
စိတ်တွေလည်းညစ်ရတယ်။ ကျောက်မျက်ရတနာဆိုတာ အသားက ဖန်သားမှန်သားလိုကြည်နေမှ၊ အစင်း အမျှင် အရေးအကြောင်း အမြှုပ် အဆံ ဂေါ် အပြစ် တွင်းပြစ် ခေါစာ ကင်းမှ တန်တယ်ဆိုတာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ကျောက်မျက်လုပ်ငန်းနှီးနွယ်တဲ့လောကထဲက သူတိုင်း သိကြတယ်။ ပတ္တမြားဆိုတာ မီးနဲ့တော့ သွားထိုးမကြည့်နဲ့၊ ဓာတ်မီးကအလင်း ပတ္တမြားထဲဖြတ်သန်းတဲ့အခါ အလင်းရဲ့အရောင်ခုနှစ်မျိုးထဲက အနီရောင်ကိုပဲ စစ်ထုတ်ပြီး တောက်ပတတ်တာ ပတ္တမြားရဲ့ဂုဏ်သတ္တိ။
ပြီးတော့ ဓာတ်မီးရောင်ထဲက မျက်စိနဲ့မမြင်ရတဲ့ ခရမ်းလွန်ရောင်ခြည်ကို ပတ္တမြားထဲဖြတ်ခိုင်းတဲ့အခါ ပတ္တမြားရဲ့ ဖွဲ့စည်းပုံထဲက trace element ဖြစ်တဲ့ စိုးစဉ်းပါဝင်နေတဲ့ chromium ဒြပ်စင်က မြင်ရတဲ့အနီရောင်အလင်းအဖြစ်တောက်ပစေပါတယ်။ ဒီတော့ ပတ္တမြားဆိုတာ
အနီတကာ့အနီထဲမှာ အနီဆုံးအရောင်တောက်နေရတာဖြစ်တယ်။ LASER လေဆာအလင်းဆိုတာ ပတ္တမြားကိုဖြတ်သန်းပြီးမှ ရရှိတာဖြစ်တယ်။ တကယ်တန်းက နီဝါရဲ နီပြာရဲစူးစူးအရည်တွေက တကယ်ရှားတာပါ။ ခိုသွေး ယုန်သွေး ငရှဉ့်သွေး အရည်ကူး
ကြက်လည်သီးရည် ဆိုတဲ့အရည်တွေက တကယ်ကိုရှားပါတယ်။ စျေးကလည်း ၃၁ ဘုံမှာအမြင့်ဆုံးရောက်နေတာ။ ရတနာတန်းဝင်တွေကို ပြောတာနော်၊ ပိတ်ပိတ်ကြီးတွေကို ပြောတာမဟုတ်ဘူး။ အပြင်စျေးကွက်ထဲမှာက ပန်းဖျော့ ပန်းရဲ ခရမ်းရဲတွေပဲပေါတာ။
ဒါတောင် ပတ္တမြားရဲ့သတ္တိက ကာလာသိပ်စူး သိပ်တောက်ပါတယ်။ အခုခေတ်မှာ ချက်ကျောက်ပတ္တမြားတွေက အရမ်းပေါတော့ လေဆာကို ချက်ကျောက်ပတ္တမြားနဲ့ပဲထုတ်ကြတော့တယ်။ သဘာဝကစျေးကြီးတာကိုး။ ပြောချင်တာက ပတ္တမြားအတုံးအခဲပိတ်ပိတ်ကြီးကို
မီးနဲ့သွားထိုးမိရင်လည်း အနည်းနဲ့အများ နီရဲစူးပြီးတောက်လာမှာဖြစ်တယ်။ အခု ဒါကြီးက အပေါ်မီး အောက်မီး စပါယ်ရှယ်ထိုးတာတောင် မီးထိုးမပေါက်တာဆိုတော့ ပြောစရာစကားကိုမရှိတော့တာ။ ကိုယ်ဆိုရင် ပတ္တမြားပိတ်ပိတ်ကြီးတွေ
လက်သီးဆုပ်လောက် အတုံးကြီးတွေများ တွေ့ရတာများလွန်းလို့ ရေတောင်မရေနိုင်၊ မှတ်ကိုမမှတ်မိ၊ နီလာတုံးကြီးတွေဆို ဓာတ်ဘူးလောက်ထိရှိတယ်။ ခက်တာက ပတ္တမြားအစစ်၊ နီလာအစစ်တော့ ဟုတ်တယ်။ ဘာမှကိုသုံးစားလို့မရတာပဲ။ အဲ့လောက်အကြီးကြီး ပိတ်ပိတ်ကြီး
လုံးချောသွေးတောင် တွင်းပြစ်တွေ၊ အနာတွေ မွစာကျဲနေတာ ဘာမှကိုသုံးလို့မရတာ။ မှတ်စာပုံတွေထဲမှာဆိုလည်း ပေါချက်၊ မိုးကုတ်က လူတိုင်းသိကြတယ်။ မြန်မာမှာ ဒီလိုပတ္တမြားနဲ့ နီလာ ပိတ်ပိတ်အတုံးကြီးတွေကို အပူတောလို့ခေါ်တဲ့ သပိတ်ကျင်းတဝိုက်နဲ့
တွင်းငယ်၊ မလယ်၊ စပ္ပါယ်နဂိုနားထိထွက်တယ်။ အများကြီးကိုထွက်တာ။ တစ်ခါက ရန်ကုန်မှာ ပြည်တန်ပတ္တမြားပြမယ်ဆိုပြီး မနည်းချိန်းယူရတယ်။ သွားတော့ အပေါက်မှာ လူအစောင့်နဲ့ ဘာနဲ့။ အထဲရောက်တော့ ကတ္တီပါအိတ်ရှုံ့လေးနဲ့ ခို းကြောင်ခို းဝှက်ပြတယ်။
ပြတဲ့သူက တအားကြောက်နေတာ။ သူ့ဟာ လုပြေးမှာ သူခိုးဓားပြသိမှာ ကြောက်တာတဲ့။ ပြပါခင်ဗျာ ဆိုတော့ ပြတော့ အခုလိုအပူတောကျောက်ကြီး။ ဖယောင်းတိုင်အနီတွေ အရည်ပျော်တဲ့ အခဲလိုလို ကာဘော်လစ်ဆပ်ပြာလိုလို။ တန်လားဆိုတော့ စိတ်ထဲ ဆယ်သိန်းတောင်မထင်။
ခမျာက ပြည်တန်ပတ္တမြား တန်ဖိုးဖြတ်မရဆိုပဲ။ ကိုင်တာတောင် အမြန်ကြည့်ပြီး ပြန်ပေးလိုက်ရတယ်။ တော်ကြာလက်ထဲမှာ ပဲ့ကျမှ အလကားနေရင်း ထီပေါက်နေမစိုးလို့။ ဟုတ်ကဲ့ပါ၊ ကျွန်တော် ဒီလိုကျောက်ကြီးမျိုး စျေးမဖြတ်တတ်၊ မလုပ်တတ်လို့ သင့်တော်တဲ့သူနဲ့ပြပြီး
တိုင်ပင်ပါခင်ဗျာဆိုပြီး အသာထွက်လာရတယ်။ ကိုယ်က ညာမှမပြောတာ ၊သူ့ဟာက ကျောက်ကြီးလေ၊ ဒါပေမယ့်ကျောက်ကြီးတိုင်း ကျောက်ကောင်းမဟုတ်တဲ့အကြောင်းတော့ မပြောပါဘူး။ တော်ကြာသူ့ဟာကြီး ဘာမှမတန်ဘူးပြောချလိုက်ရင်
သူပဲတက်သွားမလား ကိုယ်ပဲ ဒ-ါ းနဲ့လို က်ခံရမလားမသိလို့။ အာဖရိကတိုက်ကထွက်တဲ့ ပတ္တမြားကတော့ အခုလိုပိတ်ပိတ်ကြီးတွေများ ဆိုဒ်ကြီးချက်၊ တစ်တုံးတစ်တုံးကို ပေါင်မုန့်တုံးလောက်ရှိတာ။ ဒီလောက်ကြီးနေလည်း စျေးကအရမ်းပေါ။ ပန်းပုထုတဲ့သူတွေကတော့ ဝယ်ကြတာပဲ။
ကျောက်မျက်ဆိုတာ ရတနာတန်းဝင်အဆင့်နဲ့ ရတနာတန်းမဝင်အဆင့်ဆိုပြီးခွဲရတယ်။ မြန်မာမှာ မခွဲကြလို့ ဥပဒေကိုက အမှားကြီးမှားနေတာ။ နောက်မှ ဒါကိုသပ်သပ်ရေးမယ်။ အခုလည်း ဘယ်သူဂျင်းဆနွင်းမိဿလင်ထည့်လိုက်တယ်မသိ။ ကိုယ်တော့ ဒီသတင်းဖတ်မိပြီး ရှက်လွန်းလို့။crd (Aung Kyaw Thu)
Zawgyi code ဖြင့် ဖတ်ရန်
စိတ္ေတြလည္းညစ္ရတယ္။ ေက်ာက္မ်က္ရတနာဆိုတာ အသားက ဖန္သားမွန္သားလိုၾကည္ေနမွ၊ အစင္း အမွ်င္ အေရးအေၾကာင္း အျမႇုပ္ အဆံ ေဂၚ အျပစ္ တြင္းျပစ္ ေခါစာ ကင္းမွ တန္တယ္ဆိုတာ
ေက်ာက္မ်က္လုပ္ငန္းႏွီးႏြယ္တဲ့ေလာကထဲက သူတိုင္း သိၾကတယ္။ ပတၱျမားဆိုတာ မီးနဲ႕ေတာ့ သြားထိုးမၾကည့္နဲ႕၊ ဓာတ္မီးကအလင္း ပတၱျမားထဲျဖတ္သန္းတဲ့အခါ အလင္းရဲ႕အေရာင္ခုႏွစ္မ်ိဳးထဲက အနီေရာင္ကိုပဲ စစ္ထုတ္ၿပီး ေတာက္ပတတ္တာ ပတၱျမားရဲ႕ဂုဏ္သတၱိ။
ၿပီးေတာ့ ဓာတ္မီးေရာင္ထဲက မ်က္စိနဲ႕မျမင္ရတဲ့ ခရမ္းလြန္ေရာင္ျခည္ကို ပတၱျမားထဲျဖတ္ခိုင္းတဲ့အခါ ပတၱျမားရဲ႕ ဖြဲ႕စည္းပုံထဲက trace element ျဖစ္တဲ့ စိုးစဥ္းပါဝင္ေနတဲ့ chromium ျဒပ္စင္က ျမင္ရတဲ့အနီေရာင္အလင္းအျဖစ္ေတာက္ပေစပါတယ္။ ဒီေတာ့ ပတၱျမားဆိုတာ
အနီတကာ့အနီထဲမွာ အနီဆုံးအေရာင္ေတာက္ေနရတာျဖစ္တယ္။ LASER ေလဆာအလင္းဆိုတာ ပတၱျမားကိုျဖတ္သန္းၿပီးမွ ရရွိတာျဖစ္တယ္။ တကယ္တန္းက နီဝါရဲ နီျပာရဲစူးစူးအရည္ေတြက တကယ္ရွားတာပါ။ ခိုေသြး ယုန္ေသြး ငရွဉ့္ေသြး အရည္ကူး
ၾကက္လည္သီးရည္ ဆိုတဲ့အရည္ေတြက တကယ္ကိုရွားပါတယ္။ ေစ်းကလည္း ၃၁ ဘုံမွာအျမင့္ဆုံးေရာက္ေနတာ။ ရတနာတန္းဝင္ေတြကို ေျပာတာေနာ္၊ ပိတ္ပိတ္ႀကီးေတြကို ေျပာတာမဟုတ္ဘူး။ အျပင္ေစ်းကြက္ထဲမွာက ပန္းေဖ်ာ့ ပန္းရဲ ခရမ္းရဲေတြပဲေပါတာ။
ဒါေတာင္ ပတၱျမားရဲ႕သတၱိက ကာလာသိပ္စူး သိပ္ေတာက္ပါတယ္။ အခုေခတ္မွာ ခ်က္ေက်ာက္ပတၱျမားေတြက အရမ္းေပါေတာ့ ေလဆာကို ခ်က္ေက်ာက္ပတၱျမားနဲ႕ပဲထုတ္ၾကေတာ့တယ္။ သဘာဝကေစ်းႀကီးတာကိုး။ ေျပာခ်င္တာက ပတၱျမားအတုံးအခဲပိတ္ပိတ္ႀကီးကို
မီးနဲ႕သြားထိုးမိရင္လည္း အနည္းနဲ႕အမ်ား နီရဲစူးၿပီးေတာက္လာမွာျဖစ္တယ္။ အခု ဒါႀကီးက အေပၚမီး ေအာက္မီး စပါယ္ရွယ္ထိုးတာေတာင္ မီးထိုးမေပါက္တာဆိုေတာ့ ေျပာစရာစကားကိုမရွိေတာ့တာ။ ကိုယ္ဆိုရင္ ပတၱျမားပိတ္ပိတ္ႀကီးေတြ
လက္သီးဆုပ္ေလာက္ အတုံးႀကီးေတြမ်ား ေတြ႕ရတာမ်ားလြန္းလို႔ ေရေတာင္မေရနိုင္၊ မွတ္ကိုမမွတ္မိ၊ နီလာတုံးႀကီးေတြဆို ဓာတ္ဘူးေလာက္ထိရွိတယ္။ ခက္တာက ပတၱျမားအစစ္၊ နီလာအစစ္ေတာ့ ဟုတ္တယ္။ ဘာမွကိုသုံးစားလို႔မရတာပဲ။ အဲ့ေလာက္အႀကီးႀကီး ပိတ္ပိတ္ႀကီး
လုံးေခ်ာေသြးေတာင္ တြင္းျပစ္ေတြ၊ အနာေတြ မြစာက်ဲေနတာ ဘာမွကိုသုံးလို႔မရတာ။ မွတ္စာပုံေတြထဲမွာဆိုလည္း ေပါခ်က္၊ မိုးကုတ္က လူတိုင္းသိၾကတယ္။ ျမန္မာမွာ ဒီလိုပတၱျမားနဲ႕ နီလာ ပိတ္ပိတ္အတုံးႀကီးေတြကို အပူေတာလို႔ေခၚတဲ့ သပိတ္က်င္းတဝိုက္နဲ႕
တြင္းငယ္၊ မလယ္၊ စပၸါယ္နဂိုနားထိထြက္တယ္။ အမ်ားႀကီးကိုထြက္တာ။ တစ္ခါက ရန္ကုန္မွာ ျပည္တန္ပတၱျမားျပမယ္ဆိုၿပီး မနည္းခ်ိန္းယူရတယ္။ သြားေတာ့ အေပါက္မွာ လူအေစာင့္နဲ႕ ဘာနဲ႕။ အထဲေရာက္ေတာ့ ကတၱီပါအိတ္ရႈံ႕ေလးနဲ႕ ခို းေၾကာင္ခို းဝွက္ျပတယ္။
ျပတဲ့သူက တအားေၾကာက္ေနတာ။ သူ႕ဟာ လုေျပးမွာ သူခိုးဓားျပသိမွာ ေၾကာက္တာတဲ့။ ျပပါခင္ဗ်ာ ဆိုေတာ့ ျပေတာ့ အခုလိုအပူေတာေက်ာက္ႀကီး။ ဖေယာင္းတိုင္အနီေတြ အရည္ေပ်ာ္တဲ့ အခဲလိုလို ကာေဘာ္လစ္ဆပ္ျပာလိုလို။ တန္လားဆိုေတာ့ စိတ္ထဲ ဆယ္သိန္းေတာင္မထင္။
ခမ်ာက ျပည္တန္ပတၱျမား တန္ဖိုးျဖတ္မရဆိုပဲ။ ကိုင္တာေတာင္ အျမန္ၾကည့္ၿပီး ျပန္ေပးလိုက္ရတယ္။ ေတာ္ၾကာလက္ထဲမွာ ပဲ့က်မွ အလကားေနရင္း ထီေပါက္ေနမစိုးလို႔။ ဟုတ္ကဲ့ပါ၊ ကြၽန္ေတာ္ ဒီလိုေက်ာက္ႀကီးမ်ိဳး ေစ်းမျဖတ္တတ္၊ မလုပ္တတ္လို႔ သင့္ေတာ္တဲ့သူနဲ႕ျပၿပီး
တိုင္ပင္ပါခင္ဗ်ာဆိုၿပီး အသာထြက္လာရတယ္။ ကိုယ္က ညာမွမေျပာတာ ၊သူ႕ဟာက ေက်ာက္ႀကီးေလ၊ ဒါေပမယ့္ေက်ာက္ႀကီးတိုင္း ေက်ာက္ေကာင္းမဟုတ္တဲ့အေၾကာင္းေတာ့ မေျပာပါဘူး။ ေတာ္ၾကာသူ႕ဟာႀကီး ဘာမွမတန္ဘူးေျပာခ်လိဳက္ရင္
သူပဲတက္သြားမလား ကိုယ္ပဲ ဒ-ါ းနဲ႕လို က္ခံရမလားမသိလို႔။ အာဖရိကတိုက္ကထြက္တဲ့ ပတၱျမားကေတာ့ အခုလိုပိတ္ပိတ္ႀကီးေတြမ်ား ဆိုဒ္ႀကီးခ်က္၊ တစ္တုံးတစ္တုံးကို ေပါင္မုန႔္တုံးေလာက္ရွိတာ။ ဒီေလာက္ႀကီးေနလည္း ေစ်းကအရမ္းေပါ။ ပန္းပုထုတဲ့သူေတြကေတာ့ ဝယ္ၾကတာပဲ။
ေက်ာက္မ်က္ဆိုတာ ရတနာတန္းဝင္အဆင့္နဲ႕ ရတနာတန္းမဝင္အဆင့္ဆိုၿပီးခြဲရတယ္။ ျမန္မာမွာ မခြဲၾကလို႔ ဥပေဒကိုက အမွားႀကီးမွားေနတာ။ ေနာက္မွ ဒါကိုသပ္သပ္ေရးမယ္။ အခုလည္း ဘယ္သူဂ်င္းဆႏြင္းမိႆလင္ထည့္လိုက္တယ္မသိ။ ကိုယ္ေတာ့ ဒီသတင္းဖတ္မိၿပီး ရွက္လြန္းလို႔။crd (Aung Kyaw Thu)
Leave a Reply