သူမရဲ့မွေးနေ့မှာ သံဃာ အပါး တစ်ရာကျော်အား ဝတ္ထု သင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ ကုသိုလ်ပြုခဲ့တဲ့ စမိုင်းလ်
မိတ်ဆွေတို့ရေ စမိုင်းလ်ကတော့ တစ်ခေတ်တစ်ခါက သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့ အနုပညာလောကမှအောင်မြင်မှုတွေရရှိခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာလောကကနေ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အချိန်တော်တော်ကြာပျောက်ကွယ်သွားခဲ့ပြီး မကြာသေးခင် နှစ်ပိုင်းတွေကမှ ပရိသတ်တွေရဲ့ ရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ သူလည်းဖြစ်ပါတယ်။ စမိုင်းလ်တို့မိသားစုက အရမ်းချမ်းသာပြီး
အလှူအတန်းရက်ရောလွန်းကာ အလှူကြီးအတန်းကြီးတွေကို မကြာခဏဆိုသလိုပြုလုပ်လေ့ရှိတာကြောင့် ပရိသတ်တွေက ချီးကျူးအားကျ လေးစားနေရတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သရုပ်ဆောင်စမိုင်းလ်ကတော့
ယမန်နေ့ သူ့ရဲ့(၃၈)နှစ်ပြည့်မွေးနေ့မှာလည်း မွေးနေ့အလှူအနေနဲ့ ရှင်အပါး(၁၀၈)ပါး ရှင်ပြုရဟန်းခံအလှူကြီးပြုကို အောင်ဇမ္ဗူကျောင်းမှာပြုလုပ်ခဲ့ပါတယ်။ ရှင်အပါး (၁၀၈)ပါးရှင်ပြုအလှူကြီးနဲ့အတူ
ဝတ္ထု သင်္ကန်း နှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းတဲ့အလှူကိုလည်းပြုလုပ်ခဲ့ပြီး အောင်ဇမ္ဗူကျောင်းသို့လာရောက်သောဘုရားဖူးများအတွက် ကြာဇံကြော် စတုဒီသာအလှူကြီးလည်းပေးခဲ့ပါသေးတယ်။ အခုလို လှူဒါန်းမှုနဲ့ပတ်သက်ပြီး
စမိုင်းလ်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ “ကျမရဲ့မွေးနေ့ကုသိုလ်အလှူ သံဃာ ၁၀၈ပါး ဝတ္ထု သင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း။ အောင်ဇမ္ဗူကျောင်းသို့ လာရောက်သော ဘုရားဖူးများအတွက်
ကြာဇံကြော် စတုဒီသာအလှူ”ဆိုတဲ့ captionလေးနဲ့အတူ ပုံရိပ်တချို့ကို မျှဝေဖော်ပြလာတာပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ရေ စမိုင်းလ်ရဲ့ မွေးနေ့အလှူကတော့ တကယ်မွန်မြတ်လှပါတယ်နော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*