလို သူ့ရဲ့ချွေးနည်းစာငွေတွေနဲ့
ကောင်းမှုတွေပြုလုပ်ကာ ဘဝကို အေးချမ်းစွာဖြတ်သန်းနေခဲ့ပါတယ်။ ယမန်နေ့ကလည်း သုသုက ဝါဆိုသင်္ကန်းကပ်အလှူလေးပြုလုပ်ခဲ့ကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ “မိတ်ကပ် ညီညီမောင် (စမ်းချောင်း)မိသားစု
ဝါဆိုသင်္ကန်းကပ် အလှူ မြင်သမျှ ကြားသမျှ ကုသိုလ် အမျှရကျပါစေ ရွှေပု ထောပတ်ထမင်းမှ မြန်မာထမင်းဟင်းစုံ မှာကျွေးတာလိုလေသေးမရှိ အကုန်ပြင်ဆင်ပေး အရသာရှိလို့ ကျေးဇူးပါနော်။
QueenThuThu”ဆိုတဲ့စာသားလေးနဲ့အတူ လှူဒါန်းမှုပုံရိပ်လေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။ မိတ်ဆွေတို့ရေ မိတ်ကပ် သုသုရဲ့ ဝါဆိုသင်္ကန်းကပ်အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply